#Local_News
Published 28 February 2025
■ ပုသိမ်မြို့နယ်၌ ယနေ့မနက်အစောပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဖေဖော်ဝါရီ ၂၈ရက်နေ့၊ မနက် ၂ နာရီ ၁၇မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ စန္ဒာအေးလမ်းမကြီး၊ လန်ဘားလေးရပ်ကွက်၊ (၁)လမ်းတွင် လူနေအိမ် မီးလောင်နေကြောင်း သိရသည်။
■ အဆိုပါ သတင်းရရှိသဖြင့် ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၂နာရီ ၃၅မိနစ် အချိန်က မီးငြိမ်းခဲ့ကြောင်းသိရသည်။
■ မီးလောင်မှုနှင့်ဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက် စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 28 February 2026
■ တူရကီ အစ္စတန်ဘူလ်အနီး မာမရာပင်လယ်အောက်မှ မြောက်အန်နာတိုလီယန်ပြတ်ရွေ့ကြော(NAF)ဟာ နှစ်ပေါင်း ၂၅၀ ကျော်ကြာအောင် အဓိကငလျင်ကြီး မဖြစ်ခဲ့ပါဘူး။
■ ဒီအောက်မှာ ဖိအားတွေ များလာပြီး အနီးနားက အပိုင်းတွေကတော့ အနောက်ဘက်ဆီ ဖောက်ထွက်လာပါတယ်။
■ တိုကျိုသိပ္ပံတက္ကသိုလ်မှ သုတေသီတွေက လျှပ်စစ်သံလိုက် x-rays များအသုံးပြုပြီး ဒီပြတ်ရွေ့ကြောရဲ့ မမြင်ရတဲ့ အစိတ်အပိုင်းကို တွေ့ရှိခဲ့ပါတယ်။
■ မာမရာပင်လယ်အောက်ဘက်မှ ထိုအပိုင်းဟာ နောက်ထပ်ဧရာမငလျင်ကြီး အခြေပြုဖွယ်အရှိဆုံးလို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေပါတယ်။
■ မာမရာပင်လယ်အောက်က ပြတ်ရွေ့ကြောရဲ့ ပုံစံအတိအကျကို သိပ္ပံပညာရှင်တွေ ဖန်တီးဖို့ကြိုးစားနေတာ နှစ်နဲ့ကြာပါပြီ။
■ တူရကီ Multidisciplinary Resilience သုတေသနစင်တာမှ ပရော်ဖက်ဆာ ယာဆောအိုဂါဝါနဲ့ ဘိုဂါဇီချီတက္ကသိုလ်မှ ဒေါက်တာ ကျူလေကာယာအက်ကင်တို့က မာမရာပင်လယ်အောက် မျက်နှာပြင်အောက်ဘက်နေရာရဲ့ 3D ပုံစံအပြည့်ကို ပထမဆုံး ဖန်တီးနိုင်ခဲ့ပါတယ်။
■ ကျောက်သား မာကျောတဲ့နေရာ၊ အရည်ကြောင့် ပျော့ညံ့တဲ့နေရာတွေကို တွေ့ရှိခဲ့ကြပါတယ်။
■ မျက်နှာပြင်သားတွေ အားနည်းတဲ့အပိုင်းတွေနဲ့ မာကျောတဲ့အပိုင်းတွေ ဆုံတွေ့တဲ့ နယ်နမိတ်တွေမှာ ငလျင်တွေဖြစ်လာနိုင်တယ်ဆိုတာကို လေ့လာပြသချင်တာ ဖြစ်ပါတယ်။
■ ဒီတွေ့ရှိချက်တွေကနေ တူရကီမှာ ကပ်ဘေးကာကွယ်ရေးနဲ့ လျှော့ချရေးကိစ္စရပ်တွေ ပြုလုပ်ဖို့ အထောက်အကူ ဖြစ်လာနိုင်ပါတယ်။
Source: WION
#World_Health
Published 28 February 2026
■ သွေးလှူဒါန်းခြင်းဆိုတာက အသက်ပေါင်းများစွာကို ကယ်ဆယ်ပေးနိုင်တဲ့ ကောင်းမှုကြီးတစ်ခုဖြစ်ပါတယ်။
■ ပထမဆုံး သွေးလှူသူတွေမှာ စိုးရိမ်ပူပန်တာမျိုး ရှိတတ်ပါတယ်။
■ ဒါက ဘေးကင်းစိတ်ချရပြီး ခန္ဓာကိုယ်က ချက်ချင်းဆိုသလို သဟဇာတဖြစ်အောင် လုပ်ဆောင်ပါတယ်။
■ သွေးလှူပြီးနောက် ၂၄ နာရီအတွင်း ခန္ဓာကိုယ်ထဲ ဘာဖြစ်ပျက်သလဲဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယဆေးရုံတစ်ခုမှ ဒေါက်တာ ရာဂျက်ကန့်ဂျိန်းက "နာရီပိုင်းအတွင်းမှာ ဆုံးရှုံးသွားတဲ့ အရည်တွေ ဆဲလ်တွေကို ပြန်ဖြည့်ပေးပြီး တစ်ရက်အတွင်း ကျန်းမာသူတွေဆိုရင် ပုံမှန်ပြန်ဖြစ်သွားတယ်" လို့ ရှင်းပြပါတယ်။
■ နွမ်းနယ်ခြင်း၊ အနည်းငယ်ခေါင်းကိုက်ခြင်းတို့ ခံစားရပေမယ့် ရေဓာတ်ဖြည့်ခြင်း၊ အာဟာရဖြည့်ခြင်း၊ အနားယူခြင်းတို့ဖြင့် လျင်မြန်စွာသက်သာစေပါတယ်။
■ တစ်ရှူးတွေထဲမှ အရည်တွေက သွေးကြောထဲ ဝင်သွားကာ သွေးပမာဏ၊ သွေးလည်ပတ်မှု၊ သွေးပေါင်ချိန်တို့ကို ပြန်ဖြည့်ပေးပါတယ်။
■ အသည်းကလည်း ပလတ်စ်မာပရိုတိန်းတွေ ဖြည်းဖြည်းချင်း ပြန်ဖြည့်ပေးပါတယ်။
■ သွေးနီဥဆဲလ်တွေက အချိန်ကြာမြင့်တတ်ပြီး ပလတ်စ်မာ၊ သွေးဖြူဥဆဲလ်တွေကတော့ လျင်မြန်စွာ တုံ့ပြန်လာကြပါတယ်။
■ ရိုးတွင်းခြင်ဆီက ချက်ချင်း ဆဲလ်အသစ်တွေ ထုတ်လုပ်ကာ ရက်သတ္တပတ်အတွင်း ပုံမှန်ပြန်ရောက်ပါတယ်။
■ ဒါကြောင့် သွေးအလှူရှင်တွေဟာ လှူပြီးနောက် ခဏအတွင်းမှာပဲ ပုံမှန်လှုပ်ရှားမှုတွေ ဘေးကင်းစွာ ပြန်လုပ်နိုင်တာ ဖြစ်ပါတယ်။
■ သူတစ်ပါးတွေရဲ့ အသက်တွေကို ကယ်ဆယ်ပေးနိုင်တဲ့အပြင် သွေးလှူသူတွေမှာ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ရိုးတွင်းခြင်ဆီ၊ သားငံရည်စနစ်တို့ ပူးပေါင်းတုံ့ပြန်လာကြပါတယ်။
Source: Indian Express
၂၇ ဖေဖော်ဝါရီ၊၂၀၂၆
သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံ များမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးနိုင်သည့် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များအတွင်းရှိ အိမ်သုံးမဟုတ်သည့်နှုန်းထားဖြင့် ကောက်ခံနေသော လျှပ်စစ် ဓာတ်အားသုံးစွဲသူများထံ ဓာတ်အားလိုင်းနှင့် ဓာတ်အားစနစ်ပြတ်တောက်မှု (Line Fault and System Breakdown) မှအပ ဓာတ်အားဖြတ်တောက်မှု (Load Shed) မပြုလုပ်ဘဲ ၂၄ နာရီ သီးခြားဓာတ်အားပေးမည်ဖြစ်ပြီး၊ အဆိုပါဓာတ်အားအတွက် ပုံသေဓာတ်အားခနှုန်း တစ်ယူနစ် လျှင် ၉၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေး ကြေညာပါတယ်။ အဆိုပါကြေညာချက်ကို နိုင်ငံပိုင်ရုပ်သံလိုင်းများမှ သတင်းထုတ်လွှင့်သွားတာ ဖြစ်ပါတယ်။
လက်ရှိဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးနိုင်မှုနှင့် ဓာတ်အား လိုင်းများမှ ဓာတ်အားသယ်ဆောင်နိုင်နင်းမှုအပေါ် မူတည်၍ ပုံမှန်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေး လျက်ရှိ သော အများပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းများကို လက်ရှိကောက်ခံ လျက်ရှိသော ဓာတ်အားခနှုန်း (အိမ်သုံးအမျိုးအစားနှင့် အိမ်သုံးမဟုတ်သည့်အမျိုးအစားနှစ်ရပ်၏ အလွှာ အလိုက် သတ်မှတ်နှုန်း) ဖြင့်ပြင်ဆင်ပြောင်းလဲမှုမရှိဘဲ ဆက်လက်ကောက်ခံသွားမည်ဖြစ်တယ် လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။
စက်မှုဇုန် နှင့် အထူးစီးပွားရေးဇုန်များ၏ ပြင်ပတွင်ရှိသော စက်မှု/စီးပွားရေးလုပ်ငန်းများ က အထက်အပိုဒ်(၂)ပါအတိုင်း ပုံသေဓာတ်အားခနှုန်း တစ်ယူနစ်လျှင် ၉၀၀ ကျပ် ပေးဆောင်၍ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ ရယူလိုကြောင်း ဌာနသို့ တင်ပြလာပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်းသိရပါတယ်။
end-
တနင်္ဂနွေနေ့တည်းက အမေရိကန် အရှေ့မြောက်ပိုင်းတလျှောက် ဆောင်းမုန်တိုင်းကြီး တိုက်ခတ်နေရာ နယူးယော့ခ်၊ နယူးဂျာစီ၊ ကွန်နက်တီကပ်စ်တို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရပြီး အိမ်ခြေ ၄ သိန်းနီးပါး လျှပ်စစ်ဓာတ်အားမရဘဲ လေကြောင်းခရီးစဉ် ၅,၅၀၀ ကျော် ဖျက်သိမ်းထားရပါတယ်။
#World_News
Published 27 February 2025
#အမေရိကန် #နယူးယော့ခ်_နယူးဂျာစီ
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသော အာကာသဆိုင်ရာ ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ စည်ကားသိုက်မြိုက်စွာကျင်းပနေပြီးပြိုင်ပွဲဝင်ဦးရေ ၆၀၀၀ကျော်ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။
#Local_News
Published 26 February 2025
#အာကာသပန်းချီ_ကာတွန်း_ပိုစတာပြိုင်ပွဲ
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေကို ရုံးပိတ်ရက်တွေမှာ လာရောက်အပန်းဖြေသူများပြား နေတယ်လို့ သုံးဘီးအငှားယာဉ်မောင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 26 February 2025
#ငွေတောင်ကမ်းခြေ #သုံးဘီးအငှားယာဉ်မောင်း
#YMG/NN #Yangon_Times
ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 26 February 2025
#ကျယ်ဂေါင်နယ်စပ် #ရွှေလီမြို့
#YMG/SW #Yangon_Times
မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်းနိုင်ငံသို့ လာရောက်ရာမှာ တရားဝင်လမ်းကြောင်းများမှသာလာရောက်ဖို့ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ ယမန်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 26 February 2025
#ထိုင်း #ဗန်ကောက်မြို့
#YMG/SW #Yangon_Times
#Local_News
Published 27 February 2025
▪️ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်နေကြောင်းသိရသည်။
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမာန်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အဆောက်အဦဦးစီးဌာနအဆောက်အဦအထူးအဖွဲ့ (၁၁) မှ တာဝန်ယူတည်ဆောက်နေသည့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အရည်အသွေးများကောင်းမွန်စေရေးနှင့် ဓာတ်ရောင်ခြည်လုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဌာန DAE မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အတိအကျလိုက်နာဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက ပြင်ပသို့ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းရှိ၊ မရှိ DAE မှ ကျွမ်းကျင်ပညာရှင်အဖွဲ့များနှင့် ပူးပေါင်း၍ တိုင်းတာစစ်ဆေးသွားရန်၊ အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေးအတွက် Structure Drawing ဒီဇိုင်းပါအတိုင်း Q.C အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်သွားရန်၊ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးသွားရန်၊ ဆေးရုံအင်္ဂါရပ်များနှင့်ကိုက်ညီအောင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁၁) မှ တာဝန်ယူတည်ဆောက်နေသည့် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရရှိရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့ပြ/ ရေသန့်/ လျှပ်စစ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်၊ အသုံးပြုသည့်ပစ္စည်းများ အမျိုးအစားမှန်ကန်စေရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးဆောင်ရွက်သွားရန်နှင့်လက်ရာသေသပ်ကောင်းမွန်ရေး တာဝန်ရှိသူများက စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 27 February 2025
၁။ ငွေတောင်ကမ်းခြေသို့ လာရောက်လည်ပတ်သူများပြား
၂။ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပမည်
၃။ ထိုင်းသို့ တရားဝင်လမ်းကြောင်းများမှသာလာရောက်ရန် အလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်
၄။ အမေရိကန်၌ဆောင်းမုန်တိုင်းတိုက်ခတ်သဖြင့် မြို့ကြီးအချို့တွင်အရေးပေါ်အခြေအနေထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 February 2025
■ မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀)မြောက် ဆေးပညာညီလာခံ၌ နိုင်ငံတကာဆေးပညာရှင် ၁၉ ဦးက စာတမ်းဖတ်ကြားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါညီလာခံကို ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပမှဆေးပညာရှင် ၆၃၅ ဦး တက်ရောက်ကြကာ နိုင်ငံတကာဆေးပညာရှင် ၁၉ ဦးက စာတမ်းဖတ်ကြားမည်ဖြစ်ကြောင်းသိရသည်။
■ ထို့အပြင် မြန်မာနိုင်ငံမှ ဆေးပညာရှင်များနှင့် ပူးပေါင်း၍ နိုင်ငံတကာမှ ဆေးပညာရှင်များက ဆေးပညာရပ်ဆိုင်ရာဗဟုသုတများ၊ ကုသမှုအတွေ့အကြုံများ၊ ဆေးကုသမှုနည်းလမ်းများ မျှဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀) မြောက် ဆေးပညာညီလာခံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့ရာညီလာခံဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ / ဌာနမှူးများ၊ အာဆီယံနိုင်ငံများနှင့် ပြည်တွင်း ပြည်ပမှ ဆေးပညာအထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
■ ဖွင့်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ယနေ့ညီလာခံကို “Empowering Physicians for Tomorrow’s Challenges” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နှစ် (၅၀) ခန့် သက်တမ်းရှိ မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀) မြောက် ဆေးပညာညီလာခံဖြစ်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအများအပြား၌ ကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သော နာတာရှည်ရောဂါများ၊ ပိုးသတ်ဆေးယဉ်ပါးမှုများ၊ မျှော်မှန်းလူ့သက်တမ်းမြင့်မားလာပြီး သက်ကြီးရွယ်အိုလူဦးရေများပြားလာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် လူနေမှုဘဝပုံစံများ ပြောင်းလဲလာခြင်းများကြောင့် ဆေးပညာလောကတွင် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ဆေးပညာရှင်များအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် နိုင်ငံတကာပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ခေတ်မီဆေးကုသမှုနှင့် ရောဂါရှာဖွေရေးနည်းပညာများကို အသုံးချနိုင်အောင် ကြိုးပမ်းလေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်၊ နည်းပညာများနှင့်အညီ Telemedicine၊ အီလက်ထရောနစ်ကျန်းမာရေး စောင့်ရှောက်မှုမှတ်တမ်း (Elect-ronic Health record) နှင့် AI နည်းပညာများ၊ Evidence Based Medicine များကို အသုံးချပြီး လူနာများအား ကုသမှုအရည်အသွေးများ မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြည်သူများ လက်လှမ်းမီနိုင်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများအား အဆင့်မြှင့်တင်ခြင်း၊ ဆေးကုသဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြင့်ရောဂါရှာဖွေရေးလုပ်ငန်းများအတွက် ခေတ်မီစက်ကိရိယာများ တိုးမြှင့်တပ်ဆင်ဆောင်ရွက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်မှ ရန်ပုံငွေအမြောက်အမြားအသုံးပြု၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ လေ့ကျင့်သင်ကြားပေးခြင်းအပါအဝင် နိုင်ငံတကာသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ Hand On Training များ စေလွှတ်ခြင်း၊ ပညာရပ်ဆိုင်ရာနှင့် အထူးပြုဘာသာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများနှင့် ညီလာခံများသို့ မျိုးဆက်သစ်ဆေးပညာရှင်များအား မူဝါဒချမှတ်စေလွှတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်ဆေးပညာရှင်များ ပေါ်ထွန်းလာစေရေးနှင့် တိုးတက်ပြောင်းလဲလာသော ဆေးပညာရပ်များကို လေ့လာသင်ယူနိုင်စေရေးအတွက် ဆေးပညာသင်ရိုးညွှန်တမ်းများ ပြင်ဆင်ရေးဆွဲခြင်း၊ အထူးပြုဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ မွေးထုတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးပညာဘာသာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များပေါ်ထွက်လာရေး လေ့ကျင့်သင်ကြားပေးရာတွင် မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ မျိုးဆက်သစ်ဆေးပညာရှင် လူငယ်များကလည်း ဆေးပညာကျင့်ဝတ်နှင့်အညီ ပြည်သူများကို ကုသမှုပေးရမည်ဖြစ်ပါကြောင်း၊ ယခုညီလာခံ၌ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံများမှ ဆေးပညာရှင်များ တက်ရောက်၍ ၎င်းတို့၏အတွေ့အကြုံ၊ ဗဟုသုတများ၊ ပြောင်းလဲလာသည့် ဆေးကုသမှုလုပ်ငန်းစဉ်များကို အပြန်အလှန်မျှဝေကြမည်ဟုသိရသည့်အတွက် အကျိုးရှိသောညီလာခံတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆေးပညာရပ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုနှင့် မျိုးဆက်သစ်ဆေးပညာရှင်များအတွက် အတွေ့အကြုံကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
■ ထို့နောက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးအေးချစ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 144 of 2054