#Local_News
Published 21 May 2026
■ ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုကျမှုများနှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ မေလ၂၁ ရက်နေ့၊ မနက် ၇ နာရီ ၄၀ အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်း ဝန်ထမ်းအိမ်ရာပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ အဆိုပါသတင်းရရှိသဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
■ အလားတူ မေ(၂၀) ရက်နေ့၊ ညနေ ၄နာရီ၂၅မိနစ် အချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရေး သိပ္ပံကျောင်းရှေ့၊ အ.ထ.က ကျောင်းရှေ့၊ စာတိုက်ရုံးရှေ့တို့တွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times