#World_News
Published 19 May 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို အင်္ဂါနေ့မှာ တိုက်ခိုက်ဖို့အစီအစဉ် ဆိုင်းငံ့ထားလိုက်တယ်လို့ တနင်္လာနေ့က ပြောပါတယ်။
■ အရှေ့အလယ်ပိုင်း အင်အားကြီး ၃ နိုင်ငံမှ အကြီးအကဲတွေက ထရမ့်ကို စောင့်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
■ ကာတာဘုရင် တာမင်ဘင်ဟာမက်အယ်ထနီ၊ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်၊ ယူအေအီးသမ္မတ မိုဟာမက်ဘင်ဇိုင်ယက်အယ်နာယန်တို့ရဲ့ တောင်းဆိုမှုတွေကြောင့် အီရန်ကိုတိုက်ခိုက်မယ့် အစီအစဉ် မပြုလုပ်တော့ဘူးလို့ ထရမ့်က Truth Social မှာ ဖော်ပြခဲ့ပါတယ်။
■ မကြာခင် ဘာဖြစ်မလဲဆိုတာကို အီရန်သိရှိနေတယ်လို့ ထရမ့်ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောထားပါဘူး။
■ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းချက်များအပေါ် အီရန်ရဲ့ နောက်ဆုံးတုံ့ပြန်မှုတွေက မလုံလောက်ဘူးလို့ ယူဆထားကာ ထရမ့်က စစ်ဆင်ရေးတွေ ပြန်လည်စဉ်းစားလာတာ ဖြစ်ပါတယ်။
■ "ခဏလောက်တော့ ရပ်ဆိုင်းထားပါတယ်။ ဖြစ်နိုင်ရင်တော့ တသက်လုံးပါ။ ဒါပေမဲ့ ခဏလေးပဲ ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။
■ အခြားနိုင်ငံတွေကတော့ သဘောတူညီချက်ရရှိရန် အလွန်နီးစပ်နေပြီလို့ ယူဆတာကြောင့် အချိန် ၂ ရက် ၃ ရက်လောက်ပဲ စောင့်ဆိုင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
■ နျူကလီးယားလက်နက် မထားရှိရေး သဘောတူညီချက်သာ အီရန်လက်ခံရင် ထရမ့်ကလည်း ကျေနပ်မှာ ဖြစ်ပါတယ်။
■ ညှိနှိုင်းမှုတွေသာ အဆင်မပြေပါက စစ်ဆင်ရေးကြီး ဆက်လက်ဆင်နွှဲဖို့ ထရမ့်က ကာကွယ်ရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ကို ညွှန်ကြားထားပါတယ်။
Source: CNBC