#World_Health
Published 19 May 2026

■ ညဘက် ကောင်းစွာအိပ်စက်ခြင်းကို အထောက်အကူ ပြုတဲ့နေရာမှာ မဂ္ဂနီဆီယံက လူသိအများဆုံးဖြစ်ပါတယ်။

■ မဂ္ဂနီဆီယံက အိပ်စက်မှုထိန်းချုပ်ခြင်း အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းစဉ် အများအပြားမှာ ပါဝင်ပတ်သက်နေပါတယ်။

■ မဂ္ဂနီဆီယံက စိတ်ပြေလျော့စေခြင်း၊ အာရုံကြောစနစ် ငြိမ်သက်စေခြင်း၊ GABA လှုပ်ရှားမှု မြှင့်တင်ပေးခြင်းတို့ကို ထောက်ကူပေးခြင်းဖြင့် အိပ်စက်ခြင်းကို အကူအညီဖြစ်စေပါတယ်။

■ ခန္ဓာကိုယ် အိပ်စက်မှု ပြင်ဆင်ရာမှာ အကူအညီဖြစ်စေဖို့ ညအိပ်ရာမဝင်ခင် မိနစ် ၃၀-၆၀ ခန့်မှာ မဂ္ဂနီဆီယံ သောက်သုံးဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပေမယ့် ဘယ်အချိန်သောက်ခြင်းက ပိုထိရောက်လဲဆိုတဲ့ လေ့လာချက်တွေ အတိအကျ မရှိသေးပါဘူး။

■ ညနေခင်းတိုင်း မဂ္ဂနီဆီယံကို အချိန်မှန်သောက်ပေးမယ်ဆိုရင်တော့ အိပ်ချိန်ပုံမှန်ဖြစ်စေပြီး အိပ်စက်မှု တိုးတက်စေနိုင်မှာပါ။

■ မဂ္ဂနီဆီယံဂလိုင်ဆနိတ်နဲ့ မဂ္ဂနီဆီယံအယ်သီယိုနိတ်တို့က ကောင်းစွာစုပ်ယူနိုင်ကာ ငြိမ်သက်စေတဲ့ အစွမ်းသတ္တိရှိတာကြောင့် အိပ်စက်မှုကို ထောက်ပံ့ပေးနိုင်ပြီး မဂ္ဂနီဆီယံဆစ်ထရိတ်နဲ့ အောက်ဆိုက်တို့ကတော့ အစာခြေဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

■ လူကြီးတွေအတွက် တစ်နေ့ကို မဂ္ဂနီဆီယံ ၂၀၀-၄၀၀ မီလီဂရမ် သောက်သုံးသင့်ပြီး စစချင်းမှာတော့ ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ပမာဏနည်းနည်းဖြင့် စသင့်ပါတယ်။

■ မဂ္ဂနီဆီယံက အချို့သောဆေးတွေနဲ့ တုံ့ပြန်သက်ရောက်နိုင်ကာ သွေးပေါင်ချိန် ကျဆင်းနိုင်တာကြောင့် သတိထားသုံးစွဲသင့်ပါတယ်။

■ ကောင်းစွာအိပ်စက်နိုင်ဖို့အတွက်ဆိုရင် အိပ်ချိန်ပုံမှန်ထားရှိခြင်း၊ အိပ်ခန်းအနေအထား ကောင်းစွာထားရှိခြင်း၊ သဘာဝအလင်းရောင် ရရှိခြင်းတို့က အရေးပါပါတယ်။

Source: Eating Well