#World_News
Published 28 May 2026
■ ရေလမ်းကြောင်း သွားလာမှုများပြန်လည်စတင်ရန် သဘောတူညီချက် ရရှိထားတယ်ဆိုတဲ့ အီရန်ရဲ့ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပယ်ချလိုက်ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်တပ်ဖွဲ့ဝင်များနဲ့ ကုန်သွယ်ရေးသင်္ဘောများကို ခြိမ်းခြောက်စေနိုင်မယ်လို့ ယူဆရတဲ့ ဟော်မုဇ်ရေလက်ကြားမှ အီရန်စစ်ဘက်ဆိုင်ရာ နေရာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောပါတယ်။
■ ခြိမ်းခြောက်အနေအထားမှာ ရှိနေတဲ့ အီရန်ဒရုန်းအများအပြားကို အမေရိကန်တပ်က ပစ်ချခဲ့တယ်လို့ အမည်မဖော်လိုသူ အမေရိကန်အရာရှိက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
■ ကြာသပတေးနေ့ အီရန်စံတော်ချိန် ညသန်းခေါင် ၁ နာရီခွဲခန့် အီရန်ဆိပ်ကမ်းမြို့ ဘန်ဒါအက်ဘက်စ် အရှေ့ဘက်မှာ ပေါက်ကွဲသံ ၃ ခု ကြားခဲ့ရတယ်လို့ အီရန်မီဒီယာမှာ ဖော်ပြထားပါတယ်။
■ ဟော်မုဇ်ရေလက်ကြား သွားလာမှုကို ထိန်းချုပ်မယ့် အီရန်နဲ့အိုမန် သဘောတူညီချက် သတင်းများကို ထရမ့်က ငြင်းပယ်လိုက်ပါတယ်။
■ အမေရိကန်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ဖြိုခွဲရန်ကြိုးပမ်းနေပြီး အီရန်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ဖို့နဲ့ နျူကလီးယား ထုတ်လုပ်ပိုင်ခွင့်ရဖို့ အလိုရှိနေပါတယ်။
■ စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း သက်ရောက်နိုင်ပြီး ရေလက်ကြား ဖြတ်သန်းသွားလာမှုများ အနှောင့်အယှက် ဖြစ်ရပါတယ်။
■ အီရန်အပေါ် ပိတ်ဆို့မှုမြှင့်တင်ဖို့အတွက် အမေရိကန်က ထိုဒေသအတွင်း တပ်အင်အားထောင်နဲ့ချီ နေရာချထားပါတယ်။
■ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမှုတွေမှာ အတားအဆီးများစွာ ရှိနေပြီး ရေလက်ကြားနဲ့ နျူကလီးယားကိစ္စများအပေါ် သဘောထားကွဲလွဲနေကြပါတယ်။
Source: Reuters