#World_Health
Published 22 May 2026
■ လူတစ်ယောက်ရဲ့ ဇီဝဆိုင်ရာသက်တမ်းဟာ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံ၊ ပတ်ဝန်းကျင်တို့ လွှမ်းမိုးနေပြီး လူ့အသက်အရွယ်ထက်ပိုပြီး သက်ရှည်ကျန်းမာခြင်းကို ဖော်ပြနေပါတယ်။
■ ဇီဝဆိုင်ရာသက်တမ်းကို ၅ နှစ်လောက် နုပျိုစေမယ့် မရှိမဖြစ်နည်းလမ်းတွေကို အမေရိကန်နှလုံးအဖွဲ့စည်းက လမ်းညွှန်ထားပါတယ်။
■ အဓိကအလေ့အကျင့်ပုံစံတွေကတော့ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးဖို့နဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေ အချိုဓာတ်တွေကို အနည်းဆုံးလျှော့ချဖို့ ဖြစ်ပါတယ်။
■ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့ကလည်း အရေးပါပြီး လူကြီးတွေအနေနဲ့ အပတ်တိုင်း အသင့်အတင့်လေ့ကျင့်ခန်း မိနစ် ၁၅၀ သို့မဟုတ် ပြင်းထန်တဲ့လေ့ကျင့်ခန်း ၇၅ မိနစ်၊ ကလေးတွေအတွက် နေ့စဉ် မိနစ် ၆၀ ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။
■ ဆေးလိပ်နဲ့ vape သောက်ခြင်း ရှောင်ရှားဖို့က နှလုံးသွေးကြောကျန်းမာရေးအတွက် အရေးကြီးပြီး သူနဲ့ဆက်စပ်တဲ့ အန္တရာယ်တွေမှ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ လူကြီးတွေအနေနဲ့ တစ်ညကို နှစ်ခြိုက်စွာအိပ်စက်ချိန် ၇-၉ နာရီခန့် ရှိသင့်ပြီး အိပ်ရေးမဝပါက နှလုံးရောဂါ ဆက်စပ်လာနိုင်ပါတယ်။
■ အာဟာရရှိတဲ့ စားစရာတွေစားပြီး ကိုယ်အလေးချိန် ထိန်းသိမ်းဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှုကို တက်ကြွစွာ လုပ်ဆောင်ဖို့ အကြံပြုထားပေမယ့် အလွန်အကျွံ ထိန်းသိမ်းစားသောက်ခြင်းကိုတော့ အားမပေးပါဘူး။
■ ဆင်ခြင်စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်တို့ကို ထိန်းသိမ်းခြင်း၊ ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ခြင်းတို့က သက်ရှည်ကျန်းမာဖို့အတွက် အရေးကြီးပါတယ်။
■ မျိုးရိုးဗီဇက ကျန်းမာရေးမှာ ပါဝင်ပတ်သက်ပေမယ့် နေထိုင်စားသောက်မှု ရွေးချယ်ခြင်းတွေကပဲ အတော်လေး သက်ရောက်စေတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်ကျင့်ကြံဖို့ ဘယ်တော့မှ နောက်မကျသေးပါဘူး။
Source: HuffPost.