#Daily_News
Published 13 December 2025
၁။ ရှစ်လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅၄ ခု ဝင်ရောက်လာ
၂။ လှိုင်သာယာတွင်နိုင်ငံတကာအဆင့်မီ ဆန်စက်၊ ဖွဲနုဆီ(ဆီချော)စက်ရုံ၊ တည်ဆောက်မည်
၃။ မကွေးတိုင်းဒေသကြီးအတွင်းဧက ၃၅၀ကျော်အကျယ်အဝန်းရှိစိုက်ပျိုးမွေးမြူရေးဇုန်ပထမအဆင့်ဖွင့်လှစ်
၄။ အမေရိကန်နှင့်ဥရောပသာလုံခြုံရေးအာမခံချက်ပေးနိုင်ပါက နှစ်လသုံးလအတွင်းရွေးကောက်ပွဲအဆင်သင့်ဖြစ်မည်ဟု ဇယ်လန်စကီပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Asia_News
Published 13 December 2025
▪️ကမ္ဘောဒီးယား၊ ထိုင်းခေါင်းဆောင်တို့နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောဆိုအပြီးမှာ နှစ်နိုင်ငံက သောကြာနေ့မှာ လုံးဝအပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တယ်လို့ ထရမ့်က ပြောထားပါတယ်။
▪️ထရမ့်က ရေရှည်စစ်ပွဲကြီး ပြန်ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ထိုင်းဝန်ကြီးချုပ် အန်နူတင်ချာဝီရာကူနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ကိုပြောခဲ့ပြီး နှစ်ဦးစလုံးက ပဋိပက္ခအဆုံးသတ်ဖို့ သဘောတူခဲ့ကြကြောင်း ဆိုပါတယ်။
▪️နှစ်နိုင်ငံစလုံး ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အသင့်ဖြစ်နေကာ အမေရိကားနဲ့ ကုန်သွယ်ရေး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
▪️တနင်္လာနေ့တည်းက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် ၈၁၇ ကီလိုမီတာတလျှောက် လက်နက်များ ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။
▪️ယခုသီတင်းပတ်အတွင်း အနည်းဆုံး ၂၀ သေဆုံးကာ ၂၆၀ ကျော် ဒဏ်ရာရရှိထားသလို လူသိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
▪️ထိုင်းဝန်ကြီးချုပ်က အပစ်အခတ်ရပ်စဲရေးအကြောင်း အတည်မပြုထားပေမယ့် ထရမ့်နဲ့ သေချာပြောခဲ့ရပြီး ကမ္ဘောဒီးယားအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို ရပ်တန့်ရမယ်လို့ အလေးပေးပြောထားပါတယ်။
▪️ကမ္ဘောဒီးယားက မြေမြုပ်မိုင်းတွေ ထောင်ထားတယ်လို့ ထိုင်းက စွပ်စွဲနေပြီး ကမ္ဘောဒီးယားဘက်ကတော့ ဒါတွေကို ငြင်းဆန်ထားကာ ထိုင်းတို့က ပိုင်နက်ကျူးလွန်တယ်လို့ ပြန်စွပ်စွဲနေပါတယ်။
▪️ထရမ့်က ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ ယုံကြည်မှုရှိနေပြီး ယခင်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေမှာ သူ့ရဲ့အရေးပါပုံကို ဖော်ညွှန်းနေသလို အမေရိကန်-ထိုင်း ကုန်သွယ်ရေးညှိနှိုင်းမှုတွေနဲ့လည်း ဆက်စပ်နေကြောင်း ပြောသွားပါတယ်။
▪️ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ အခွန်စည်းကြပ်မှုများဖြင့် ထိုင်းကိုဖိအားမပေးသင့်ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
Source: Reuters.
#World_Science
Published 13 December 2025
■ ဆွစ်ဇာလန်မှ သိပ္ပံပညာရှင်တွေက မြေငလျင်ရဲ့ သဘာဝကို နားလည်ချင်တာကြောင့် အဲ့လ်ပ်တောင်တန်းအတွင်းထဲမှာ မြေငလျင်များ ဖန်တီးခဲ့ကြပါတယ်။
■ ငလျင်ချက်ချင်းဖြစ်ရခြင်းနဲ့ ပြတ်ရွေ့ကြောတွေအပေါ် သက်ရောက်ပုံတွေကို သိလိုကြပါတယ်။
■ ဒါကြောင့် သုတေသီတွေက ထိန်းချုပ်ထားတဲ့ အခြေအနေတွေဖြင့် ငလျင်တွေကို အတုဖန်တီးကြတာ ဖြစ်ပါတယ်။
■ ရထားစီမံကိန်းအတွက် တစ်ချိန်ကဆောက်လုပ်ခဲ့တဲ့ လိုဏ်ခေါင်းထဲမှာ တုန်ခါမှုတွေကို ဖန်တီးကြပါတယ်။
■ အဲ့လ်ပ်တောင်တွေဟာ ပြတ်ရွေ့ကြောနက်ရှိုင်းတဲ့အတွက် ငလျင်စမ်းသပ်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။
■ ထိုပြတ်ရွေ့ကြောတွေဘေးကနေ ကျောက်တုံးတွေ ချော်ကျတဲ့အခါ တုန်ခါမှုငယ်လေးတွေ ဖြစ်ပေါ်ပါတယ်။
■ ပြတ်ရွေ့ကြောတစ်ခုထဲ ရေထည့်သွင်းလိုက်ခြင်းဖြင့် ငလျင်တွေ ဖန်တီးနိုင်ပါတယ်။
■ ဒီလိုငလျင်တွေက အဲ့လ်ပ်တောင်တွေမှာ တစ်ချိန်လုံးဖြစ်နေခဲ့ပြီး သုတေသီတွေကတော့ သူတို့လိုချင်တဲ့တစ်ခုကို ရွေးချယ်လှုပ်ခတ်စေတာဖြစ်တယ်လို့ ETH ဇူးရစ်မှ ငလျင်နှင့်ဘူမိရွေ့လျားမှု ပရော်ဖက်ဆာ ဒိုမီနီကိုဂီယာဒီနီက ပြောပါတယ်။
■ လှုပ်ခတ်တဲ့အခါ တိုင်းတာမှုတွေ ပြုလုပ်နိုင်ဖို့ ငလျင်တိုင်းကိရိယာတွေ မြန်နှုန်းတိုင်းကိရိယာတွေကို အများအပြား နေရာချထားပါတယ်။
■ သုတေသီတွေက ငလျင်ပေါင်း သိန်းနဲ့ချီ ဖန်တီးနိုင်ခဲ့ကြပေမယ့် ပြင်းအားအဆင့် သုညသာ ဖြစ်နေပါတယ်။
■ ဒီလေ့လာချက်တွေကနေ ငလျင်အတိုင်းအတာတစ်ခု ဖြစ်စေတဲ့အကြောင်းအရာတွေနဲ့ ဘယ်ပြတ်ရွေ့ကြောတွေက ပိုပြီးအန္တရာယ်ရှိလဲဆိုတာကို သိရှိစေမှာဖြစ်ပါတယ်။
Source: WION
#World_Health
Published 13 December 2025
■ နံနက်ခင်းမှာ လူတွေက အပြေးအလွှား လှုပ်ရှားနေရကာ မနက်စာစားဖို့ အချိန်မရှိတာကြောင့် မစားဖြစ်လေ့ရှိကြပါတယ်။
■ မနက်ပိုင်းစောစောထပြီး ၂ နာရီ ၃ နာရီလောက်အထိ ဗိုက်ထဲအစာမရှိဘဲ နေတတ်ကြပါတယ်။
■ စားဖို့ကြံတဲ့အချိန်မှာ အဆာလွန်နေပြီး ကျန်းမာရေးအတွက် မကောင်းတာတွေ စားဖြစ်ကြတာကြောင့် ကျန်းမာရေးကို အသံတိတ်ဒုက္ခပေးနေပါတယ်။
■ မနက်စာမစားတဲ့အခါ ဖြစ်ပျက်တာတွေကို အာဟာရပညာရှင် ပူဂျာမာခီဂျာက ပြောသွားပါတယ်။
■ မနက်စာ မစားလေ့ရှိသူတွေကို လေ့လာချက်ပေါင်း ၄၅ ခုဖြင့် ဆန်းစစ်ခဲ့ရာမှာ ၃၁ ရာခိုင်နှုန်းက ဝမ်းဗိုက်အဆီထွက်ခြင်း၊ ၄၈ ရာခိုင်နှုန်းက ကိုယ်အလေးချိန်များခြင်း၊ ၄၄ ရာခိုင်နှုန်းက အဝလွန်ခြင်း ဖြစ်နိုင်ခြေများတာကို တွေ့ခဲ့ရပါတယ်။
■ တစ်နေ့တာ အစပိုင်းမှာ မစားတဲ့အတွက် အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့ ခန္ဓာကိုယ်စတင်လှုပ်ရှားရပါတယ်။
■ ဒီအခါမှာ အလွယ်တကူစားသုံးနိုင်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားစရာတွေ စားမိပါတော့တယ်။
■ Clinical Nutrition အမေရိကန်ဂျာနယ် ဖော်ပြချက်အရ မနက်စာမစားခြင်းဖြင့် ဆီးချိုဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။
■ မနက်စာကို အဓိကအားဖြင့် များများစားသုံးတဲ့ သူတွေကတော့ ညဘက်မှာ အစားများသူတွေထက် ကိုယ်အလေးချိန် ပိုကျနိုင်တာကိုလည်း တွေ့ရပါတယ်။
■ မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်က ဆာလောင်တာကို ဖြည့်ဆည်းဖို့ နေ့လယ်စာပိုစားမိပြီး အလွန်အကျွံစားမိတဲ့ သံသရာလည်သွားနိုင်ပါတယ်။
Source: NDTV
ရုရှားတို့က ယူကရိန်းစစ်တပ်ကို ဆက်လက်ဝိုင်းရံထားတယ်လို့ တနင်္ဂနွေနေ့ကပြောထားကာ ထိုနေ့မှာပဲယူကရိန်းဘက်ကတော့ ခုခံရေးတွေ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
#World_News
Published 12 December 2025
#ရုရှား #ယူကရိန်း
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ယခုလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ ၂၈ သန်းကို ရောင်းချပေးသွားမယ်လို့ ယမန်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 12 December 2025
#စက်သုံးဆီ #အမေရိကန်ဒေါ်လာ
#YMG/SW #Yangon_Times
ရှမ်းပြည်နယ်ရှိ တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီး ရှုခင်းကြည့်ရထားခရီးစဉ် တွေကို အပတ်စဉ်စနေ ၊တနင်္ဂနွေနေ့ နဲ့ ရုံးပိတ်ရက်တွေမှာ ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။
#Local_News
Published 12 December 2025
#တောင်ကြီး_ပေါမူ
#YMG/NN #Yangon_Times
#Local_News
Published 12 December 2025
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းအုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်းမရှိသည့်အတွက် ယမန်နေ့ညက နည်းပြချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFမှ အသိပေးထားသည်။
▪️ ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပွဲစဉ်များတွင် မြန်မာအသင်းသည် နှစ်ပွဲ နိုင်၊ တစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် ဖိလစ်ပိုင်အသင်းနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်းသိရသည်။
▪️ အဆိုပါ အသက် ၅၄ နှစ်အရွယ် ဂျပန်နိုင်ငံသား နည်းပြ ယုကီ သည်၂၀၂၃ ခုနှစ်မှစ၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်လာခဲ့သူဖြစ်သည်။
▪️ မြန်မာအမျိုးသမီးအသင်းအား ၂၀၂၃ ဆီးဂိမ်းစ်တွင် ဒုတိယ၊ ၂၀၂၅ နီပေါ ဖိတ်ခေါ်ဖလား ချန်ပီယံဆု နှင့် ၂၀၂၅ အာဆီယံချန်ပီယံရှစ်တွင် ဒုတိယဆုတို့ရရှိခဲ့ပြီး အိုလံပစ်ခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲတို့တွင် ခြေစစ်ပွဲမအောင်ခဲ့သလို ယခုနှစ်ဆီးဂိမ်းစ်တွင်လည်း အုပ်စုမှကျော်လွန်နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် Mr. Tesuro Uki ၏ အနာဂတ်တွင်အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဆက်တိုက်ကျဆင်းနေခဲ့တဲ့ စားအုန်းဆီရည်ညွန်းဈေးဟာယခုတစ်ပတ်မှာလည်းထပ်မံကျဆင်းလာတာကို အပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ ရည်ညွန်းဈေးနှုန်းများအရသိရပါတယ်။
#Local_News
Published 12 December 2025
#စားအုန်းဆီ
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက်စက်သုံးဆီဈေးအားလုံးကကျဆင်းလာပြီး တစ်လီတာကို ၃၅ကျပ် ကနေ ၁၂၀ ကျပ် အထိ ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 12 December 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 12 December 2025
၁။ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးထပ်မံကျဆင်း
၂။ တောင်ကြီး - ပေါမူ၊ ပေါမူ - တောင်ကြီး ရှုခင်းကြည့်ရထားခရီးစဉ်များကို အပတ်စဉ်ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးနေ
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက်ယခုလအတွင်း ဒုတိယအကြိမ်အဖြစ်ဒေါ်လာ(၂၈)သန်း ရောင်းပေးမည်
၄။ ရုရှားတို့ကယူကရိန်းကိုဆက်လက်ဝိုင်းရံထားသည်ဟုဖော်ပြသလို ယူကရိန်းကလည်းဆက်လက်ခုခံထိန်းသိမ်းနေသည်ဟုထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 12 December 2025
■ ထိုင်းနိုင်ငံသည် ကပ္ပလီပင်လယ်ပြင်အတွင်း ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် လေလံအဆိုပြုလွှာများ ဖိတ်ခေါ်သွားမည်ဖြစ်ပြီး၊ ယင်းအတွက် အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ယခုလကုန်တွင် ရရှိရန်မျှော်လင့်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Prasert Sinsukprasert က ပြောကြားခဲ့သည်။
■ ယခုပြုလုပ်မည့် (၂၆) ကြိမ်မြောက် လေလံပွဲသည် စတုရန်းကီလိုမီတာ ၆၈,၀၀၀ ကျယ်ဝန်းသည့် ရှာဖွေရေးနှင့် ထုတ်လုပ်ရေး (E&P) လုပ်ကွက်ဧရိယာ တစ်ခုတည်းကိုသာ အကျုံးဝင်မည်ဖြစ်သည်။
■ အဆိုပါတင်ဒါခေါ်ယူမှုတွင် Chevron၊ TotalEnergies၊ Eni၊ Mubadala Energy နှင့် PTT Exploration and Production (PTTEP) စသည့် ကမ္ဘာ့ထိပ်တန်းရေနံကုမ္ပဏီကြီးများက စိတ်ဝင်စားနေကြကြောင်း သူကပြောကြားခဲ့သည်။
■ ကပ္ပလီပင်လယ်ပြင်၏ ဘူမိဗေဒအနေအထားသည် ကြီးမားသော သိုက်များတွေ့ရှိထားသည့် အနီးနားရှိ အင်ဒိုနီးရှားရေပိုင်နက် ရှိဘူမိအနေအထားနှင့်တူညီမှုရှိသည်ဟု ထိုင်းစွမ်းအင်တာဝန်ရှိသူများက ယုံကြည်ထားကြသည်။
■ ၂၀၂၃ ခုနှစ်တွင် အဘူဒါဘီအခြေစိုက် Mubadala Energy ကုမ္ပဏီသည် အင်ဒိုနီးရှား နိုင်ငံ၏ တောင်ဘက် ကပ္ပလီလုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၇ ထရီလီယံ တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။
■ ရေနက်ပိုင်းရှာဖွေရေး နည်းပညာတိုးတက်လာမှုများကြောင့် မိမိတို့ပိုင်နက်အတွင်းရှိ သိုက်များကို နောက်ဆုံးတွင် ဖော်ထုတ်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံတွင်းထွက်လောင်စာဌာန (DMF) က မျှော်လင့်ထားသည်။
■ ၁၉၇၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အကြား လိုင်စင်ပေါင်း ၁၄ ကြိမ် ချထားပေးခဲ့သော်လည်း စီးပွားဖြစ်တွေ့ရှိမှု တစ်စုံတစ်ရာမရှိခဲ့ပေ။
■ ၂၀၀၅ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည့် နောက်ဆုံးအကြိမ် ရှာဖွေရေးကြိုးပမ်းမှုတွင်လည်း ရေနံအစအန အနည်းငယ်သာတွေ့ရှိခဲ့ရသည်။
■ ကပ္ပလီမြစ်ဝှမ်းဒေသ တစ်ခုလုံးသည် နိုင်ငံတကာရေနံကုမ္ပဏီများ၏ အာရုံစိုက်မှုကို အသစ်တစ်ဖန် ပြန်လည် ရရှိနေသည်။
■ အိန္ဒိယနိုင်ငံတွင် နိုင်ငံပိုင် Oil and Natural Gas Corporation နှင့် Oil India တို့သည် ကပ္ပလီ ကျွန်းစုများ (Andaman Islands) တစ်ဝိုက်တွင် ကမ်းလွန်တွင်းတူးဖော်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
■ ယင်းအတောအတွင်း မလေးရှားနိုင်ငံ၏ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း အိမ်နီးချင်း Langkasuka မြစ်ဝှမ်း ဒေသတွင် စူးစမ်းလေ့လာခွင့်ကို Eni၊ TotalEnergies၊ BP၊ PTTEP၊ Petronas နှင့် Pertamina အပါအဝင် ကုမ္ပဏီအများအပြားအား မကြာသေးမီက ချထားပေးခဲ့သည်။
■ အခြားဖြစ်ပေါ်တိုးတက်မှုတစ်ခုအနေဖြင့် DMF သည် (၂၅) ကြိမ်မြောက် ကုန်းတွင်းပိုင်းလုပ်ကွက်လေလံပွဲ အောင်မြင်သူများကို ယခုလနှောင်းပိုင်းတွင် ကြေညာရန်ပြင်ဆင်နေသည်။
■ အဆိုပါတင်ဒါသည် အရှေ့မြောက်ပိုင်းတွင် (၇) ကွက်နှင့် အလယ်ပိုင်းဒေသတွင် (၂) ကွက် စုစုပေါင်း လုပ်ကွက် (၉) ခု ပါဝင်ပြီး စတုရန်းကီလိုမီတာ ၃၃,၀၀၀ ကျော် ကျယ်ဝန်းသည်။
■ ယခုလေလံပွဲများသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ၏ ပထမဆုံးသော ကုန်းတွင်းပိုင်းရှာဖွေရေး လေလံပွဲများဖြစ်လာသည်။
■ နောက်ဆုံးအဆင့် လေလံဆွဲသူများတွင် Hong Kong and China Gas Co ကျောထောက် နောက်ခံပြုထားသည့် ECO Orient Companies နှင့် မလေးရှားနိုင်ငံ Dialog ပိုင်ဆိုင်သည့် Pan Orient Energy (Siam) ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီများအပြင် CanAsia Energy နှင့် ပူးပေါင်းထားသည့် ထိုင်းနိုင်ငံမှ Sea Oil တို့လည်းပါဝင်သည်။
Page 156 of 2002