#Local_News
Published 28 May 2026

■ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့တွင် အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

■ ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နေ မ-------၊(၁၀/၂၀၂၆) နှစ်သည် အိမ်ချင်းကပ်လျက်ရှိသည့် ရွှေနဒီရွှေနှင့် စာရေးကိရိယာအရောင်းဆိုင်မှ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလွင်ဦး (ခ) ကိုလေး၊ (၆၁) နှစ်၊ (ဘ) ဦးမြကျော်၊ ပန်းတိမ်ဆရာ၊ အမှတ် (၅) ရပ်ကွက်၊ လယ်ဝေးမြို့နေသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ဆိုင်သို့မကြာခဏ သွားရောက်ဆော့ကစားလေ့ရှိကြောင်း၊ ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးသည် မှန်ကောင်တာနောက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်၍ ၎င်းအား ပေါင်ပေါ်တွင် ထိုင်စေပြီး ပွေ့ဖက်ခြင်း၊ လိင်အင်္ဂါအား ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်နေစဉ် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ၎င်းအား ဖုန်းပေးကိုင်၍ ဂိမ်းဆော့စေခိုင်းထားကြောင်း။

■ နောက်တစ်နေ့တွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ဆိုင်ပိုင်ရှင်များမရှိသည့် အချိန်တွင် အိမ်အပေါ်ထပ်ရှိ ဘုရားခန်းသို့ ခေါ်ဆောင်၍ ၎င်း၏ ဘောင်းဘီအားချွတ်ပြီး မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့ကြောင်း၊ ဦးဝင်းလွင်ဦး (ခ) ကိုလေးက အဆိုပါဗီဒီယိုများအား Kolay This email address is being protected from spambots. You need JavaScript enabled to view it. Google Drive တွင် သိမ်းဆည်းထားရှိခဲ့ကြောင်း စိစစ်သိရှိရသဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (နေပြည်တော်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လယ်ဝေးမြို့မရဲစခန်း(ပ)၅၂/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မေ ၂၅ ရက်တွင် လယ်ဝေးခရိုင်တရားရုံးမှ တရားခံ ဦးဝင်းလွင်ဦး (ခ) ကိုလေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times