#World_News
Published 20 May 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်သို့ လာရောက်လည်ပတ်ပြီး တစ်ပတ်မရှိသေးခင်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်က မိတ်ဆွေဟောင်းကြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လက်ခံတွေ့ဆုံသွားဖို့ စီစဉ်နေပါတယ်။
■ ကမ္ဘာတဝှမ်း ကုန်သွယ်ရေးတင်းမာမှုတွေ၊ စစ်ပွဲတွေ၊ စွမ်းအင်အကျပ်အတည်းတွေကြောင့် တုန်လှုပ်နေရချိန်မှာ တရုတ်ကတော့ တည်ငြိမ်တဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရှိနေအောင် ပုံဖော်နေတာ ဖြစ်ပါတယ်။
■ တရုတ်က ကမ္ဘာ့နိုင်ငံရေးမှာ ကြားနေအဖြစ် ပုံဖော်နေပေမယ့် ပူတင်က အနောက်တိုင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ဆန့်ကျင်ပြီး တရုတ်နဲ့ အပြန်အလှန် ထောက်ပံ့ရေးကို အလေးပေးပြောဆိုနေပါတယ်။
■ အမေရိကန်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှားကို ဖိအားပေးဖို့ တရုတ်ကို တောင်းဆိုနေပေမယ့် ယခုခရီးစဉ်ကတော့ တရုတ်နဲ့ ရုရှားကြား ခိုင်မာတဲ့ဆက်ဆံရေးကို ညွှန်ပြနေပါတယ်။
■ အမေရိကန်က ယင်းအင်အားကြီးနှစ်နိုင်ငံကို ခွဲခြားဖို့ ကြိုးစားနေပေမယ့် ယခုတွေ့ဆုံမှုက ယင်းတို့ရဲ့ ဆက်ဆံရေးခိုင်မြဲကြောင်း သက်သေပြနေပါတယ်။
■ ပူတင်က Power of Siberia 2 ပိုက်လိုင်း ညှိနှိုင်းရေးအပါအဝင် တရုတ်နဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။
■ တရုတ်က ရုရှားရေနံ အများဆုံးဝယ်ယူသူ ဖြစ်နေဆဲဖြစ်ပြီး တရုတ်ယွမ်ငွေဖြင့် ပေးချေလာပါတယ်။
■ တရုတ်က ရုရှားကို စီးပွားရေး၊ သံတမန်ရေး ထောက်ပံ့မှုများ ပေးနေသလို အနောက်တိုင်းနိုင်ငံတွေနဲ့လည်း သံတမန်ရေး ညီညွတ်မျှတအောင် ပြုမူနေပါတယ်။
Source: Reuters