#Daily_News
Published 19 December 2025
၁။ ထပ်မံလိုင်စင်လျှောက်ထားရမည့် ရုပ်ရှင်လုပ်ငန်းအမျိုးအစားများကို ထုတ်ပြန်
၂။ ဖရဲ၊သခွားများသယ်ယူပို့ဆောင်စရိတ်နှင့်အချိန်ကြန့်ကြာမှုများကြောင့် တွက်ခြေကိုက်မှုနည်းပါးနေ
၃။ ဂုတ်ထိပ်တံတားကြည့် ရထားခရီးစဉ်ကိုအပတ်စဉ်စနေ၊တနဂ်နွေများတွင် ပြေးဆွဲမည်
၄။ တရုတ်ပြည်၏ပထမဆုံးသောဇီဝမက်သနောစီမံကိန်းကြီး စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 December 2025
■ TikTok ရဲ့ တရုတ်ပိုင်ရှင် ByteDance က အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ ဦးဆောင်မယ့် TikTok's U.S. app လည်ပတ်ဖို့အတွက် ပူးတွဲလုပ်ငန်းလုပ်ဆောင်သွားရန် အဓိကရင်းနှီးမြှုပ်နှံသူ ၃ ဦးနဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
■ ဒါဟာ အမေရိကန်အစိုးရမှ ပိတ်ပင်မှုကို ရှောင်ရှားရန်ဖြစ်ပြီး မသေချာမရေရာမှုတွေ အဆုံးသတ်စေမှာ ဖြစ်ပါတယ်။
■ သမ္မတဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ဩဂုတ်တည်းက TikTok ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။
■ ဇန်နဝါရီ ၂၀ တရားဥပဒေအရ တရုတ်ပိုင်ရှင်တွေကသာ TikTok ကို မရောင်းဘူးဆိုရင် ပိတ်ပင်သွားမှာဖြစ်ပြီး ယခုသဘောတူညီချက် အသေးစိတ်တွေက စက်တင်ဘာလက ထုတ်ပြန်ခဲ့တာတွေနဲ့ ကိုက်ညီခဲ့ပါတယ်။
■ အမေရိကန်မှ TikTok သုံးစွဲသူ သန်း ၁၇၀ အနေနဲ့ ကမ္ဘာ့ရပ်ဝန်းမှာ အဆက်အသွယ်မပြတ် ဆက်လက်သုံးစွဲနိုင်မှာဖြစ်တယ်လို့ TikTok စီအီးအို ရှိုကျီချူက ပြောပါတယ်။
■ သဘောတူညီချက်အရ အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက အစုရှယ်ယာ ၈၀.၁ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပြီး ByteDance ကတော့ ၁၉.၉ ရာခိုင်နှုန်း ကျန်ရှိမှာဖြစ်ပါတယ်။
■ ပူးတွဲလုပ်ဆောင်ချက်အနေဖြင့် အမေရိကန် အချက်အလက်ကာကွယ်ရေး၊ အယ်ဂိုရစ်သမ်လုံခြုံရေး၊ အကြောင်းအရာ သင့်လျော်မှုနဲ့ ဆော့ဖ်ဝဲပိုင်းတွေမှာ လွတ်လပ်တဲ့အရာအဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
■ TikTok နဲ့ သဘောတူလက်မှတ်ရေးထိုးတဲ့ အဓိကရင်းနှီးမြှုပ်နှံသူတွေက Oracle ၊ Silver Lake နဲ့ MGX တို့ဖြစ်ပြီး အမေရိကန်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချရတဲ့ cloud အတွင်း ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။
Source: Reuters
#Local_News
Published 19 December 2025
▪️ စီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြို့သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်မည့်အပြင် ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေ ဧရိယာများအတွက် စိုက်ပျိုးရေ ကူဖြည့်တင်းပေးဝေနိုင်မည်ဖြစ်သဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် များစွာအထောက်အကူပြုစေနိုင်မည့်ဆင်လမ်း (၂) ရေလှောင်တမံ စီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။
▪️ အဆိုပါစီမံကိန်းများကို ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီးနှင့်ပင်တီးကျေးရွာအနီး တို့တွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယမန်နေ့နံနက်ပိုင်းကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်မည့် လျာထားနေရာများကို ကွင်းဆင်းကြည့်ရှုပြီးနောက် ဒုတိယဝန်ကြီးက တမံအောက်ခံအုတ်မြစ်ဧရိယာနှင့် ရေဝပ်ဧရိယာများအတွင်းတွင် မြေအောက်ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများကို အသေးစိတ် ဆက်လက်ဆောင်ရွက်ကြရန်၊ ခန့်မှန်းခြေစာရင်းတွက်ချက်ခြင်းတို့ကို အမြန်ဆုံးပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး မြေပြင်တိုင်းတာနေမှု၊ တမံအူကြောင်းနေရာ ရွေးချယ်နေမှု၊ ဘူမိဗေဒစမ်းသပ်လေ့လာဆောင်ရွက်နေမှု၊ အရည်အသွေးကောင်းမွန်သည့် ဖို့မြေအမျိုးအစား စူးစမ်းရှာဖွေဆောင်ရွက်နေမှု၊ စီးဝင်ချောင်းများ၏ ရေစီး ရေလာနှင့် ရေသိုလှောင်ရရှိနိုင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ လက်ရှိဆင်လမ်းရေလှောင်တမံသည် မူလကန်ရေပြည့်သိုလှောင်ပမာဏသည် ၆၈၄၆ ဧကပေရှိပြီး ယခုသိုလှောင်ပမာဏ ၇၂၁၇ ဧကပေရှိသဖြင့် မူလကန်ရေပြည့် သိုလှောင်ပမာဏထက် ၃၇၁ ဧကပေ ပိုမိုသိုလှောင်ထားသောကြောင့် ရေပိုမိုတိုးချဲ့ပေးဝေနိုင်ရေး အသင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 December 2025
▪️ တက္ကသိုလ်များတွင်မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ကျင်းပသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။
▪️ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် စီးပွားရေးပညာရှင်များ၏ကဏ္ဍသည် အဓိကအရေးကြီးသည့်အတွက် စီးပွားရေးပညာ ရှင်များကို မွေးထုတ်ပေးနေသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ၏ (၂၅)နှစ် မြောက်ကာလအထိ အောင်မြင်တိုးတက်မှု မှတ်တိုင်ကို ဂုဏ်ပြုသည့် အနေဖြင့် ယခုအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ယင်းကပြောသည်။
▪️ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် ဘွဲ့ကြို သင်တန်းများ၊ ဂုဏ်ထူးတန်းများ၊ မဟာအရည် အချင်းစစ်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း။
▪️ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဗလ ငါးတန်နှင့်ပြည်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ပညာရေး ဖွံ့ဖြိုး တိုးတက်ရေးကို နိုင်ငံတော်အကြီးအကဲက အမြဲလမ်းညွှန်မှာကြားလျက်ရှိပြီး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ဝန်ကြီးချုပ်ကပြောသည်။
▪️ ယင်းအပြင် တက္ကသိုလ်တွင် နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ်ဖြစ်စေရန်အတွက် ကျောင်းသား ဗဟိုပြုစဉ်းစားတွေးခေါ်မှုစနစ်၊ Case Study များနှင့် ပရောဂျက်အခြေပြု သင်ယူမှုစနစ်၊ လက်တွေ့အခြေပြု သင်ယူမှုနည်းစနစ်နှင့် စာကြည့်တိုက်ဗဟိုပြုစနစ်တွေကို အသုံးပြုသင်ကြားနေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူလေ့လာမှု အခွင့်အလမ်းကောင်းများ ရရှိနေကြပြီဖြစ်ကြောင်း၊ထို့ပြင်ကျောင်းသား၊ကျောင်းသူများ၏ပညာရည်မြင့်မား ရေးကို ရည်ရွယ်ပြီး စီးပွားထူးချွန်ဆုနှင့် တက္ကသိုလ်ပညာသင်ဆုများကို နိုင်ငံတော်က ပေးအပ်ချီးမြှင့်လျက်ရှိကြောင်းလည်း ၎င်းကပြောသည်။
▪️ ယင်းအပြင် မကြာမီကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံတည်ဆောက်ရေးကို ကျရာကဏ္ဍမှပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
▪️ ရန်ကုန်စီးပွားရေးတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်အောင်စန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။
#YMG/PP #Yangon_Times
#World_Health
Published 19 December 2025
■ လိမ္မော်ရည်ကို သာမန်အတိုင်းပဲ သောက်ကြလေ့ရှိပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ သိပ်ပြီးမသိကြပါဘူး။
■ နေ့စဉ်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ များစွာသက်ရောက်စေပုံကို သိပ္ပံပညာရှင်တွေ လေ့လာကြဆဲဖြစ်ပါတယ်။
■ မကြာသေးမီက လေ့လာချက်တစ်ခုမှာ လိမ္မော်ရည်ကို ပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်ခံအားဆဲလ်တွေထဲက မျိုးဗီဇပေါင်းများစွာရဲ့ လှုပ်ရှားမှုကို သက်ရောက်စေသလို သွေးပေါင်ချိန်၊ ရောင်ရမ်းခြင်းနဲ့ သကြားဓာတ်ဖြစ်စဉ်တို့ကိုလည်း သက်ရောက်စေတယ်လို့ တွေ့ရှိထားပါတယ်။
■ ရောဂါပိုးမွှားသန့်စင်ထားတဲ့ လိမ္မော်ရည် ၅၀၀ မီလီမီတာကို နှစ်လကြာတဲ့တိုင်အောင် နေ့စဉ်သောက်သုံးစေတဲ့သူတွေမှာ ရောင်ရမ်းခြင်းနဲ့ ဆက်စပ်တဲ့ မျိုးဗီဇတွေရဲ့လုပ်ဆောင်မှုတွေနဲ့ သွေးတိုးခြင်းကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။
■ Hesperidin လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်း ဖလေဗိုနွိုက်ဟာ ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်တို့ ပေးစွမ်းတယ်လို့ ယူဆနေကြပါတယ်။
■ နောက်ထပ်သုတေသနမှာလည်း လိမ္မော်ရည်ပုံမှန်သောက်ခြင်းဟာ အင်ဆူလင်ယဉ်ပါးမှုကျစေခြင်း၊ သွေးတွင်းကိုလက်စထရော လျော့ကျစေခြင်း၊ ဇီဝကမ္မရောဂါဖြစ်သူတွေမှာ သွေးကြောနံရံလုပ်ဆောင်ချက် တိုးတက်စေခြင်းတို့ ပေးစွမ်းနိုင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
■ အသီးလိုက်စားသုံးခြင်းက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အကောင်းဆုံးဆိုပေမယ့် လိမ္မော်ရည် နေ့စဉ်သောက်သုံးခြင်းကလည်း ရောင်ရမ်းမှုတွေ လျော့ကျစေပြီး သွေးစီးဆင်းမှုကောင်းမွန်စေကာ ရေရှည်နှလုံးကျန်းမာရေးအတွက် အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။
Source: Independent.
#World_Health
Published 19 December 2025
■ အမေရိကန်တွေဟာ နေ့စဉ် မရှိမဖြစ် ဟင်းချက်ဆီကို အသုံးပြုနေကြပြီး အဝလွန်ပြဿနာတွေ ဖြစ်လာစေပါတယ်။
■ အမေရိကားရဲ့ အသုံးအများဆုံး ဟင်းချက်ဆီဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေကြောင်းကို UC ရစ်ဗာဆိုက်ကနေ လေ့လာဖော်ပြခဲ့ပါတယ်။
■ အမေရိကန်တွေ အသုံးများတဲ့ ပဲပိစပ်ဆီဟာ စမ်းသပ်ခန်းထဲကြွက်တွေမှာ အဝလွန်ခြင်းနဲ့ အတော်လေးဆက်စပ်နေတယ်လို့ တွေ့ရှိထားပါတယ်။
■ ပဲပိစပ်စားသုံးတဲ့ ကြွက်အများစုဟာ ကိုယ်အလေးချိန် သိသိသာသာ တက်လာတာကို တွေ့ခဲ့ကြပါတယ်။
■ ဒီဆက်စပ်မှုကို သိရှိနားလည်စေနိုင်မယ့် ပထမဆုံးခြေလှမ်းလေ့လာချက် ဖြစ်တယ်လို့ UCR သိပ္ပံပညာရှင် ဆိုနီယာဒိုးက ပြောပါတယ်။
■ HNF4α အသည်းပရိုတိန်း နှစ်မျိုးစလုံးက လူသားတွေထဲမှာ တည်ရှိပေမယ့် နာတာရှည်ရောဂါ၊ အသည်းခြောက်ခြင်းတို့လို အခြေအနေတွေမှာမှ တခြားပုံစံဖြစ်ပေါ်စေပါတယ်။
■ အသက်အရွယ်၊ ကျား/မ၊ မျိုးဗီဇတို့အပြင် ဒီပြောင်းလဲမှုကနေ ပဲပိစပ်ဆီစားသုံးခြင်းဖြင့် အချို့လူတွေ ဝိတ်တက်ပြီး အချို့က ဝိတ်မတက်တဲ့အကြောင်း သိလာစေနိုင်ပါတယ်။
■ ပဲပိစပ်ထဲက လီနိုလစ်အက်ဆစ်က အောက်ဆီလစ်ပင်များအဖြစ် ပြောင်းလဲသွားပြီး များပြားလာတဲ့အခါ အဆီစုပြုံလာစေနိုင်ပါတယ်။
■ ပဲပိစပ်ဆီက ကိုလက်စထရော မပါပေမယ့် များများစားတဲ့အခါ ကြွက်တွေမှာ ကိုလက်စထရော မြင့်တက်စေပြီး ဇီဝကမ္မဆိုင်ရာ နာတာရှည်ရောဂါများ ဖြစ်လာစေနိုင်ပါတယ်။
■ လေ့လာချက်အရ ပဲပိစပ်ဆီက တိုက်ရိုက်အန္တရာယ်မရှိပေမယ့် အဆင့်ဆင့်ထုတ်လုပ်အစာတွေ အလွန်အကျူးစားရင်တော့ ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။
Source: Times of India
တရုတ်ပြည်ရဲ့ CH-7 အမြင့်ပျံ မြန်နှုန်းမြင့် ခံနိုင်ရည်ကြာမြင့်တဲ့ မောင်းသူမဲ့လေယာဉ်ဟာ တရုတ်အနောက်မြောက်ပိုင်းရှိ လေဆိပ်တစ်ခုမှာ ပထမဆုံးခရီးစဉ်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။
#Asia_Technology
Published 18 December 2025
#တရုတ်ပြည် #CH_7
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမယ်လို ယမန်နေ့ကထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 18 December 2025
#စက်သုံးဆီ #အမေရိကန်ဒေါ်လာ
#YMG/SW #Yangon_Times
ပြည်တွင်းကထုတ်လုပ်တဲ့ မြေပဲဆီ၊နှမ်းဆီနဲ့နေကြာဆီ ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့မှာကျင်းပနေတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။
#Local_News
Published 18 December 2025
#ဆီ #နေကြာဆီ
#YMG/NN #Yangon_Times
ငွေစက္ကူ အတုထုတ်လုပ်အသုံးပြုသူများကိုငွေဒဏ်အပြင် ထောင်ဒဏ်နှစ်၂၀အထိချမှတ်နိုင်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 18 December 2025
#ငွေစက္ကူ #ငွေတု
#YMG/SW #Yangon_Times
#Local_News
Published 18 December 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ logo ကို အသုံးပြု၍ တရားမဝင်ကြေညာမှုပြုလုပ်သူများအားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက နိုင်ငံပိုင်သတင်းစာများတွင်အသိပေးကြေညာထားသည်။
▪️ အဆိုပါ ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းကြီးအား (၂၀၁၇) ခုနှစ်မှစ၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်မှတ်ပုံတင်သွင်းဖွဲ့စည်းတည်ထောင်ပြီး နိုင်ငံတော်၏မူဝါနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို စီမံခန့်ခွဲလျက်ရှိရာယခုအခါ လူတစ်စုက အသင်းကြီးနှင့်ပတ်သက်၍ မမှန်မကန်စွပ်စွဲ ဝေဖန်ပြောဆိုခြင်း၊ တရားမဝင် မဟုတ်မမှန်သောအကြောင်းအချက်များ ပေါင်းစပ်လုပ်ကြံဖြန့်ချိခြင်း၊ တာဝန်အရအသင်းကြီးအား ဦးဆောင် ဦးရွက်ပြုဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် ဂုဏ်သိက္ခာ ထိခိုက်စေသည့် သတင်းများကို ပြောဆိုဖြန့်ဝေခြင်း၊ သတင်းတု သတင်းမှားများကို (YGEA) အမည်ခံ၍ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖြန့်ချိနေခြင်းများပြုလုပ်နေကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် အသင်း၏ Logo ကိုလည်း ဆင်တူရိုးမှားအသုံးချကာ တရားမဝင်ကြေညာမှုများတွင် ပြုလုပ်ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် အထက်ပါတရားမဲ့ပြုကျင့်မှုများအား လုံးဝမလုပ်ဆောင်ကြပါရန်နှင့် ဆက်လက်ကျူးလွန် ဖောက်ဖျက်ပါက မလွဲမရှောင်သာဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ဆီးဂိမ်း၌ မြန်မာအားကစားသမားများ ဆုတံဆိပ်ပေါင်း ၅၆ခုရရှိထားပြီး အဆင့်(၇)၌ ဆက်လက်ရပ်တည်နေတယ်လို့က သိရပါတယ်။
#Local_News
Published 18 December 2025
#ဆီးဂိမ်း #မြန်မာအားကစားသမား
#YMG/NN #Yangon_Times
Page 151 of 2002