#Local_News
Published 11 December 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံ၌ ဆီဘောက်ဆာယာဉ်မှ ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်ပြီး မီးလောင်၍ နာရီဝက်ကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။
▪️ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၁၀နာရီ ၁၇မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေးလမ်းကွေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီးသည် ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ မီးလောင်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အင်းစိန်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ LUF-60 ယာဉ်(၁)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀နာရီ ၅၄မိနစ် အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 11 December 2025
▪️ ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (WFME)၏ အသိအမှတ်ပြု စာရင်းဝင်ဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်တွင် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးနေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောသည်။
▪️ ယနေ့ ဒီဇင်ဘာလ (၁၀) ရက်က ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ယင်းကပြောကြားခြင်းဖြစ်သည်။
▪️ ဆေးဘက်ဆိုင်ရာပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ်ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဟုလည်း ၎င်းကပြောသည်။
▪️ အဆိုပါ တက္ကသိုလ်ကို နိုင်ငံတကာဆေးတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများတွင်လည်း ခေတ်မီဆေးသိပ္ပံပညာရပ်များ သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိကြောင်း ယင်းကပြောသည်။
▪️ အလားတူ ပြည်တွင်း၌လည်း ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာနှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးနေပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံ ဖလှယ်ခြင်းများ၊ဆေးပညာဘာသာရပ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေလျက်ရှိနေသောကြောင့်ဆေးဘက်ဆိုင်ရာ ပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ်ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဟုလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
#YMG/PP #Yangon_Times
#World_Health
Published 11 December 2025
▪️ နှလုံးဖောက်ခြင်းအများစုဖြစ်တဲ့အချိန်က နံနက် ၆ နာရီမှ ၁၀ နာရီအတွင်းဖြစ်တယ်လို့ ဗီယင်နာအထွေထွေဆေးရုံမှ နှလုံးအထူးကု ဒေါက်တာ ဟိုက်ဂျ်က ပြောထားပါတယ်။
▪️ နှလုံးရောဂါဖြစ်သူပေါင်း ၁၂,၀၀၀ ကျော်ကို လေ့လာခဲ့ကာ နံနက်ပိုင်း နှလုံးဖောက်ရခြင်းရဲ့နောက်ကွယ်မှာ အိပ်ရာထထချင်း ရုတ်တရက် အာရုံကြောလှုံ့ဆော်ခြင်းက ဘယ်လောက်အရေးပါကြောင်း ထောက်ပြလာပါတယ်။
▪️ နံနက်ပိုင်းမှာ နှလုံးဖောက်ခြင်းအများစု ဖြစ်ရတာဟာ အစားအစာတွေ ရာသီဥတုတွေကြောင့် မဟုတ်ဘဲ ရုတ်တရက် အာရုံကြောလှုံ့ဆော်ခြင်းကြောင့် ဖြစ်ပါတယ်။
▪️ အိပ်ရာနိုးနိုးချင်း ပထမ ၁၀ မိနစ်အတွင်းမှာ ချက်ချင်းကြီး လှုပ်ရှားလှုံ့ဆော်တာဖြစ်ပြီး ဖုန်းသုံးခြင်း၊ မီးဖွင့်ခြင်းတို့ ပါဝင်ကာ ဒါတွေက ခန္ဓာကိုယ်က သွေးဖိအားနဲ့အညီ မလှုပ်ရှားခင်မှာဘဲ ထိတ်လန့်သွားစေပါတယ်။
▪️ ထိုအချိန်အတွင်းမှာ သွေးဖိအား၊ နှလုံးခုန်နှုန်း၊ ဖိစီးမှုဟော်မုန်းတို့ သဘာဝအတိုင်း မြင့်တက်နေပါတယ်။
▪️ ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲတဲ့အခါ နှလုံးကိုဒဏ်ဖြစ်စေပြီး သွေးကြောပိတ်ဆို့ခြင်း၊ ပေါက်ထွက်ခြင်း၊ နှလုံးရောဂါဖြစ်စဉ်များ ဖြစ်နိုင်ခြေများပါတယ်။
▪️ အိပ်ရာနိုးတဲ့အခါ အာရုံကြောစနစ်က ပထမ ၅ မိနစ်စာ ငြိမ်သက်ဖို့လိုပြီး ဒီလိုမှမဟုတ်ရင် အိပ်ရာနိုးတာနဲ့ ဖုန်းကြည့်ခြင်း၊ ထိတ်လန့်စေမယ့်အရာတွေ ပြုလုပ်ခြင်းတို့က ဖိစီးမှုဟော်မုန်းမြင့်တက်စေကာ နှလုံးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
▪️ အဲဒီအစား အိပ်ရာနိုးတဲ့အခါ အနည်းဆုံး ၁၀ မိနစ်လောက် ဖုန်းမသုံးဘဲ ဖြည်းညှင်းစွာ အသက်ရှူခြင်း၊ ရေသောက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
▪️ အိပ်ရာနိုးနိုးချင်း တည်ငြိမ်စွာပြုမူခြင်းဖြင့် သွေးဖိအားကျစေကာ နှလုံးကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Times Of India
#World_Science
Published 11 December 2025
■ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ ဘီလီယံခွဲလောက်က အရည်ပျော်သံပူလုံးကြီးအဖြစ်သာ ရှိနေခဲ့တဲ့ ကမ္ဘာကြီးကို မားစ်ဂြိုဟ်အရွယ်အစားရှိတဲ့ ရှေ့ပြေးဂြိုဟ်တစ်ခုက ဝင်တိုက်ခဲ့ပါတယ်။
■ ဒီဂြိုဟ်ကို ဂရိဒဏ္ဍာရီထဲက တိုက်တန်တစ်ယောက်ကို အစွဲပြုကာ Theia လို့ အမည်ပေးထားပါတယ်။
■ ထိုဝင်တိုက်ခြင်းကနေ Theia လုံးဝပျက်စီးသွားခဲ့ပြီး ကမ္ဘာမြေပြင်မှာ အပိုင်းအစတွေအဖြစ် ကျန်ခဲ့တာဖြစ်နိုင်ပါတယ်။
■ အဆိုပါဂြိုဟ်ဟာ ရှေးခေတ်အချိန်က ကမ္ဘာရဲ့အိမ်နီးချင်းဂြိုဟ် ဖြစ်နိုင်ပြီး နေလုံးနဲ့ ကမ္ဘာကြား တစ်နေရာရာမှာ ဖြစ်တည်ခဲ့ဖွယ်ရှိကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။
■ Max Planck တက္ကသိုလ်မှ သုတေသီတွေက ဆိုလာစနစ်သုတေသန ပြုလုပ်ဆန်းစစ်ရာမှာ ကမ္ဘာနဲ့လကြား ဒြပ်စင်အိုင်ဆိုတုပ်တွေက လက်တွေ့အားဖြင့် ခွဲခြားလို့မရပါဘူး။
■ သံဓာတ်အိုင်ဆိုတုပ် ဖွဲ့စည်းပုံဆင်တူခြင်းက အံ့ဩစရာမရှိဘဲ ဒါက အခြားဒြပ်စင်တွေမတိုင်ခင် တွေ့ရှိတာကြောင့်ဖြစ်တယ်လို့ ဘူမိသိပ္ပံပညာရှင် တီမိုဟော့ပ်က ဆိုပါတယ်။
■ Theia ဂြိုဟ်က ကမ္ဘာ့စကြဝဠာအပြင်ဘက်မှာ ဖြစ်တည်ခဲ့တယ်ဆိုရင် ဖွဲ့စည်းပုံနဲ့ ရင်းမြစ်တွေ ကွဲပြားနိုင်တယ်လို့ ဟော့ပ်တို့အဖွဲ့က ပြောထားပါတယ်။
■ ဒီလေ့လာချက်က Theia ဟာ ဆိုလာစနစ်ထဲက ကမ္ဘာရှိတဲ့နေရာအပြင်ဘက်မှာ အစပြုခဲ့တယ်ဆိုတဲ့ အစောပိုင်းသီအိုရီတွေကို စိန်ခေါ်သလို ဖြစ်နေပါတယ်။
■ Theia နဲ့ ကမ္ဘာဝင်တိုက်ခြင်းကြောင့် အပိုင်းအစပစ္စည်းတွေ ရောနှောသွားပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။
■ လရဲ့ဖွဲ့စည်းမှုကို သိရဖို့အတွက် နောက်ထပ်ပုံဖော်ခြင်းတွေ သရုပ်ဖော်မှုတွေပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။
Source: DW
မြန်မာနိုင်ငံမြဝတီမြို့က အွန်လိုင်းလိမ်လည်မှုတွေမှာပါဝင်တဲ့ တရုတ်နိုင်ငံသား ၁,၁၇၈ ဦးကို တရုတ်ပြည်သို့ ပြန်ပို့လိုက်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။
#Asia_News
#မြဝတီ #အွန်လိုင်းလိမ်လည်
Published 10 December 2025
#YMG #Yangon_Times #Yangon_Media_Group
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၀ ကို G to G စနစ်နဲ့ အခုလအတွင်းတင်ပို့သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
#Local_News
Published 10 December 2025
#ဘင်္ဂလားဒေ့ရှ် #ဆန်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ယခုလမှာ ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းလာတယ်လို့ ကုန်စည်ဒိုင်များထံမှစုံစမ်းသိရှိရပါတယ်။
#Local_News
Published 10 December 2025
#ကြက်သွန်နီ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကို ပို့ကုန်ဝင်ငွေ ဒေါ်လာ(၇၆)သန်းတန်ဖိုးရှိတဲ့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 December 2025
#ပို့ကုန်ဝင်ငွေ #ဆန်
#YMG/NN #Yangon_Times
ထိုင်းအခြေစိုက်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတစ်ခုဖြစ်တဲ့ PTTEP ကမြန်မာမှလုပ်ငန်းများအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် သုံးစွဲသွားမယ်လို့ သိရပါတယ်။
#Local_News
Published 10 December 2025
#ရေနံ_သဘာဝဓာတ်ငွေ့ #PTTEP
#YMG/SW #Yangon_Times
#Daily_News
Published 10 December 2025
၁။ ပို့ကုန်ဝင်ငွေ ဒေါ်လာ(၇၆)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့ထား
၂။ ကြက်သွန်နီ လက်ကားဈေးအနည်းငယ်ကျဆင်းလာ
၃။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂၅၀၀ ယခုလအတွင်းတင်ပို့မည်
၄။ မြဝတီတွင် အွန်လိုင်းလိမ်လည်မှုများနှင့်ပါဝင်ပတ်သက်သည့်တရုတ်နိုင်ငံသားများအား နေရပ်ပြန်ပို့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 December 2025
▪️ ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏
မြန်မာအားကစားအဖွဲ့၏ ရွှေတံဆိပ်ဆု နှစ်ခုကို ခြင်းလုံးအဖွဲ့များမှ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ရရှိရာတွင် အမျိုးသမီးခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၀၂)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၄၄၆)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် အမျိုးသားခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၇၄)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၅၀၁)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 December 2025
▪️ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးမှ သင်တန်းနှင့်နည်းပညာအကူ အညီပေးအပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးမှ သိရသည်။
▪️ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့(APJG)မှ အကဲဖြတ်သူများ၏ ထပ်မံမေးမြန်းအကြံပြုချက်များကို ထိရောက်မှန်ကန်စွာ ပြန်လည်ရှင်းလင်းဖြေကြားနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များနှင့် ထပ်မံဖြည့်စွက်ဖြေကြားရမည့် အချက်အလက်များကိုလည်းကောင်း၊ APJG မျက်နှာချင်းဆိုင် အစည်းအဝေးတက်ရောက်ရာတွင် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့်အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
▪️ ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးမှ သင်တန်းနှင့်နည်းပညာအကူ အညီပေးအပ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ စီစဉ်ထားရှိရမည့်အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
▪️ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များနှင့် တိုးတက်မှုအစီရင်ခံစာမူကြမ်း စိစစ်ရေးသားရေးအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်အဖွဲ့ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (ဥပဒေရေးရာနှင့် မှုခင်းဌာနကြီး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မှုခင်းရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
#YMG/SW #Yangon_Times
Page 158 of 2002