#World_News
Published 22 May 2026

■ အီရန်ရဲ့ လက်နက်ထုတ်လုပ်နိုင်လုနီးပါးအဆင့်ရှိ ယူရေနီယံများ ပြည်ပသို့ တင်ပို့ခြင်းမပြုရန် အီရန်အဓိပတိခေါင်းဆောင်က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

■ အမေရိကန်ရဲ့ တောင်းဆိုချက်ကြီးတစ်ခုအပေါ် အီရန်ဘက်က တင်းမာစေတဲ့ ရပ်တည်ချက်သဘော ပြသလိုက်တာ ဖြစ်ပါတယ်။

■ အီရန်ခေါင်းဆောင် အယာတိုလာမော့တာဘာခါမေနီရဲ့ ညွှန်ကြားချက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စိတ်ပျက်စေဦးမှာဖြစ်ပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေ ရှုပ်ထွေးလာနိုင်ပါတယ်။

■ အမေရိကန်အနေဖြင့် အီရန်တို့ အဆင့်မြင့်သန့်စင် ယူရေနီယံ သိုလှောင်မှု‌ေတွကို ပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်ကြောင်း ထရမ့်က ကြာသပတေးနေ့မှာ အသေအချာပြောထားပါတယ်။

■ အီရန်အနေဖြင့် အဏုမြူလက်နက်ထုတ်လုပ်ရန် လိုအပ်တဲ့ အဆင့်မြင့်သန့်စင် ယူရေနီယံလက်ကျန်များကို နိုင်ငံပြင်ပသို့ ပို့ဆောင်ရမှာဖြစ်ကြောင်းနဲ့ မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ဒီအချက်ကို ထည့်သွင်းရမှာဖြစ်ကြောင်း ထရမ့်က အစ္စရေးလ်ကို ပြောထားပါတယ်။

■ အီရန်တို့မှာ သန့်စင်ယူရေနီယံများ မဖယ်ရှားခင်အထိ စစ်ပွဲအဆုံးသတ်ရေး စဉ်းစားမှာ မဟုတ်ဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ပြောထားပါတယ်။

■ အီရန်ဘက်ကတော့ ဒီလိုပစ္စည်းတွေကို နိုင်ငံရပ်ခြားတင်ပို့ပါက တိုင်းပြည်တိုက်ခိုက်ခံလာရနိုင်တယ်လို့ ထိပ်သီးအရာရှိတွေ ယူဆနေပါတယ်။

■ အမေရိကန်အိမ်ဖြူတော်ကလည်း ထရမ့်ရဲ့စည်းမျဉ်းတွေဟာ ရှင်းလင်းပြီး အမေရိကန်တွေ ဘေးကင်းရေးအတွက် သဘောတူညီချက်မျိုးသာ လက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters