#World_Science
Published 22 May 2026

■ ၂၀၀၅ မှ ၂၀၁၉ အတွင်း လူသားတွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုတဲ့ စကားလုံးအရေအတွက် ၂၈ ရာခိုင်နှုန်းနီးပါး နည်းသွားတယ်လို့ မစ်ဆူရီကန်ဆက်စ်စီးတီးနဲ့ အရီဇိုးနားတက္ကသိုလ်မှ သုတေသီတွေ ပြောပါတယ်။

■ လူပေါင်း ၂ ထောင်ကျော်ရဲ့ အသံမှတ်တမ်းတွေရဲ့ အချက်အလက်တွေကို လေ့လာခဲ့ရာ ၂၀၀၅ မှာ ပျမ်းမျှစကားလုံးအရေအတွက် ၁၆,၆၃၂ လုံး ပြောခဲ့ပါတယ်။

■ ယခုနောက်ပိုင်း ရောက်လာတာနဲ့အမျှ ဖုန်းတွေနဲ့ စာရေးသားပေးပို့ခြင်းတွေသာ များလာပြီး အွန်လိုင်းမှာ အနေများလာပါတယ်။

■ ၂၀၁၉ မှာတော့ တစ်နေ့ကို စကားလုံး ၁၁,၉၀၀ လုံးခန့် ပြောခဲ့ပါတယ်။

■ လူတွေရဲ့ အခြေခံစကားပြောဆိုစွမ်းရည်တွေလည်း ကျဆင်းလာပြီး လူလူချင်းကူးလူးဆက်ဆံမှု ကျဆင်းလာခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ စိုးရိမ်စရာ ဖြစ်လာပါတယ်။

■ ဒီထဲမှာမှ လူငယ်လူရွယ်တွေမှာ ပိုပြီးသက်ရောက်ပြီး အသက် ၂၅ နှစ်အောက်လူတွေမှာ တစ်နှစ်ကို စကားလုံး ၄၅၁ လုံး ပိုနည်းသွားပြီး ၂၅ နှစ်အထက်တွေမှာတော့ ၃၁၄ လုံး ပိုနည်းသွားပါတယ်။

■ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ပြောဆိုတဲ့ စကားလုံးအရေအတွက် ၃၃၈ လုံး ကျဆင်းသွားပါတယ်။

■ ဒီလိုနှုန်းထားဖြင့်သာ ဆက်သွားနေပါက တစ်နေ့ကို စကားလုံးတစ်သောင်းလောက်အထိ နည်းနိုင်ပါတယ်။

■ ဒါပေမဲ့ နီဗာဒါတက္ကသိုလ်မှ ပရော်ဖက်ဆာ ဗယ်လာရီဖရစ်လန်းက စိုးရိမ်ပူပန်စရာ မရှိဘူးလို့ ဆိုပါတယ်။

■ အပြောင်းအလဲငယ်များဖြင့် ပြန်ပြောင်းလို့ရနိုင်ဖွယ်ရှိပြီး မိဘတွေက ကလေးငယ်တွေကို စကားပိုပြောခြင်း၊ ဖုန်းတွေကို အချိန်အတိုင်းအတာတစ်ခုအထိ လျှော့ချအသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Source: The Verge.