#World_Science
Published 27 May 2026

■ တိရိစ္ဆာန်တွေဟာ ရောဂါပိုးမွှားများကို ရှာဖွေသိရှိခြင်းဖြင့် ဖျားနာသေဆုံးခြင်းကနေ ရှောင်ရှားနိုင်စေပါတယ်။

■ အထူးသဖြင့် အုံနဲ့ကျင်းနဲ့ နေထိုင်တတ်တဲ့ ပျားတွေ ပုရွက်ဆိတ်တွေလို မျိုးစိတ်တွေမှာ တစ်သိုက်လုံး ရောဂါကူးစက်ပျံ့ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

■ USDA-ARS မှ သုတေသီများ တွေ့ရှိချက်အရ ပျားတွေဟာ အစာအရင်းအမြစ်တွေထဲမှာ ဗိုင်းရပ်စ်ပိုးရှိ၊မရှိ ရှာဖွေနိုင်ရုံမက အချို့သော အခြေအနေတွေမှာ သန့်ရှင်းတဲ့အစာတွေထက် ရောဂါပိုးမွှားရှိတဲ့ အစာကို ပိုမိုနှစ်သက်ကြတယ်လို့ သိရပါတယ်။

■ သုတေသီတွေက ဗိုင်းရပ်စ်ကူးစက်ထားတဲ့ အစာတွေအပေါ် ပျားတွေရဲ့ တုံ့ပြန်မှုကို လေ့လာရန်အတွက် ဓာတ်ခွဲခန်းနဲ့ ကွင်းဆင်းစမ်းသပ်မှု နှစ်မျိုးစလုံး ပြုလုပ်ခဲ့ကြပါတယ်။

■ အသိုက်စောင့်ပျားတွေနဲ့ အစာရှာထွက်တဲ့ ပျားတွေဟာ ရောဂါပိုးရှိနေတဲ့ အစားအစာအပေါ် မတူညီတဲ့တုံ့ပြန်မှုများ ပြသခဲ့ကြပြီး ရာသီဥတု အပြောင်းအလဲတွေကလည်း ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

■ ပျားတွေရဲ့ ဗိုင်းရပ်စ်ဖော်ထုတ်နိုင်စွမ်းက ပျားအုံထဲမှာ ယင်းတို့တာဝန်ယူရတဲ့ကဏ္ဍတွေနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။

■ လွတ်လပ်ပွင့်လင်းစွာ စားသောက်ခြင်းက ပျားအုံတွေကြား ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ပိုမိုဖြစ်စေနိုင်ပါတယ်။

■ ဒီလေ့လာချက်ကနေ ပျားတွေက ဗိုင်းရပ်စ်ကို ဘယ်လိုသိရှိလဲ၊ ဒီအသိပညာကနေ ရောဂါထိန်းချုပ်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဘယ်လိုမြှင့်တင်မလဲဆိုတဲ့အပေါ် သုတေသနပြုလုပ်ဖို့ လမ်းစတွေ ဖြစ်လာစေပါတယ်။

Source: Phys