#Daily_News
Published 18 December 2025
၁။ ငွေတုထုတ်လုပ်အသုံးပြုသူများကို ထောင်ဒဏ်နှစ်(၂၀)အထိချမှတ်နိုင်ကြောင်းဗဟိုဘဏ်ထုတ်ပြန်
၂။ ပြည်တွင်းထုတ် ဆီများဈေးရောင်းပွဲတော်ကျင်းပနေ
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမည်
၄။ တရုတ်ပြည်ထုတ်မောင်းသူမဲ့CH-7လေယာဉ် ပထမဆုံးပျံသန်းမှုအောင်မြင်စွာပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 18 December 2025
■ ဩစတြေးလျမှာ အဆိုးရွားဆုံး ပစ်ခတ်မှုကြီး ဖြစ်ပွားပြီးနောက် အမုန်းစကားများ ပြောဆိုခြင်းကို နှိမ်နင်းသွားဖို့ ပြုပြင်ပြောင်းလဲရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်သိုနီအယ်ဘေးနိစ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
■ တနင်္ဂနွေနေ့က ဆစ်ဒနီရဲ့ နာမည်ကျော် ဘွန်ဒီကမ်းခြေမှာ လူအများပျော်ရွှင်နေကြချိန် သားအဖနှစ်ဦးက သေနတ်ပစ်ခတ်ခဲ့ကြသဖြင့် ၁၅ ဦးသေဆုံးခဲ့ပါတယ်။
■ အမုန်းစကားတွေ၊ အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်လုပ်သူတွေ တရားစွဲဆိုနိုင်စေပြီး မုန်းတီးရေးပြောကြားတဲ့ အဖွဲ့အစည်းများကို ပစ်မှတ်ထားနိုင်မယ့် ဥပဒေတွေ ပြဌာန်းသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
■ ဒီလို ဆိုးရွားတဲ့ လုပ်ရပ်တွေကို တိုက်ဖျက်ဖို့ ကြိုးစားသွားရမယ်လို့ ပြောသွားပါတယ်။
■ တိုက်ခိုက်မှုတရားခံ အသက် ၅၀ အရွယ် ဆာဂျစ်အာခရမ်က ရဲတွေနဲ့ ပစ်ခတ်ရာမှာ သေဆုံးခဲ့ပြီး သားဖြစ်သူ အသက် ၂၄ နှစ်ရှိ နာဗိကတော့ ပြစ်မှု ၅၉ ခုဖြင့် တရားစွဲဆိုခံထားရပါတယ်။
■ အခင်းဖြစ်ပွားရာ နယူးဆောက်ဝေးလ်စ်ခေါင်းဆောင်က သေနတ်ဥပဒေပြုပြင်ပြောင်းလဲရေး ချက်ချင်းထုတ်ပြန်ပေးဖို့ ပြည်နယ်ပါလီမန်ကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
■ ဂျူးမုန်းတီးရေး လှုပ်ရှားမှုများကို အစိုးရက ရှုတ်ချကြောင်း ပြောထားပါတယ်။
■ အစိုးရက အမုန်းစကားဆိုခြင်းကို ရာဇဝတ်မှုသတ်မှတ်တဲ့ ဥပဒေကို ထုတ်ပြန်ထားပါတယ်။
■ ဂျူးမုန်းတီးရေး ခြိမ်းခြောက်သူတွေနဲ့ အကြမ်းဖက်ဟန်ပြသူများကို ရဲတွေက စွပ်စွဲသွားမယ်လို့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောထားပါတယ်။
■ ရဲတွေက ဩစတြေးအခြေစိုက် အစ္စလာမ်နိုင်ငံကွန်ရက်တွေနဲ့ သေနတ်တွေဆက်စပ်နေတဲ့ ဖိလစ်ပိုင်မှ စစ်သွေးကြွတွေကို ရှာဖွေနေပါတယ်။
Source: Reuters
#World_Science
Published 18 December 2025
■ မားစ်ဂြိုဟ်ပေါ်မှာ လျှပ်စီးလှုပ်ရှားမှုကို ပထမဆုံးအနေဖြင့် သိပ္ပံပညာရှင်များ မှတ်သားရရှိတယ်လို့ ယုံကြည်နေကြပြီး မိုးကြိုးထုတ်လွှတ်နိုင်တယ်လို့ ယူဆလာကြပါတယ်။
■ နာဆာရဲ့ Perseverance အာကာသယာဉ်က ၂၀၂၁ မှာ မားစ်သို့ ရောက်ခဲ့ပြီး ၄ နှစ်ကြာအောင် လေ့လာစူးစမ်းနေခဲ့ပါတယ်။
■ လျှပ်စီးထုတ်လွှတ်မှုငယ်လေးတွေက အသံနဲ့ လျှပ်စစ်သံလိုက်ဖမ်းယူခြင်းကနေ ရရှိခဲ့ပါတယ်။
■ လေထုထုတ်လွှတ်မှုတွေ တိုင်းတာဖို့ ကိရိယာအသစ်တွေ အာရုံခံနိုင်စွမ်းပိုကောင်းတဲ့ ကင်မရာတွေဖြင့် အတည်ပြုရှာဖွေဖို့ မျှော်လင့်နေကြပါတယ်။
■ ပြင်သစ်မှ သုတေသီအဖွဲ့က ၂၈ နာရီကြာမြင့်တဲ့ မိုက်ခရိုဖုန်းမှတ်တမ်းတွေကို ဆန်းစစ်ခဲ့ကြပါတယ်။
■ လျှပ်စီးထုတ်လွှတ်မှုတွေက သာမန်အားဖြင့် လေပွေမှုန်များ၊ မုန်တိုင်းမှုန်များနဲ့ ဆက်စပ်နေပါတယ်။
■ လေပွေမှုန်တွေက မြေပြင်မှ လေပူတွေကနေ ဖြစ်ပေါ်လာပြီး အတွင်းပိုင်းလှုပ်ရှားမှုတွေကနေ လျှပ်စီးများဖြစ်လာစေပါတယ်။
■ ဒါဟာ တွေ့ရှိမှုကြီးတစ်ခုဖြစ်ပြီး မားစ်ဂြိုဟ်ရဲ့ လေထုဓာတုဗေဒ၊ ရာသီဥတု၊ နေထိုင်နိုင်မှု၊ အနာဂတ်လေ့လာစူးစမ်းမှုတွေအတွက် တိုက်ရိုက်အကျိုးရှိစေမယ်လို့ သုတေသနဦးဆောင်သူ ဒေါက်တာ ဘက်တစ္စတေချိုင်ဒီက ပြောပြပါတယ်။
■ အခုဆိုရင် လေထုထဲ လျှပ်စီးလှုပ်ရှားမှုရှိတယ်လို့ သိထားတဲ့ ကမ္ဘာ၊ စေတန်၊ ဂျူပီတာဂြိုဟ်တွေထဲ မားစ်လည်း ပါဝင်လာပြီဖြစ်ပါတယ်။
■ ယခုလျှပ်စီးတွေကို ကြားသာကြားရပြီး မမြင်ရတာကြောင့် တကယ်ပဲ မိုးကြိုးဟုတ်ရဲ့လားဆိုတာတော့ သံသယဖြစ်စရာ ရှိနေပါတယ်။
■ ယခုချမ်းအေးတဲ့ရာသီဥတုရှိတဲ့ မားစ်ဂြိုဟ်ဟာ ယခင်က ရေနဲ့ ထူထဲတဲ့လေထုရှိခဲ့ပြီး သက်ရှိတွေအကြောင်း လေ့လာလို့ကောင်းတဲ့နေရာ ဖြစ်နေပါတယ်။
Source: BBC
#World_Health
Published 18 December 2025
■ အိမ်သာအနီးမှာ သွားတိုက်တံထားရှိခြင်းက မသင့်လျော်ဘူးလို့ ယူဆထားသလို သိပ္ပံနည်းအရလည်း သတိပေးလာပါတယ်။
■ ဘိုထိုင်အိမ်သာအနီးမှာ သွားတိုက်တံ ထားရှိခြင်းဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတစ်မျိုးနဲ့ ထိတွေ့စေတယ်လို့ သုတေသီတွေ မှတ်ချက်ပြုလာပါတယ်။
■ အိမ်သာရေဆွဲချတိုင်းမှာ လေထဲသို့ထွက်လာတဲ့ အလွန်သေးငယ်တဲ့ အမှုန်တွေ ပျံ့နှံ့သွားပါတယ်။
■ ဒီအမှုန်တွေထဲမှာ ဘက်တီးရီးယားနဲ့ အညစ်အကြေးအရာတွေမှ ရောက်လာတဲ့ အဏုဇီဝပိုးမွှားပါဝင်နိုင်ပြီး ထိတွေ့သမျှအရာကို ဘေးအန္တရာယ် ဖြစ်စေတတ်ပါတယ်။
■ အမှုန်တွေဟာ အပေါ်နဲ့ အပြင်ဘက်သို့ ပေအတော်များများအထိ လွှင့်စင်နိုင်ပြီး အနီးအနားက သွားတိုက်တံတွေဆီလည်း ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။
■ အဖုံးဖွင့်ထားတဲ့အချိန်မှာဆိုရင် အီးကိုလိုင်နဲ့ ကလော့စ်ထရီဒီရွိုက်စ် ဒစ်ဖီဆိုင်းတို့လို ပိုးမွားတွေ ပျံ့နှံ့သွားကြောင်း သုတေသနတွေ့ရှိထားပါတယ်။
■ အကြိမ်ကြိမ်ထိတွေ့လာတဲ့အခါ သွားတိုက်တံအမျှင်တွေမှာ ပိုးမွှားတွေများပြားလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
■ ခံတွင်းသန့်ရှင်းရေးကို ထိခိုက်လာနိုင်ပြီး ဘက်တီးရီးယားနဲ့ ထိတွေ့နိုင်ခြေများပြားလာကာ ကိုယ်ခံအားနည်းသူတွေဆိုရင် ပိုပြီးအန္တရာယ်ရှိစေနိုင်ပါတယ်။
■ သွားတိုက်တံတွေကို အိမ်သာတွေကနေ အဝေးဆုံးမှာ ထားရှိပြီး လေခြောက်သွေ့စေရန် အပေါ်ကိုထောင်ထားသင့်တယ်လို့ အမေရိကန် CDC က အကြံပြုထားပါတယ်။
■ သွားတိုက်တံအမျှင်တွေ စိုစွတ်တယ်ဆိုရင် ဘက်တီးရီးယားတွေ ကြာကြာအသက်ရှင်နိုင်ပါတယ်။
■ ဒါ့အပြင် အိမ်သာထဲမှ အမှုန်များမပျံ့နှံ့အောင် ရေဆွဲမချခင် အဖုံးအုပ်ထားသင့်ပါတယ်။
Source: India Today
ရှန်ဟိုင်းမှာပြုလုပ်တဲ့ နိုင်ငံတကာဉာဏ်ရည်တုထည့်သွင်းပြိုင်ပွဲနဲ့ ၂၀၂၅ ကမ္ဘာလုံးဆိုင်ရာ တီထွင်ထုတ်လုပ်သူများ အစည်းအဝေးပွဲမှာ စက်ရုပ်တွေရဲ့ လက်တွေ့အသုံးချစွမ်းရည်များကို ကဏ္ဍအသီးသီးမှာ စမ်းသပ်ခဲ့ကြပါတယ်။
World_Technology
Published 17 December 2025
#ရှန်ဟိုင်း #စက်ရုပ်ပြိုင်ပွဲ
#YMG #Yangon_Times #Yangon_Media_Group
လာမယ့်ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ပုံမှန်ရထားများအပြင်အထူးရထားခရီးစဉ် တွေပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။
#Local_News
Published 17 December 2025
#ရထား #ရန်ကုန်-နေပြည်တော်-ရန်ကုန်
#YMG/SW #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရှမ်းပြည်နယ်ထွက်ထောပတ်သီးများတင်ပိုရောင်းချသွားဖို့ စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့စီးပွားရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရပါတယ်။
#Local_News
Published 17 December 2025
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #ထောပတ်သီး
#YMG/SW #Yangon_Times
အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန်ကို ရုံးပိတ်ရက်တွေမှာအချိန်တိုးမြှင့်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 17 December 2025
#အာကာသပြတိုက် #ရန်ကုန်
#YMG/NN #Yangon_Times
ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ ကို အခုလအတွင်း ရန်ကုန်မြို့မှာကျင်းပသွားမှာဖြစ်ပြီး ယင်းပြပွဲမှာအိမ်ရှင်မတွေကို Rice Ambassador တွေခန့်အပ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ် ။
#Local_News
Published 17 December 2025
#ဆန် #Rice_Ambassador
#YMG/NN #Yangon_Times
Daily_News
Published 17 December 2025
၁။ ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ ၌အိမ်ရှင်မများကို Rice Ambassador များခန့်အပ်မည်
၂။ အာကာသပြတိုက်(ရန်ကုန်)ဖွင့်လှစ်ချိန် ရုံးပိတ်ရက်များ၌ အချိန်တိုးမြှင့်ဖွင့်လှစ်ထား
၃။ တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်ထွက်ထောပတ်သီးများတင်ပို့မည်
၄။ လက်တွေ့တွင်အသုံးချနိုင်စွမ်းမြင့်မားသည့်ဉာဏ်ရည်တုစက်ရုပ်ပြိုင်ပွဲ
ရှန်ဟိုင်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 17 December 2025
■ အမေရိကန်သို့ သွားလာခွင့် ကန့်သတ်ပိတ်ပင်တဲ့ နိုင်ငံစာရင်းအရေအတွက်ကို သမ္မတဒေါ်နယ်ထရမ့်က နှစ်ဆတိုးလိုက်ကာ စုစုပေါင်း ၃၉ နိုင်ငံအထိ ရှိလာပါတယ်။
■ ဇွန်လက အမေရိကန်သို့ လူဝင်မှုနဲ့ ခရီးသွားလာမှု အပြည့်အဝပိတ်ပင်တဲ့ ပထမဆုံး ၁၉ နိုင်ငံစာရင်းထဲမှာ အာဖဂန်၊ မြန်မာ၊ ဟေတီ၊ အီရန်၊ လစ်ဗျားစတဲ့ နိုင်ငံများအပါအဝင် ကျူးဘား၊ လာအို၊ ဗင်နီဇွဲလားတို့လို နိုင်ငံတွေအပေါ် တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခဲ့ပါတယ်။
■ အင်္ဂါနေ့က အပြည့်အဝပိတ်ပင်တဲ့စာရင်းထဲသို့ ထပ်တိုးလိုက်တဲ့ ၇ နိုင်ငံထဲမှာ ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊ လာအို၊ ဆီးရီးယားတို့ ပါဝင်လာကာ တစ်စိတ်တစ်ပိုင်းပိတ်ပင်နိုင်ငံစာရင်းထဲမှာတော့ အန်ဂိုလာ၊ ဘီနင်၊ ဒိုမီနီကာ၊ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ ဇင်ဘာဘွေအပါအဝင် နောက်ထပ် ၁၅ နိုင်ငံ ထပ်တိုးလာပါတယ်။
■ တာ့ခ်မင်နစ္စတန်ကိုတော့ ကန့်သတ်မှုတွေ ဖြေလျှော့လိုက်ကာ ထိုနိုင်ငံဟာ အမေရိကန်နဲ့ အချက်အလက်မျှဝေရေးမှာ တိုးတက်လာတာကြောင့်လို့ ထရမ့်က ဆိုပါတယ်။
■ လူဝင်မှုနဲ့ သွားလာရေးကန့်သတ်မှုတွေထဲမှာ ခြွင်းချက်တွေတော့ရှိနေပြီး လာမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်မယ့် အားကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ စာရင်းထဲကနိုင်ငံများမှ အမေရိကန်နိုင်ငံသား ဖြစ်ထားသူတွေ ပါဝင်ပါတယ်။
■ ထရမ့်က ပိတ်ပင်တဲ့နိုင်ငံတွေကို သတ်မှတ်ရာမှာ လုံလောက်စွာ လူဝင်မှုစစ်ဆေးခြင်းမရှိခြင်း၊ မှတ်တမ်းထိန်းသိမ်းမှု အားနည်းခြင်း၊ အကြမ်းဖက်ခြင်း၊ လိမ်လည်ခြင်း၊ အကျင့်ပျက်ခြင်းစတဲ့ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားပါတယ်။
■ အချို့သော ကာရစ်ဘီယံနိုင်ငံတွေက နေထိုင်ခွင့်မလိုအပ်ဘဲ နိုင်ငံသားဖြစ်ခွင့်ပေးအပ်တဲ့ သူတို့ရဲ့ပေါ်လစီတွေကြောင့် ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။
■ ယခင်တုန်းက သွားလာခွင့်ပိတ်ပင်တာမျိုးတွေကို ဝေဖန်စွပ်စွဲခဲ့ကြပေမယ့် နိုင်ငံတော်လုံခြုံရေးအကြောင်းအရင်းအောက်မှာ ၂၀၁၈ က တရားရုံးချုပ်ကနေ ဆက်လက်ထိန်းထားခဲ့ပါတယ်။
Source: CBS News
#Local_News
Published 17 December 2025
▪️ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ ရှမ်းပြည်နယ် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊နှင့်ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်များ၌ ယမာန်နေ့ည ၈နာရီကျော် ဝန်းကျင် က မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာ ၁၆ ရက်နေ့၊ ၈နာရီ ၅ မိနစ်အချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၈)၊ ဆွမ်ပရာဘွမ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈နာရီ၂၀မိနစ် အချိန် တွင် မီးငြိမ်းပါသည်။
▪️ ထို့အတူ ဒီဇင်ဘာ ၁၆ရက်နေ့၊ ည ၈နာရီ ၃၄ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ သီရိရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဆီဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည၈နာရီ ၅၅မိနစ် အချိန် မီးငြိမ်းခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် ဒီဇင်ဘာ၁၆ ရက်နေ့၊ ည၈နာရီ ၄၅မိနစ် အချိန်ခန့်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ မန်းကျောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျုံပျော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉နာရီအချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 152 of 2002