#World_Health
Published 28 May 2026

■ လွန်ခဲ့တဲ့နှစ်ပေါင်းသန်း ၁၈၀ ခန့်က နေထိုင်ခဲ့တဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ရဲ့ ပုံသဏ္ဍာန်မပျက်လုနီးပါး ကျောက်ဖြစ်ရုပ်ကြွင်းကို ဂျာမနီမှာ သိပ္ပံပညာရှင်တွေ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။

■ တမ်နိုဒွန်တိုဆောရပ်စ်လို့သိကြတဲ့ ဧရာမပင်လယ်တွားသွားသတ္တဝါကြီးက ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေများကြားမှ ဘယ်လိုရှင်သန်ခဲ့လဲဆိုတာကို အစာအိမ်ထဲမှာ တွေ့ရှိခဲ့တဲ့အရာတွေက ပြသနေပါတယ်။

■ လေ့လာမှုတစ်ခုမှာ အစာအိမ်ကျောက်ခဲများပါရှိတဲ့ သွားပေါင်း ၁၀၀ ရှိတဲ့ အသားစား အစ်သီယိုဆောရပ်စ် ရေနေတွားသွားတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။

■ ထိုသတ္တဝါက ပခုံးနဲ့မေးရိုးတို့မှာ ဒဏ်ရာပြင်းထန်စွာ ရထားတဲ့အတွက် မြန်ဆန်တဲ့သားကောင်တွေကို လိုက်ဖမ်းရန် ခက်ခဲခဲ့ပေမယ့် ဆက်လက်ရှင်သန်ရန်အတွက်တော့ တစ်နည်းနည်း ရှာဖွေနိုင်ခဲ့ပါတယ်။

■ အလျား ၂၁ ပေရှိတဲ့ တမ်နိုဒွန်တိုဆောရပ်စ် ကျောက်ဖြစ်ရုပ်ကြွင်းဟာ ပုံသဏ္ဍာန်မပျက် ဦးခေါင်းခွံနဲ့ သွားပေါင်း ၁၀၀ ပါဝင်ပါတယ်။

■ ယခုတွေ့ရှိတဲ့ ဧရာမအသားစားသတ္တဝါကြီးဟာ ယခင်မှတ်တမ်းတင်ထားတာထက် ပိုမိုကြာရှည်စွာ ရှင်သန်နေထိုင်ခဲ့ကြောင်း တွေ့ရပါတယ်။

■ အစ်သီယိုဆောရပ်စ်သတ္တဝါရဲ့ ဗိုက်ထဲက ရှားပါးအစာအိမ်ကျောက်ခဲများ တွေ့ရှိခဲ့ရာမှာ ဒဏ်ရာများကြောင့် အစားအစာပုံစံ ပြောင်းလဲသွားပြီး အစာခြေဖျက်မှု အထောက်အကူပြုရန် ကျောက်ခဲများ မျိုချခဲ့ခြင်းဖြစ်နိုင်ကြောင်း ညွှန်ပြနေပါတယ်။

■ ဒဏ်ရာပြင်းထန်စွာ ရခဲ့ပေမယ့် တမ်နိုဒွန်တိုဆောရပ်စ်ဟာ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြီး ရှင်သန်နိုင်ခဲ့တာ တွေ့ရပါတယ်။

■ ဒီတွေ့ရှိမှုကနေ မျိုးသုဉ်းခဲ့ပြီဖြစ်တဲ့ သတ္တဝါများအကြောင်း ပြန်လည်ဆန်းစစ်ဖို့ တွန်းအားဖြစ်စေပြီး အစာကွင်းဆက်ထိပ်ပိုင်းမှ သတ္တဝါများရဲ့ ဆင့်ကဲဖြစ်စဉ်များကို ပေါ်လွင်စေပါတယ်။

Source: WION Thur11