#World_Health
Published 30 December 2025
■ ပဲပိစပ်ဆီမှာ အဆီပါဝင်မှု၊ ရောင်ရမ်းစေနိုင်ခြင်းနဲ့ အပူပေးတဲ့အခါ သက်ရောက်နိုင်စွမ်းတို့ကြောင့် လက်ရှိမှာ စောင့်ကြည့်စစ်ဆေးနေကြပါတယ်။
■ ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ပဲပိစပ်ဆီက အသုံးများလာပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-အီး၊ ပြည့်ဝဆီအနည်းဆုံး ပါဝင်တယ်လို့ သိထားကြပေမယ့် တကယ်တမ်းမှာ အဆီပါဝင်မှုအချိုးအစား၊ ဓာတ်တိုးတည်မြဲနိုင်စွမ်း၊ ဇီဝဖြစ်စဉ်များအပေါ် ဓာတုဓာတ်ပြုမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်။
■ ဆီစစ်ထုတ်တဲ့နေရာမှာ အပူချိန်မြင့်မားစွာ အသုံးပြုရတဲ့အတွက် ခန္ဓာကိုယ်ထဲ ဓာတ်တိုးမှုတွေ ဖြစ်စေပြီး ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထုတ်လုပ်ပေးပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်နဲ့ အိုမီဂါ-၃ အချိုး ၄:၁ ခန့်က ကျန်းမာရေးအတွက် သင့်လျော်ပေမယ့် ပဲပိစပ်ဆီမှာတော့ ၂၀:၁ လောက်ဖြစ်နေကာ ရောင်ရမ်းစေတဲ့ဒြပ်ပေါင်းတွေ များလာစေပြီး ကိုယ်အလေးချိန်တက်ခြင်း၊ အဆစ်ရောင်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ ထရိုင်ဂလစ်ဆရိုက်များခြင်းတို့ ဖြစ်လာစေပါတယ်။
■ အိန္ဒိယမှာဆိုရင် မုန့်တွေ၊ ကိတ်မုန့်ပေါင်မုန့်တွေ၊ ဆီကြော်မုန့်တွေ စသဖြင့် ပဲပိစပ်ဆီအသုံးပြုတဲ့အတွက် အိုမီဂါ-၆ တွေ စားမိနေပါတယ်။
■ ဒါ့အပြင် အူလမ်းကြောင်း ဘက်တီးရီးယားတွေ မညီမမျှဖြစ်စေကာ အူနံရံဖြတ်သန်းနိုင်စွမ်းနဲ့ ဟော်မုန်းတို့ နှောင့်ယှက်စေပြီး သိုင်းရွိုက်ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်။
■ ပဲပိစပ်ဆီမှာ ဗိုက်တာမင်-အီး ပါဝင်ပေမယ့် သန့်စင်ထုတ်လုပ်ခြင်းနဲ့ ချက်ပြုတ်ခြင်းတို့ ပြုလုပ်စဉ် ဓာတ်တိုးဆန့်ကျင်အာနိသင်များ အတော်လေး လျော့ကျသွားပါတယ်။
■ ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ဆီပြောင်းလဲအသုံးပြုသင့်ပြီး အာဟာရဓာတ် ပိုကြွယ်ဝတာမျိုးကို အကြံပြုပါတယ်။
Source: Indian Express.
#World_Health
Published 30 December 2025
■ အချို့လူတွေဟာ မီးဖိုချောင်ဘေစင်၊ ရုံးခန်း၊ အလုပ်လုပ်နေစဉ်တို့မှာ မတ်တပ်ရပ်ရင်း အစားစားတတ်ကြပါတယ်။
■ တစ်ခါတလေ ဒီလိုစားတာက ပြဿနာမရှိပေမယ့် အမြဲတမ်းဒီလိုဖြစ်နေရင်တော့ အစာခြေခြင်း၊ စားချင်စိတ်၊ အစာခြေဖျက်ပုံတို့ကို သက်ရောက်လာနိုင်တယ်လို့ KIMS ဆေးရုံမှ အာဟာရပညာရှင်မှူး ဒေါက်တာ အမ်ရင်းရှိတ်ခ်က ပြောပါတယ်။
■ ဒါဟာ အလျင်လိုခြင်း၊ ဖိစီးခြင်း၊ ပုံမှန်စားချိန် မစားခြင်းတို့ကနေ အစပြုတာဖြစ်ပြီး ရက်သတ္တပတ် လပိုင်းကျော်လာရင် စားပုံစားနည်း၊ စားချင်စိတ်ထိန်းချုပ်မှုနဲ့ အစာခြေကျန်းမာရေးတို့ ပုံစံပြောင်းလဲလာတယ်လို့ ဆိုပါတယ်။
■ အစာခြေခြင်းက ခန္ဓာကိုယ်ထိုင်ပြီး ငြိမ်သက်တဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်ပေမယ့် မတ်တပ်ရပ်နေရင် အစာအိမ်ထဲ လျင်မြန်စွာလှုပ်ရှားစေကာ ဗိုက်ပြည့်ပြီလို့ မခံစားရဘဲ ပိုစားမိစေပါတယ်။
■ နောက်တစ်ချက်က မတ်တပ်ရပ်နေစဉ်မှာ ပါးစပ်ထဲ များများစားမိစေသဖြင့် အစာအိမ် အလုပ်လုပ်ရခက်ခဲစေကာ မအီမသာဖြစ်စေနိုင်ပါတယ်။
■ ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ အလုပ်မလုပ်တော့ဘဲ ဗိုက်ပြည့်မှန်းမသိတော့ဘဲ ပိုမိုစားမိစေပါတယ်။
■ အစာအိမ်အက်ဆစ်များသူတွေမှာဆိုရင် အစာက အူတွေထဲသို့ သေချာမရောက်သေးဘဲ အက်ဆစ်လျှံတက်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။
■ သက်တောင့်သက်သာ သတိကပ်ပြီး မစားနိုင်ခြင်း၊ အာဟာရဓာတ် စုပ်ယူမှုအားနည်းခြင်း စတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါကြောင့် အစားစားတဲ့အခါ သက်တောင့်သက်သာဖြစ်တဲ့ ပုံစံထိုင်ပြီး စားခြင်းဖြင့် အစာခြေအင်ဇိုင်းတွေ ပုံမှန်အလုပ်လုပ်စေကာ အစားစားရင်း ဖုန်း၊ ကွန်ပျူတာ၊ တီဗီကြည့်တာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။
Source: Indian Express.
တရုတ်ပြည်ရဲ့ လျှပ်စစ်သံလိုက် ပင့်တင်ကိရိယာတပ်ဆင်ထားတဲ့ ပထမဆုံးလေယာဉ်တင်သင်္ဘော ဖူကျန်ဟာ ပထမဆုံး ပင်လယ်ရေကြောင်း လေ့ကျင့်မှုပြုလုပ်ခဲ့ရာမှာ စွမ်းဆောင်ရည်တွေ အတည်ပြုလုပ်ဆောင်နိုင်ခဲ့ပါတယ်။
#Asia_Military
Published 29 December 2025
#လေယာဉ်တင်သင်္ဘော #တရုတ်ပြည်
#YMG #Yangon_Times #Yangon_Media_Group
မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်ရှိ YBS 117 ယာဥ်လိုင်းအားယာဥ်လိုင်းလမ်းကြောင်းပြောင်းလဲပြေးဆွဲသွားမယ်လို့ သိရပါတယ်။
#Local_News
Published 29 December 2025
#YBS_117 #ယာဥ်လိုင်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်ရှစ်လတာအတွင်း အမေရိကန်ဒေါ်လာတစ်သန်းကျော် တန်ဖိုးရှိ ပျားရည်တန်ချိန် ၈၀၀ကျော်တင်ပို့ထားတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 29 December 2025
#ပျားရည် #ဒေါ်လာ
#YMG/NN #Yangon_Times
#Local_News
Published 29 December 2025
▪️ မြန်မာ ယူ ၁၆ ဖူဆယ်အသင်းသည် ASEAN U16 BOY'S FUTSAL CHAMPIONSHIP 2025 ပြိုင်ပွဲ၊ တတိယနေရာလုပွဲစဉ်၌ တတိယနေရာရရှိခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ရရှိရာတွင် ဗီယက်နမ် ယူ ၁၆ အသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့်အနိုင်ရရှိကာ တတိယနေရာကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
▪️ မြန်မာအသင်းသည် အုပ်စုပတ်လည်ပွဲစဥ်များ၌ ဘရူနိုင်းအသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
▪️ ယင်းပွဲစဉ်တွင် ၄ ပွဲကစား ရမှတ် ၃ မှတ်ဖြင့် အဆင့် ၄ နေရာရရှိခဲ့ကာ တတိယနေရာလုပွဲကို တက်ရောက်ခဲ့ကာ ဗီယက်နမ်အသင်းနှင့်ရင်ဆိုင်ကစားခဲ့ရကြောင်း သိရသည်။
▪️ ယင်းအုပ်စုပွဲစဥ်၌ ဗီယက်နမ်အသင်းကို ၅ ဂိုး ၂ ဂိုး နှင့် ရှုံးနိမ့်ခဲ့သော်လည်း ယနေ့ပွဲစဉ်တွင်မူ ၂ ဂိုး ၊၁ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ကာ တတိယနေရာကိုရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ပြည်တွင်းသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်ပါကရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ခြင်းကို မဖြစ်မနေဆောင်ရွက်ရမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 December 2025
#မြန်မာလုပ်သား #အလုပ်အကိုင်အေဂျင်စီ
#YMG/SW #Yangon_Times
#Daily_News
Published 29 December 2025
၁။ ပြည်တွင်းသို့ ခွင့်ဖြင့်ပြန်လာမည့်သူများရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရမည်
၂။ ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ပျားရည်တန်ချိန် ၈၀၀ကျော်တင်ပို့ထား
၃။ YBS 117 ယာဥ်လိုင်း လမ်းကြောင်းပြောင်းလဲပြေးဆွဲမည်
၄။ လျှပ်စစ်သံလိုက်ပင့်တင်စနစ်တပ်ဆင်ထားသည့်တရုတ်လေယာဉ်တင်သင်္ဘော ပထမဆုံးရေကြောင်းလက်တွေ့လေ့ကျင့်ရေးပြုလုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းအတွင်းမှာလွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) နဲ့ (၃) ကို လာမယ့် ဇန်နဝါရီလအတွင်းမှာ မဲရုံပေါင်း ( ၂၄၀၀ ) ကျော်နဲ့ ဖွင့်လှစ်ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 29 December 2025
#ရွေးကောက်ပွဲ #ရန်ကုန်တိုင်း
#YMG/NN #Yangon_Times
#Local_News
Published 29 December 2025
▪️ မန္တလေးကျုံးဘေးတွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်ကိုကူးပြောင်းသည့်အထိမ်းအမှတ်အဖြစ်
လာမည့် ၂၀၂၅ခုနှစ် ၃၁ရက် ည၌ နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲကိုမန္တလေးကျုံးဘေးတစ်လျှောက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးထားသည်။
▪️ အဆိုပါ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၆ နာရီမှ စတင်ပြီး နှစ်စဉ်ကျင်းပနေကျအတိုင်း ကျုံးတောင်ဘက်ခြမ်း ၊အရှေ့ဘက် ၆၆ လမ်းမှ စည်ပင်ရုံးရှေ့အထိ ကျင်းပသွားမည် ဖြစ်သည်။
▪️ ထို့အပြင် စားသောက်ဆိုင်တန်းတွေကိုလည်း ခင်းကျင်းရောင်းချပေးသွားမည်ဖြစ်ပြီး ဂီတဖျော်ဖြေပွဲများ အဖြစ် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်းစအချိန်၌ မီးရှူးမီးပန်းတစ်ထောင်ကျော် ပစ်ဖောက်ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#World_News
Published 29 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီနဲ့ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ် ရရှိဖို့ အလွန့်အလွန် နီးစပ်လာနေပြီလို့ တနင်္ဂနွေနေ့က ပြောခဲ့ပြီး အငြင်းပွားဖွယ် ဒွန်ဘက်စ်ဒေသရဲ့ ကံကြမ္မာက ဒီပြဿနာကို ဖြေရှင်းရာမှာ အဓိကသော့ချက်ဖြစ်ကြောင်းကိုလည်း သိရှိထားပါတယ်။
■ ခေါင်းဆောင်နှစ်ဦးက ဖလော်ရီဒါရှိ ထရမ့်ရဲ့ Mar-a-Lago အပန်းဖြေအိမ်ရာမှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ငြိမ်းချမ်းရေးဆွေးနွေးမှုများနဲ့ ဒွန်ဘက်စ်ဒေသပိုင်းခြားရေးတို့မှာ တိုးတက်မှု ရှိနေပြီလို့ ရှင်းလင်းပွဲမှာ ပြောသွားကြပါတယ်။
■ စစ်ပွဲအောင်မြင်စွာ အဆုံးသတ်ရေးအတွက် ညှိနှိုင်းမှုတွေဟာ ရက်သတ္တပတ်များအတွင်း ရှင်းလင်းသွားမှာဖြစ်ပြီး နယ်မြေကိစ္စပြဿနာတွေလည်း ပြေလည်သွားမယ်လို့ ထရမ့်က ပြောပါတယ်။
■ အမေရိကန်ရဲ့ ထောက်ပံ့မှုနဲ့အတူ ဥရောပနိုင်ငံတွေလည်း အရေးပါတဲ့ကဏ္ဍက ပါဝင်ပေးဖို့ ထရမ့်က မျှော်လင့်ထားပါတယ်။
■ ရုရှားအလိုရှိတဲ့အတိုင်း ဒွန်ဘက်စ်ကနေ ယူကရိန်းတပ်များ လုံးဝဆုတ်ခွာပေးရမယ့် အမေရိကန်ရဲ့ အကြံပြုချက်ကို ပျော့ပျောင်းပေးဖို့ ဇယ်လန်စကီက မျှော်လင့်နေပါတယ်။
■ ဒွန်ဘက်စ်ရဲ့အနာဂတ်က မသေချာပေမယ့် ဆွေးနွေးမှုတွေက လမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ နှစ်ဦးစလုံးပြောခဲ့ပါတယ်။
■ ထိခိုက်ပျက်စီးထားတဲ့ ယူကရိန်းအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြန်လည်ဆောက်လုပ်ရေးမှာ ကူညီပြီး ဈေးသက်သာတဲ့ စွမ်းအင်တွေ ထောက်ပံ့ကူညီပေးဖို့ ကတိပြုထားပါတယ်။
■ ဒါပေမဲ့ ဥရောပနဲ့ ယူကရိန်းတို့ အဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးကိုတော့ ရုရှားက ဆန့်ကျင်နေပြီး စစ်ပွဲကြာရှည်မှာကို စိုးရိမ်နေပါတယ်။
■ ဥရောပခေါင်းဆောင်တွေက လုံခြုံရေးအာမခံချက် အရေးကြီးပုံနဲ့ စစ်ပွဲအလျင်အမြန် အဆုံးသတ်ရေးတို့ကို အလေးပေးပြောနေကြပါတယ်။
Source: Reuters
#World_Health
Published 29 December 2025
■ ဆောင်းတွင်းရောက်လာချိန်မှာ ထူထည်စွာ ဝတ်ဆင်ကြပေမယ့် အချို့လူတွေကတော့ အမြဲတမ်း ခြေဖျားလက်ဖျားတွေ အေးစက်နေတဲ့ပြဿနာ ကြုံတွေ့ရတတ်ပါတယ်။
■ ခန္ဓာကိုယ်က အေးလာတဲ့အခါ အလယ်ပိုင်းနဲ့ အဝေးဆုံး ခြေတွေလက်တွေက စတင်အေးစက်လာပါတယ်။
■ ငြိမ်နေတဲ့အချိန်မှာ အတွင်းအင်္ဂါတွေက နွေးထွေးအောင် ပြုလုပ်ပေးပြီး လှုပ်ရှားတဲ့အခါမှာတော့ ကြွက်သားတွေက ပြုလုပ်ပေးပါတယ်။
■ ဒါပေမဲ့ ခြေတွေလက်တွေကတော့ အဓိကအင်္ဂါတွေ ကြွက်သားတွေ မရှိဘဲ အပူတွေ ထုတ်လွှတ်ဖို့သာ တာဝန်ယူရပါတယ်။
■ နှလုံးကနေ လှည့်ပတ်လာတဲ့ သွေးကြောကွန်ရက် အကူအညီဖြင့်သာ နွေးအောင်နေရပါတယ်။
■ အမျိုးသမီးတွေဟာ ခြေလက်သွေးကြောတွေ ပိုမိုကျုံ့သွားတတ်တာကြောင့် ပိုပြီး ခြေတွေလက်တွေ အေးစက်တတ်ပါတယ်။
■ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေ လူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ဒီလက္ခဏာ ခံစားရတာ များပါတယ်။
■ ဒါဟာ အအေးဒဏ်ကြောင့် ခြေလက်ကသွေးကြောတွေ ယာယီသွေးမစီးဆင်းတော့ဘဲ ခြေချောင်းလက်ချောင်းတွေ အရောင်ပြောင်းသွားတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။
■ ဒါ့အပြင် ခြေထောက်၊ လက်တို့မှာ သွေးခဲတွေဖြစ်ပြီး အာရုံကြောတွေထိခိုက်ကာ ခန္ဓာကိုယ်ရဲ့ အပူချိန်အာရုံခံနိုင်စွမ်းကို သက်ရောက်စေပါတယ်။
■ ရုတ်တရက် ခံစားရခြင်း၊ အလွန်နာကျင်ခြင်း၊ အနာဖြစ်ခြင်းတို့လို လက္ခဏာတွေ ဖြစ်လာရင်တော့ ချက်ချင်းဆေးကုသမှု ခံယူသင့်ပါတယ်။
■ ခြေချောင်းလက်ချောင်းတွေကို နွေးထွေးအောင်လုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ လက်အိတ်ခြေအိတ်များ ဝတ်ဆင်ခြင်းတို့ဖြင့် ခြေဖျားလက်ဖျား အေးစက်ခြင်းကို သက်သာစေနိုင်ပါတယ်။
Source: Times of India
Page 142 of 2001