၆ ဩဂုတ်၊၂၀၂၆(ဘန်ကောက်)

ခရီးစဉ်အကျဉ်း — နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ကဏ္ဍစုံ၌ မြှင့်တင်ရန် သဘောတူခဲ့သည်။

၁။ နိုင်ငံရေးနှင့် လုံခြုံရေး

  • ပူးတွဲကော်မရှင် (JC) အစည်းအဝေးကို ဆောလျင်စွာကျင်းပရန်၊ အဆင့်မြင့်ခရီးစဉ်များနှင့် နိုင်ငံရေးရာညှိနှိုင်းဆွေးနွေးပွဲများ တိုးမြှင့်ရန် သဘောတူခဲ့သည်။
  • နယ်စပ်တည်ငြိမ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးယန္တရားများကို ဆက်လက်ခိုင်မာစေပြီး မဟာဗျူဟာအဆင့် Security Dialogue ကျင်းပရန် ကြိုဆိုခဲ့သည်။
  • အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးတွဲတိုက်ဖျက်ရန် သဘောတူခဲ့သည်။
  • မြန်မာနိုင်ငံ၏ Egmont Group အဖွဲ့ဝင်ဖြစ်ရေးကို ထိုင်းဘက်က ဆက်လက်ထောက်ခံမည်ဖြစ်ပြီး နှစ်နိုင်ငံလွှတ်တော်များ ပူးပေါင်းမှုမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။

၂။ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ချိတ်ဆက်မှု

  • နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရရှိစေရန် ရည်မှန်းပြီး ကုန်သွယ်ရေးအတားအဆီးများ ဖြေလျှော့ရန် ပူးပေါင်းမည်။
  • အမှတ် (၂) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (မြဝတီ-မဲဆောက်) ပြန်ဖွင့်မှုကို ကြိုဆိုပြီး အခြေအနေသင့်ပါက ကျန်နယ်စပ်ဂိတ် များ ပြန်ဖွင့်ရေး စဉ်းစားမည်။
  • ကုန်းလမ်း၊ ပင်လယ်ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများပါဝင်သည့် Multi-modal Connectivity အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရေး အရေးကြီးကြောင်း ဖော်ပြခဲ့သည်။
  • ရနောင်း-မြန်မာဆိပ်ကမ်း ရေကြောင်းဆက်သွယ်မှု၊ ဖူနမ်ရွမ်-ထီးခီး-ထားဝယ်စင်္ကြန်နှင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး အဆင့်မြှင့်ရေး ဆွေးနွေးမည်။
  • စွမ်းအင်ဖူလုံရေး၊ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးနှင့် လက်ရှိ၊ အနာဂတ် စွမ်းအင်စီမံကိန်းများ လွယ်ကူချောမွေ့ရေး ပူးပေါင်း မည်။
  • အလုပ်သမားရေးရာ MOU အသစ်နှင့် အလုပ်သမားခန့်ထားရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ကြိုဆိုခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍပူးပေါင်းမှု မြှင့်တင်မည်။

၃။ သဘာဝပတ်ဝန်းကျင်

  • နယ်စပ်ဖြတ်ကျော် မီးခိုးမြူ၊ လေဟာပြင်မီးရှို့မှုနှင့် ရေညစ်ညမ်းမှုတို့ကို ပူးပေါင်းဖြေရှင်းမည်။
  • CLEAR Sky Strategy အပါအဝင် တောမီးစောင့်ကြည့်ရေး၊ သတင်းအချက်အလက်မျှဝေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်မည်။
  • နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော်မြစ်များ ရေအရည်အသွေးစီမံခန့်ခွဲမှု ပူးတွဲလုပ်ငန်းအဖွဲ့ TOR လက်မှတ်ရေးထိုးမှုကို ကြိုဆိုခဲ့ သည်။

၄။ လူမှု၊ ခရီးသွားနှင့် နည်းပညာ

  • ပြည်သူအချင်းချင်း ဆက်ဆံရေး၊ ခရီးသွားလုပ်ငန်း၊ ခရီးသွားလုံခြုံရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားဖွံ့ဖြိုးရေးကို မြှင့်တင် မည်။
  • မြန်မာ-ထိုင်း သုံးနှစ်တာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၂၀၂၆-၂၀၂၈) အောက်တွင် ကျန်းမာရေး၊ ပညာရေး၊ MSMEs၊ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ကဏ္ဍများ ပူးပေါင်းမည်။
  • ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်တွင် ထိုင်းလေကြောင်းလိုင်း၏ ဗန်ကောက်-ရန်ကုန် ခရီးစဉ် တိုးချဲ့ပြေးဆွဲရန် အစီအစဉ်ကို ကြိုဆိုခဲ့ သည်။
  • မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ထိုင်း GISTDA တို့အကြား ကမ္ဘာမြေလေ့လာရေးနှင့် အာကာသနည်းပညာ ပူးပေါင်းမှု MOU လက်မှတ်ရေးထိုးခဲ့သည်။

၅။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားကိစ္စရပ်များ

  • အာဆီယံ၊ BIMSTEC၊ ACMECS နှင့် မဲခေါင်ဒေသယန္တရားများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ပံ့ပိုးမှု တိုးမြှင့်မည်။
  • မြန်မာနိုင်ငံ၏ ACMECS ဥက္ကဋ္ဌတာဝန်နှင့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေး ကျင်းပရေးကို ထိုင်းနိုင်ငံက ထောက်ခံခဲ့သည်။
  • အာဆီယံယန္တရားများတွင် မြန်မာနိုင်ငံ အပြည့်အဝတန်းတူညီမျှ ပါဝင်နိုင်ရေး ထိုင်းနိုင်ငံက ဆက်လက်ကူညီမည်ဟု အတည်ပြုခဲ့ သည်။
  • မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းမှုကို ထိုင်းနိုင်ငံက ကြိုဆိုခဲ့သည်။

(ကိုးကား- အစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ချက် “ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ သွားရောက်သည့်တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်”)