#Local_News
Published 05 January 2025
▪️ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော် ၌ စျေးဆိုင်ခန်းပေါင်း ၃၅၀ကျော်ကိုပါဝင်ပြသခဲ့ကြောင်းသိရသည်။
▪️ အဆိုပါပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဆိုင်ခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၃၅၀ ကျော် ပါဝင်ပြသရောင်းချကြကြောင်း သိရသည်။
▪️ ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချနေမှု၊ ပြည်သူများ ဝယ်ယူအားပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့ကကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
▪️ ထို့ပြင် ပြည်သူ့ရင်ပြင်အလယ်ရှိ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂီတဖျော်ဖြေရေးမဏ္ဍပ်၌လည်း တေးသံရှင်များ၊ DJ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ပွဲတော်လာပရိသတ်အကြိုက် မြူးကြွစွာသီဆိုဖျော်ဖြေပေးကြပြီး ပြည်သူများပွဲတော်သို့လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် မော်တော်ယာဉ်များ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည့်အပြင် သန့်ရှင်းပြီး စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများ၊ Mobile Toilet များကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ယနေ့ညပိုင်းတွင်လည်း ပွဲတော်ကျင်းပရာ ပြည်သူ့ရင်ပြင်၌ ၂၀၂၆ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 05 January 2026
■ ဒိန်းမတ်နဲ့ ဂရင်းလန်းခေါင်းဆောင်တွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂရင်းလန်းကို သိမ်းယူရန် ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့ တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။
■ ထရမ့်က The Atlantic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။
■ အမေရိကန်က ဂရင်းလန်းကို ထိန်းချုပ်ဖို့ဆိုတာက အဓိပ္ပာယ်မရှိကြောင်း၊ ဒိန်းမတ်ပြည်ထောင်စု ၃ နိုင်ငံကို အမေရိကန် သိမ်းပိုက်ခွင့်မရှိကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မတ်ဖရက်ဒရစ်ဆန်က ပြောကြားသွားပါတယ်။
■ အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးပြီးနောက်တစ်နေ့မှာ ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်ဖို့လိုအပ်ကြောင်း ပြောသွားပါတယ်။
■ နီးစပ်တဲ့ မဟာမိတ်တွေကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေတာတွေ မပြုလုပ်တော့ဖို့ အမေရိကန်ကို တိုက်တွန်းလိုတယ်လို့ ဖရက်ဒရစ်ဆန်က ပြောပါတယ်။
■ အမေရိကန်သမ္မတက ဂဪင်းလန်းကို လိုအပ်တယ်ဆိုပြီး ဗင်နီဇွဲလားလိုမျိုး ပြုမူတာဟာ မလေးစားရာကျတယ်လို့ ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ်ဖရက်ဒရစ်နီလ်ဆန်ကလည်း ပြောသွားပါတယ်။
■ ဒီဇင်ဘာ ၂၁ ရက်နေ့က ထရမ့်ဟာလူဝီစီယာနာအုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။
■ ဂရင်းခန်းက ဥရောပနဲ့ မြောက်အမေရိကကြား တည်ရှိကာ ဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် အဓိကကျတဲ့ ဗျူဟာမြောက်နေရာ ဖြစ်နေသလို သတ္တုတွင်းကြွယ်ဝတာကလည်း ဆွဲဆောင်ချင်စရာ ဖြစ်နေပါတယ်။
Source: Reuters
#Local_News
Published 05 January 2025
■ ရွှေဂုံတိုင်တံတားအောက်တွင် ယနေ့မနက် အစောပိုင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက်နေ့၊မနက် ၁ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ကမ္ဘအေးဘုရားလမ်း၊ ရွှေဂုံတိုင်တံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
■ အဆိုပါ သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာယင်း
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား တာမွေကွန်ယက် ပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 January 2025
▪️ ယနေ့ ဇန်နဝါရီလ ၅ရက်နံနက်အစောပိုင်းက ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှအရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ၅.၁.၂၀၂၆ရက်နေ့၊နံနက် ၀၅နာရီ ၃၀မိနစ် အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင် ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိ
သော်လည်း ကုန်တင်ယာဉ်မှ ယာဉ်မောင်းထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ရာ အဆိုပါလူနာအား သုခဝေစည်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 05 January 2026
■ ကမ္ဘာပေါ်မှာ နှစ်စဉ် ရေခဲတောင်တန်များ အရည်ပျော်လာခြင်းက ၂၀၅၀ ဝန်းကျင်မှာ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ ရာသီဥတုပူနွေးမှုတွေအောက် ရေခဲတောင်တန်းပေါင်း ၂ သိန်းကျော်ကို သုတေသီများ ဆန်းစစ်ခဲ့ကြရာ ထိုသက္ကရာဇ်ဝန်းကျင်မှာ ရေခဲတောင်အများအပြား ပျောက်ကွယ်လိမ့်မယ်လို့ ETH ဇူးရစ်မှ ရေခဲတောင်ပညာရှင် လန်ဒါဗန်ထရစ်ချ်က ပြောပါတယ်။
■ ၁.၅ ဒီဂရီဆဲလ်စီးယပ်စ် ပူနွေးလာခြင်းနဲ့အတူ ၂၀၄၁ ခုနှစ်မှာ တစ်နှစ်ကို ရေခဲတောင်ပေါင်း ၂ ထောင်ခန့် ဆုံးရှုံးရနိုင်ပါတယ်။
■ ၂၀၅၀ ရာစုနှစ်ဝက်ခန့်မှာတော့ ဆုံးရှုံးမှုပိုကြီးမားလာကာ ရေခဲတောင်ပေါင်း ၄ ထောင်ခန့်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
■ ဥရောပအဲ့လ်စ်တောင်တန်း၊ သမပိုင်းအန်ဒက်စ်တောင်တန်းတို့လို ဒေသတွေမှာတော့ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း ပျောက်ကွယ်လာနိုင်ပါတယ်။
■ ဂရင်းလန်း၊ အန္တာတိကတို့လို ရေခဲတောင်တန်းကြီးတွေကတော့ ရာစုနှစ်နောက်ပိုင်းလောက်မှ ပျောက်ကွယ်ဖို့ များပါတယ်။
■ ၂၀၀၀ ခုနှစ်မှ ၂၀၂၃ အတွင်း ကမ္ဘာတဝှမ်းမှာ ရေခဲတန်ချိန်ပေါင်း ၇၂၁၁ ဘီလီယံခန့် ဆုံးရှုံးထားတယ်လို့ ခန့်မှန်းထားပါတယ်။
■ ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ကန့်သတ်ထားရှိပါက ၂၁၀၀ ခုနှစ်မှာ ကျန်ရှိနိုင်တဲ့ ရေခဲတောင်အရေအတွက်ကို နှစ်ဆများစေနိုင်ပါတယ်။
■ ဒီလေ့လာချက်တွေအရ ရေခဲတောင်တန်းတွေရဲ့ ဂေဟစနစ် အရေးကြီးပုံကို သိရှိစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့ အရေးတကြီး လိုအပ်နေပါတယ်။
Source: ABC News.
#World_Health
Published 05 January 2026
■ ဆံပင်ဖြူခြင်းက အသက်အရွယ်နဲ့ ဆိုင်တယ်ဆိုပေမယ့် စောစီးတဲ့အရွယ်တွေမှာလည်း ဖြစ်ပေါ်ကြပါတယ်။
■ သိပ္ပံနည်းကျ သုတေသနမှာ အာရှလူမျိုးတွေ အသက် ၂၅ နှစ်မတိုင်ခင်မှာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း အဖြစ်များလာပြီး ဒါဟာ အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ မရှိမဖြစ် အာဟာရဓာတ်တွေက ဆံပင်မွေးညင်းပေါက်သို့ မရောက်ဘဲ ကျန်းမာရေးကို ထိခိုက်လာတဲ့ လက္ခဏာဖြစ်ပါတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းနဲ့ သဘာဝဆံပင်အရောင်တို့ကို ဆံပင်မွေးညင်းပေါက်ထဲက မယ်လနိုဆိုက်လို့ခေါ်တဲ့ ရောင်ခြယ်ထုတ်ဆဲလ်တွေက အဆုံးအဖြတ်ပေးပါတယ်။
■ ထိုထဲမှာပါတဲ့ ဆဲလ်နှစ်မျိုးက မယ်လနင်ထုတ်လုပ်မှု မလုပ်တော့တဲ့အခါ ဆံပင်တွေ စတင်ဖြူလာပါတယ်။
■ ၂၀၂၂ သုတေသနမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူသူတွေက မရှိမဖြစ် အာဟာရဓာတ်တွေ အလွန်နည်းပါးနေတာနဲ့ ဆက်စပ်နေတာ တွေ့ရှိရပါတယ်။
■ ဒီလိုလူတွေမှာ ကြေးဝါ၊ ဇင့်၊ သံဓာတ်၊ မဂ္ဂနီဆီယံ၊ ဗိုက်တာမင်-ဘီ၁၂ တို့ သိသိသာသာ ချို့တဲ့နေတာ တွေ့ရပါတယ်။
■ ဒီအာဟာရဓာတ်တွေကို ဖြည့်စွက်အသုံးပြုခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ဖွယ်ရှိပေမယ့် နောက်ထပ်သုတေသနတွေတော့ လိုအပ်ပါသေးတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်နိုင်ပြီး စွမ်းအင်ဇီဝကမ္မဖြစ်စဉ် ယိုယွင်းခြင်း၊ ကိုယ်ခံအားလုပ်ဆောင်ချက် အားနည်းခြင်းစတာတွေလည်း ဖြစ်နိုင်ပါတယ်။
Source: WION
https://studio.youtube.com/video/Rl6pd66jbWs/edit
ဘဏ်ချိတ်စနစ်ဖြင့်ဝယ်ယူပြီး ငွေအကြေမပေးသွင်းတဲ့မော်တော်ယာဉ်များကို သိမ်းဆည်းသွားမယ်လို့နေပြည်တော်ဖွံဖြိုးရေးဘဏ်လီမိတက်က နိုင်ငံပိုင်သတင်းစာများမှတဆင့် သတိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 January 2026
#မော်တော်ယာဉ် #နေပြည်တော်
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့အပတ်ကကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးအားလုံးဟာ အခုတစ်ပတ်မှာလည်း ဆက်လက်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်
ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 03 January 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
#World_Health
Published 04 January 2026
■ ကင်ဆာလူနာတွေဟာ ဉာဏ်ရည်တု(AI)စနစ်ဖြင့် ဓာတုကုထုံးတွေ ပိုမိုထိရောက်အောင် ပြုလုပ်နိုင်ခြင်း၊ ကုသစရာမလိုခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ နော်ဝေးကုမ္ပဏီတစ်ခုက AI ကို အသုံးပြုပြီး အူမကြီးကင်ဆာစစ်ဆေးမှု ပိုမိုထိရောက်စေကာ မလိုလားအပ်တဲ့ ကုသမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
■ DoMore Diagnostics က သာမန်မျက်စိထက် များစွာတိကျစွာ တစ်ရှူးတွေကို ဆန်းစစ်နိုင်မယ့် AI နည်းပညာကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
■ ကင်ဆာလူနာတွေထဲမှာ အကျိုးမရှိတဲ့ ကုသမှုတွေ ခံယူနေရသူ အများကြီးရှိနေတယ်လို့ DoMore Diagnostics စီအီးအို တော့ပ်ဂျွန်ဖူရူဆက်သ်က ပြောပါတယ်။
■ အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အဖြစ်အများဆုံးနဲ့ ဒုတိယမြောက် သေဆုံးမှုအများဆုံးကင်ဆာ ဖြစ်ကြောင်း WHO က ဖော်ပြထားပါတယ်။
■ ဒီနည်းပညာကို အောက်စ်ဖို့ဒ်တက္ကသိုလ်၊ အော့စ်လိုတက္ကသိုလ်ဆေးရုံ၊ လန်ဒါတက္ကသိုလ်ကောလိပ်တို့က ပူးပေါင်းထုတ်လုပ်နေတာ ဖြစ်ပါတယ်။
■ AI နည်းပညာအသုံးပြုခြင်းဖြင့် ဓာတုကုထုံးတွေ မလိုအပ်နိုင်တော့သလို ဘေးထွက်ဆိုးကျိုးတွေလည်း လျော့ကျလာနိုင်ပါတယ်။
■ ဒီ AI ကို ပုံရိပ်နဲ့ လူနာရလဒ်ပေါင်း ထောင်ချီအသုံးပြုလေ့ကျင့်ထားကာ ကင်ဆာပြန်ဖြစ်နိုင်ခြေများတာတွေ အသက်အန္တရာယ်များတာတွေကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
■ DoMore Diagnostics ရဲ့ အူမကြီးကင်ဆာစစ်ဆေးနည်းက ဥရောပ၊ အမေရိကန်၊ ဂျပန်၊ မက္ကဆီကိုတို့ရှိ ဆေးရုံတွေမှာ အတည်ပြုစစ်ဆေးနေပါတယ်။
Source: EuroNews.
တရုတ်ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ(HKSAR) ၈ ကြိမ်မြောက် ဥပဒေပြုကောင်စီအဖွဲဝင်များရဲ့ ကျမ်းသစ္စာဆိုအခမ်းအနားပွဲကို ကြာသပတေးနေ့က ကျင်းပခဲ့ပြီး ၄ နှစ်တာသက်တမ်း စတင်လိုက်ပြီဖြစ်ပါတယ်။
#Asia_Politics
Published 03 January 2026
#တရုတ်ဟောင်ကောင် #HKSAR
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဖွင့်လှစ်မယ့် (၈၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို အက္ခရာ (၁၃) လုံးအထိ တိုးမြှင့်ထုတ်ဝေသွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက အသိပေးထားပါတယ် ။
#Local_News
Published 03 January 2026
#အောင်ဘာလေထီ #ထီလက်မှတ်
#YMG/NN #Yangon_Times
တစ်လကျော်ကြာကျင်းပမယ့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြိုဟောင်းရှိ အာနန္ဒာဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလ၂ရက်မှာ စတင်ကျင်းပနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 03 January 2026
#ပုဂံအာနန္ဒာဘုရားပွဲ #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
Page 137 of 2001