#World_News
Published 04 June 2026
■ ရီပတ်ဘလစ်ကန်ဦးဆောင်တဲ့ အမေရိကန် အောက်လွှတ်တော်ဟာ သမ္မတဒေါ်နယ်ထရမ့် အီရန်နဲ့စစ်ပွဲ ဆက်လက်ဆင်နွှဲနေခြင်းကို ပိတ်ပင်တားဆီးရန် ဆုံးဖြတ်ချက်တစ်ရပ်ကို ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။
■ ၃ လကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် ပါတီဝင်များကြား စိုးရိမ်ပူပန်မှု မြင့်မားလာတာ တွေ့နေရပါတယ်။
■ ယင်းဆုံးဖြတ်ချက်အရ လွှတ်တော်ကနေ စစ်ကြေညာခြင်း၊ စစ်ရေးဆောင်ရွက်ခွင့်ပေးခြင်း မရှိပါက အီရန်ကနေ တပ်ဖွဲ့တွေ ရုပ်သိမ်းရန် ထရမ့်ကို ညွှန်ကြားမှာဖြစ်ပြီး အတည်ပြုရန်အတွက်တော့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လည်း လိုအပ်ပါတယ်။
■ ရီပတ်ဘလစ်ကန် အမတ် ၄ ဦးက ဒီမိုကရက်များနဲ့အတူ ဒီဆုံးဖြတ်ချက်ကို ပူးပေါင်းထောက်ခံခဲ့ကြပြီး သမ္မတစစ်ပွဲဆင်နွှဲခွင့်အာဏာကို ကန့်သတ်ဖို့ ပါတီနှစ်ရပ်လုံး ပူးပေါင်းကြတာဟာ ဖြစ်တောင့်ဖြစ်ခဲလှပါတယ်။
■ အထက်လွှတ်တော်ကလည်း အလားတူဆုံးဖြတ်ချက်မျိုး တွန်းအားပေးထားပေမယ့် မဲခွဲဆန္ဒပြုမယ့်ရက်ကို မသတ်မှတ်ရသေးပါဘူး။
■ ထရမ့်အနေနဲ့ အီရန်စစ်ပွဲ ကိုင်တွယ်ပုံနဲ့ အငြင်းပွားဖွယ်ရာ ရာထူးခန့်အပ်မှုများ အပါအဝင် ကိစ္စရပ်အမျိုးမျိုးမှာ ရီပတ်ဘလစ်ကန် အမတ်အချို့ရဲ့ ကန့်ကွက်မှုတွေကို ရင်ဆိုင်ထားရပါတယ်။
■ ဒီမိုကရက်များက ထရမ့်အနေဖြင့် အီရန်စစ်ပွဲမှာ လွှတ်တော်ခွင့်ပြုချက် မတောင်းခံခဲ့ခြင်းအပေါ် အခြေခံဥပဒေ ပြဌာန်းချက်များ ကိုးကားကာ ဝေဖန်ခဲ့ကြပြီး ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စီးပွားရေးသက်ရောက်မှုတို့နဲ့ ပတ်သက်ပြီး ပူပန်နေကြပါတယ်။
■ ထရမ့်အစိုးရအဖွဲ့က အီရန်နျူကလီးယားလက်နက်များ ထုတ်လုပ်လာနိုင်ခြင်းမှ ကာကွယ်ရန် စစ်ပွဲဆင်နွှဲရကြောင်း ကာကွယ်ပြောဆိုထားပါတယ်။
Source: Reuters