#Local_News
Published 12 December 2025
■ ပြင်ဦးလွင်မြို့၌ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့်အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။
■ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့် မြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာ၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများ၊ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် ရပ်ကွက် ကြီး (၈) နှင့် ရပ်ကွက်ကြီး (၁၀)တို့ရှိ လမ်းများ တိုးချဲ့၊ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပန်းပွဲတော်ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
■ နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ စီမံဆောင်ရွက်လျက်ရှိသည့် ပြင်ဦးလွင်ဘူတာ အနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်မည့်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက တည်ဆောက်မည့် အဆောက်အအုံနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
■ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်မည့် အဆောက်အအုံသည် အဆင့်မြင့်လေးထပ် အဆောက်အအုံဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင် အောင် Pile Foundation ဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံကို သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော၊ လက်ရှိရှေးဟောင်းအဆောင်အအုံဖြစ်သည့် ပြင်ဦးလွင်ဘူတာ၏ Design ပုံစံနှင့် လိုက်လျောညီထွေရှိစေမည့် ဗိသုကာဒီဇိုင်းပုံစံဖြင့် Conceptual Plan ပုံစံအား ရေးဆွဲတင်ပြသွားရန်ဖြစ်ကြောင်း၊ Landscaping နှင့် Drainage System မှအစ စနစ်တကျတွက်ချက် ရေးဆွဲရန်ဖြစ်ကြောင်း၊ 3 Stars အဆင့်ရှိသည့် ဟိုတယ်ဖြစ်သဖြင့် ဟိုတယ်အခန်းများသည် အဆင့်နှင့် လျော်ညီသော အကျယ်အဝန်းနှင့် Facility ရှိသည့် Design ပုံစံရှိရန် လိုအပ်ကြောင်း၊ အဆင့်မြင့် ဈေးကိုပါ ထည့်သွင်းတည်ဆောက်ရမည့် Design ပုံစံဖြစ်သဖြင့် ဟိုတယ်တွင် လာရောက်တည်းခိုမည့် ဧည့်သည်များနှင့် ဈေးဝယ်လာရောက်ကြမည့် ဧည့်သည်များအတွက် စံနှုန်းနှင့်ကိုက်ညီသော Facility ရှိရန်လိုကြောင်းမှာကြားပြီး စီမံကိန်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
■ ထို့နောက် ယာယီသမ္မတ၏လမ်းညွှန်ချက်အရ တည်ဆောက်ရန်လျာထားသည့် ပြင်ဦးလွင်မီးရထား ရိပ်သာနှင့် စက်ခေါင်းစက်ရုံအကြား ဘောလုံးကွင်း အသစ်တည်ဆောက်မည့်မြေနေရာသို့ လည်းကောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း၏ ရတနာပုံ Cyber City အဆောက်အအုံများ၊ အိမ်ရာအဆောက်အအုံများ၊ လမ်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
■ ယင်းနောက် ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)သို့ ရောက်ရှိရာ တာဝန်ရှိသူများ၏ ရပ်ကွက်ကြီး (၈) နှင့် ရပ်ကွက်ကြီး(၁၀)တို့ရှိ အဓိက လမ်းမကြီးများအား လမ်းတိုးချဲ့ရန်၊ လမ်းပြုပြင်ရန် နှင့် နိုင်လွန်ကတ္တရာခင်းရန် လျာထားသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ရတနာလမ်းနှင့် ပြည်သာယာလမ်းများတစ်လျှောက် ကြည့်ရှုစစ်ဆေး သည်။
■ ဆက်လက်၍ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် အဝင်လမ်း တစ်လျှောက် ခြံစည်းရိုးနှင့်ကားလမ်းမဘေး လူသွားစင်္ကြံလမ်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ခြံစည်းရိုးများအား ဆေးသုတ်ခြင်းနှင့် ချိန်းလင့်သံဆန်ခါထိပ်ပိုင်းများ၌ သံပြားများ ဖြည့်စွက်တပ်ဆင်ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ နိုင်ငံတော်ယာယီသမ္မတ လာရောက်စစ်ဆေးခဲ့စဉ် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပန်းပွဲတော်သို့ လာရောက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 December 2025
▪️ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်နေ ရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
▪️ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ယင်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
▪️ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွား ကြရန်လိုကြောင်းလည်း ယာယီသမ္မတက ပြောသည်။
▪️အလားတူ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစ နစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အား လုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့ သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန် ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#World_Science
Published 12 December 2025
■ ယနေ့ခေတ်မီကမ္ဘာကြီးက လူသားဆင့်ကဲပြောင်းလဲခြင်းထက် ရှေ့ရောက်လွန်းတယ်လို့ မနုဿပညာရှင်များဖြစ်တဲ့ ကောလင်းရှောနဲ့ ဒန်နီယယ်လောင်းမန်းတို့က အဆိုပြုထားပါတယ်။
■ လူသားတွေရဲ့ သဘာဝနဲ့ညီထွေတဲ့ ဇီဝလမ်းစဉ်နဲ့ ယခုနေထိုင်နေတဲ့ စက်မှုပတ်ဝန်းကျင်တို့ကြား ဆင့်ကဲပြောင်းလဲမှုလွဲမှားနေသဖြင့် ဖိစီးမှုတွေ ကျန်းမာရေးပြဿနာတွေ ဖြစ်လာရတယ်လို့ လေ့လာချက်မှာ ယူဆရပါတယ်။
■ နှစ်ပေါင်းသိန်းချီတိုင်အောင် လူသားတွေဟာ အမဲလိုက်ခြင်း စုဆောင်းရယူခြင်း အလေ့အထတွေကို ကျင့်သားရခဲ့ပြီး လှုပ်ရှားမှုမြင့်မားခြင်း၊ သာမန်ဖိစီးမှုနဲ့ သဘာဝနဲ့အနီးကပ် ထိတွေ့ခြင်းတို့ လုပ်ဆောင်ခဲ့ကြပါတယ်။
■ ဒါပေမဲ့ စက်မှုပတ်ဝန်းကျင်ကြောင့် ရာစုနှစ်အနည်းငယ်အတွင်းမှာပင် ဆူညံသံ၊ လေထုညစ်ညမ်းခြင်း၊ ပလတ်စတစ်မှုန်တွေ၊ ပိုးမွှားတွေ၊ အလင်းရောင်အတုနဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေ၊ အထိုင်များခြင်းတွေ ဖြစ်ပေါ်လာပါတယ်။
■ ရှေးခေတ်ကဆိုရင် အန္တရာယ်တစ်ခုကြုံလာရင် ရင်ဆိုင်ခုခံမလား ပြေးမလားဆိုပြီး ဆုံးဖြတ်ရပါတယ်။
■ ယနေ့ခေတ်မှာတော့ ဆိုရှယ်မီဒီယာတွေ၊ ဆူညံသံတွေ၊ လုပ်ငန်းခွင်တွေ၊ လမ်းပိတ်ဆို့မှုတွေကို ဖြေရှင်းချက်မရှိဘဲ ရင်ဆိုင်နေရကာ ဖိစီးမှုတွေ ဖြစ်လာစေတယ်လို့ လောင်းမန်းကပြောပါတယ်။
■ ကျန်းမာရေးနဲ့ မျိုးပွားခြင်းမှာ ဖိအားအောက်ရောက်လာပြီး မျိုးပွားမှုနှုန်း ကျဆင်းလာကာ စက်မှုပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ ရောင်ရမ်းခြင်းများ အဖြစ်များလာပါတယ်။
■ ပလတ်စတစ်မှုန်များနဲ့ ပိုးသတ်ဆေးတွေလို အရာတွေက သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားနိုင်စွမ်းတို့ကို ကျဆင်းစေပါတယ်။
■ သုတေသီတွေက လူတွေနဲ့ သဘာဝတရားဆက်စပ်ပုံတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ မြို့ပြများဖန်တီးဖို့ အဆိုပြုလာပါတယ်။
Source: Phys
#World_Science
Published 12 December 2025
■ ကြောင်တွေက လူတွေကို ဘယ်လိုမြင်ရလဲ ဘယ်လိုကြားရလဲဆိုတာကို ဗီဒီယိုဖြင့် တွေ့ရှိခဲ့ရပါတယ်။
■ အချို့လူတွေဆိုရင် အိမ်မွေးတိရိစ္ဆာန်တွေကို အလွန်ချစ်ကြပြီး အခြားလူတွေနဲ့ စကားပြောမယ့်အစား အိမ်မွေးတွေနဲ့သာ စကားပြောလိုတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရပါတယ်။
■ ယူကေမှာ လူ ၂,၀၀၀ ကို လေ့လာရာမှာ ၃၆ ရာခိုင်နှုန်းက ရံဖန်ရံခါမှာ အခြားလူတွေထက် သူတို့ရဲ့အိမ်မွေးတွေနဲ့ပဲ စကားပြောချင်ကြပါတယ်။
■ ၄၃ ရာခိုင်နှုန်းကတော့ သူတို့ရဲ့အိမ်မွေးတွေဟာ သူတို့ကို နားလည်ကြတယ်လို့ ယုံကြည်နေကြပါတယ်။
■ ကြောင်တွေက လူတွေကို ဘယ်လိုပုံစံနဲ့မြင်ရလဲ၊ ဘယ်လိုအသံကြားရလဲဆိုတာကို YouTube တင်ဆက်သူ ဘင်ဂျော်ဒန်က ပါးနပ်စွာ သရုပ်ဖော်ခဲ့ပါတယ်။
■ ဥပမာအားဖြင့် ခွေးတွေဆိုရင် လူတွေလှုပ်ရှားအသံထွက်တာထက် ၃၃ ရာခိုင်နှုန်း ပိုနှေးပြီး သိရှိကြကာ ခွေးတွေရဲ့အမြင်မှာ လူတွေရဲ့လှုပ်ရှားပုံ၊ အသံတွေက နှေးကွေးစွာ ပေါ်ပေါက်ပါတယ်။
■ ဒါပေမဲ့ ကြောင်တွေကတော့ လူသားတွေထက် လျင်မြန်စွာ မြင်နိုင်ကြပါတယ်။
■ ကြောင်တွေက ခွေးတွေလောက် အရောင်ခွဲခြားမမြင်နိုင်ပေမယ့် လူတွေ ခွေးတွေထက် များစွာအမြင်ပြတ်သားတယ်လို့ ဂျော်ဒန်က ရှင်းပြပါတယ်။
■ ဒါ့အပြင် ကြောင်တွေက အချိန်အနည်းငယ်မျှအတွင်းမှာပင် ခြေထောက်နဲ့ မြေပေါ်ပြန်ကျနိုင်တာကလည်း အထင်ကြီးစရာဖြစ်ပါတယ်။
■ သာမန်အားဖြင့် ကြောင်တွေက တစ်စက္ကန့်ကို ၁၀၀ FPS နှုန်းဖြင့်မြင်ရပြီး လူအများစုကတော့ ၃၀ မှ ၆၀ FPS သာ မြင်ရပါတယ်။
■ ကြောင်တွေရဲ့ တုံ့ပြန်လှုပ်ရှားမှု အလွန်လျင်မြန်တဲ့အကြောင်းတွေကို YouTube ပေါ်မှာ လူအများချီးကျူးထားကြပါတယ်။
Source: UNILAD
တရုတ်သိပ္ပံအကယ်ဒမီ(CAS)လက်အောက် လန်ကျိုးဓာတုရူပတက္ကသိုလ်(LICP)က တရုတ်ပြည်ရဲ့ ပထမဆုံး အလိုက်သင့်ဟိုက်ဒရိုဂျယ်ဘိုင်ယွန်နစ်စုပ်ခွက်ကို တီထွင်ထုတ်လုပ်လိုက်ပြီး ရေအောက်စုပ်ယူခြင်းနဲ့ တိကျမှုလိုအပ်တဲ့ လုပ်ငန်းများအတွက် အခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ကာ စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေးအတွက် အရေးပါတဲ့နည်းပညာပံ့ပိုးမှုများ ပေးစွမ်းသွားမှာပါ။
#Asia_Technology
Published 11 December 2025
#ဟိုက်ဒရိုဂျယ်ဘိုင်ယွန်နစ်စုပ်ခွက် #တရုတ်သိပ္ပံတက္ကသိုလ်
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်စတော့အိတ်ချိန်း(YSX) ရဲ့ အကြိုစာရင်းဝင်ဈေးကွက် (Pre Listing Board) မှာ ဒုတိယမြောက်စာရင်းဝင်ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ယခုဒီဇင်ဘာလ(၁၇)ရက်မှာ စတင်ရောင်းချသွားမယ်လို့ YSX ရဲ့ သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။
#Local_News
Published 11 December 2025
#ရန်ကုန်စတော့အိတ်ချိန်း #
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် ၁ ဒဿမ ၇သန်း ကျော်တင်ပိုထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 11 December 2025
#ဆန်_ဆန်ကွဲ
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်ထွက် ထောပတ်သီးတွေကို ပြည်တွင်းဒေသများသို့ တင်ပို့ရာမှာ အလုံးလိုက်တင်ပို့တာထက် အနှစ်အဖြစ်ပိုမို ပြောင်းလဲထုတ်ပိုးတင်ပို့လာတယ်လို့ ထောပ်တ်သီးကုန်သည်တွေထံမှ သိရပါတယ်။
#Local_News
Published 11 December 2025
#ထောပတ်သီး #ရှမ်းပြည်နယ်
#YMG/SW #Yangon_Times
ဒီဇင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွင်းအားအနည်းငယ်ရှိသော လာနီညာအဆင့်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 11 December 2025
#လာနီညာ #လာနီညာ
#YMG/NN #Yangon_Times
#Daily_News
Published 11 December 2025
၁။ ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ဒဿမ၇သန်းကျော်တင်ပို့ထား
၂။ ထောပတ်သီးများကို အလုံးလိုက်တင်ပို့ခြင်းမှ အနှစ်အဖြစ်ပိုမိုထုတ်ပိုးတင်ပို့လာ
၃။ အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင်ဆက်လက်တည်ရှိနိုင်
၄။ ပစ္စည်းပုံသဏ္ဍာန်အမျိုးမျိုးကိုအလိုက်သင့်ဖမ်းယူနိုင်မည့်ဟိုက်ဒရိုဂျယ်ဘိုင်ယွန်နစ်စုပ်ခွက်အား တရုတ်သိပ္ပံတက္ကသိုလ်တီထွင်ထုတ်လုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 11 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးအရာရှိတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကနေ စုံစမ်းစစ်ဆေးခြင်းမပြုဖို့ စာရွက်စာတမ်းများ ကတိပြုပြင်ဆင်ရန် သမ္မတအစိုးရအဖွဲ့က အလိုရှိနေပြီး ဒီလိုမဟုတ်ပါက တရားရုံးကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားမယ်လို့ သမ္မတအစိုးရအဖွဲ့အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
■ အစ္စရေးလ်ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးမှုများနဲ့ အာဖဂန်မှာ အမေရိကန်တပ်သားများရဲ့ လုပ်ရပ်များအပေါ် စစ်ဆေးမှုများကိုလည်း မစွန့်လွှတ်ဘူးဆိုရင် ICC အရာရှိတွေနဲ့ တရားရုံးကို နောက်ထပ်အရေးယူမှုများ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
■ အမေရိကန်က သူတို့ဆန္ဒတွေကို မဟာမိတ်အချို့ပါဝင်တဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေထံ ဆက်သွယ်ပြောကြားထားပါတယ်။
■ ICC ကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်မယ့် ခြိမ်းခြောက်မှုတွေ တောင်းဆိုချက်တွေကို ယခင်က မဖော်ပြထားပါဘူး။
■ အမေရိကန်ရဲ့ တောင်းဆိုမှုတွေအတိုင်း လိုက်လျောပြောင်းလဲဖို့ဆိုတာက ICC အဖွဲ့ဝင်နိုင်ငံ ၃ ပုံ ၂ ပုံထံမှ အသိအမှတ်ပြုချက်ရရန် လိုအပ်ပြီး ခက်ခဲတဲ့လမ်းစဉ်ဖြစ်လာနိုင်ပါတယ်။
■ ICC ကို ဒဏ်ခတ်ပိတ်ဆို့ပါက လုပ်ငန်းစဉ်များ ထိခိုက်ကာ ဝန်ထမ်းများ လစာပေးချေရေးနဲ့ ရင်းမြစ်ရရှိရေးတို့မှာ သက်ရောက်လာနိုင်ပါတယ်။
■ ၂၀၂၉ ခုနှစ် ထရမ့်နဲ့အစိုးရအဖွဲ့ အာဏာသက်တမ်းကုန်လွန်ပြီးခါမှ ICC ပစ်မှတ်ထားလာမှာကိုလည်း စိုးရိမ်နေရပါတယ်။
Source: Reuters
◾️ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ - အမေရိကန်နိုင်ငံသား မဟုတ်သူများအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်ကို အမြန်ရရှိနိုင်ရန်အတွက် ဈေးနှုန်းကြီးမြင့်သော လမ်းကြောင်းတစ်ခုအဖြစ် ထရမ့် ရွှေကတ် ဗီဇာအစီအစဉ်ကို သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် တရားဝင် စတင်လိုက်သည်။
◾️"ယခုလျှောက်ထားပါ" (apply now) ခလုတ်ပါဝင်သော Trumpcard.gov ဝက်ဘ်ဆိုက်တွင် စိတ်ပါဝင်စားသူ လျှောက်ထားသူများအနေဖြင့် လုပ်ငန်းစဉ် မြန်ဆန်စေရန်အတွက် အမိမြေလုံခြုံရေးဌာန (Department of Homeland Security) သို့ ဒေါ်လာ ၁၅,၀၀၀ ကြေး ပေးသွင်းလျှောက်ထားနိုင်ပြီဖြစ် သည်။
◾️နောက်ကြောင်းရာဇဝင် စစ်ဆေးခြင်း သို့မဟုတ် စိစစ်ခြင်းလုပ်ငန်းစဉ်ကို ဖြတ်သန်းပြီးနောက်၊ လျှောက်ထားသူများသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုသော "Green Card" (ဂရင်းကတ်) နှင့် ဆင်တူသည့် ဤဗီဇာကို ရရှိရန်အတွက် လက်ဆောင်ဟု အမည် ပေးထားသည့် ဝက်ဘ်ဆိုက်တွင် လှူဒါန်းငွေအဖြစ် ဒေါ်လာ ၁ သန်းကို ပေးသွင်းရမည် ဖြစ်သည်။
◾️"အခြေခံအားဖြင့်တော့ ဒါက Green Card ပါပဲ၊ ဒါပေမယ့် ပိုကောင်းပါတယ်။ ပိုပြီး အရှိန်အဝါရှိတယ်၊ ပိုပြီး ခိုင်မာတဲ့လမ်းကြောင်းတစ်ခုပါ" ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့ သည်။ "လမ်းကြောင်းတစ်ခု ရှိတယ်ဆိုတာက အရေးကြီးပါတယ်။ လူတော်လူကောင်းတွေ ဖြစ်ရပါမယ်” ဟုသူကပြောသည်။
◾️ကြိုတင်စာရင်းပေးသွင်းသည့် ကာလအတွင်း လူပေါင်း ၁၀,၀၀၀ ခန့်က ရွှေကတ်အတွက် စာရင်း ပေးသွင်းထားပြီးဖြစ်ကြောင်းနှင့် နောက်ထပ်များစွာ လုပ်ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ် က ပြောကြားခဲ့သည်။ "အချိန်ကြာလာတာနဲ့အမျှ ဒီကတ်တွေ ထောင်ပေါင်းများစွာ ရောင်းချရပြီး ဒေါ်လာ ဘီလီယံနဲ့ချီ ရှာဖွေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု လတ်နစ် က Reuters သတင်းဌာနနှင့် အကျဉ်းရုံး တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
◾️ရွှေကတ်အစီအစဉ်သည် စီးပွားရေးကို အကျိုးပြုမည့်သူများကို အမေရိကန်ပြည်ထောင်စုသို့ ခေါ်ဆောင် လာမည်ဖြစ်ကြောင်း လတ်နစ် က ပြောကြားခဲ့သည်။ သူက ယင်းကို "သာမန်" Green Card ကိုင်ဆောင်သူများနှင့် နှိုင်းယှဉ်ပြခဲ့ပြီး၊ ထိုသူတို့သည် သာမန် အမေရိကန်များထက် ဝင်ငွေနည်းပါးကာ သူတို့ သို့မဟုတ် သူတို့၏ မိသားစုဝင်များသည် ပြည်သူ့ဖူလုံရေး အထောက်အပံ့များကို မှီခိုရနိုင်ခြေ ပိုများကြောင်း ပြောဆိုခဲ့သည်။ သို့သော် သူ၏ ပြောဆိုချက်အတွက် သက်သေအထောက်အထား တစ်စုံ တစ်ရာ မပြသခဲ့ပေ။
◾️ထရမ့်၏ အစိုးရသည် လူဝင်မှုကြီးကြပ်ရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး၊ နိုင်ငံ အတွင်း တရားမဝင် နေထိုင်သူ သိန်းပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးခဲ့သလို တရားဝင် လူဝင်မှုကြီးကြပ် ရေးကိုလည်း ဟန့်တားရန် အစီအမံများကို လုပ်ဆောင်လျက်ရှိသည်။
◾️ရွှေကတ်အစီအစဉ်သည် ထိုအခြေအနေအတွက် ထရမ့်ပုံစံဖြင့် ပြန်လည်ထိန်းညှိမှုတစ်ခုဖြစ်ပြီး အမေရိကန် ဘဏ္ဍာရေးဌာနအတွက် ငွေကြေးရရှိစေရန် ရည်ရွယ်ပုံဖော်ထားခြင်းဖြစ်သည်။
-End-
Page 157 of 2002