#World_Health
Published 13 June 2026
■ နွေရာသီရောက်လာတဲ့အခါ အိန္ဒိယမှာ ချိုမြတဲ့ သရက်သီး၊ ဖရဲသီး၊ လိုင်ချီးသီးတို့ ပေါပေါများများ ရရှိနေပြီး အိမ်တိုင်းမှာ ပြင်ဆင်စားသောက်ကြပါတယ်။
■ ဆီးချို၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်းရှိသူတွေအတွက်တော့ ဘယ်လောက်စားလို့ရလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
■ အသီးအနှံတွေမှာ မရှိမဖြစ် အာဟာရဓာတ်များ ပါရှိသလို အလွန်အကျွံ စားသုံးမိရင် ဇီဝကမ္မပြဿနာများ ဖြစ်နိုင်ပါတယ်။
■ သရက်သီးဆိုရင် ကယ်လိုရီများပြီး သွေးတွင်းဂလူးကို့စ်ညွှန်ကိန်း အတန်အသင့်ရှိပါတယ်။
■ ဆီးချိုသမားတွေဆိုရင် တစ်နေ့ကို ၁၀၀ ဂရမ်အထိသာ စားသင့်ပြီး အခြားသူတွေကတော့ သရက်သီးအသေးတစ်လုံး စားနိုင်ပါတယ်။
■ အခြားမုန့်ပဲသရေစာတွေ စားမယ့်အစား သရက်သီးစားခြင်းဖြင့် ဂလူးကို့စ် ပိုမိုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
■ ဖရဲသီးမှာ သွေးတွင်းဂလူးကို့စ်တက်နှုန်း နည်းပေမယ့် စားလိုက်ရင် လန်းဆန်းစေတာကြောင့် အလွန်အကျွံ စားမိနိုင်ပါတယ်။
■ ဖရဲသီး ၁၅၀ ဂရမ်မှာ ၄၅ ကယ်လိုရီပါဝင်ပြီး တစ်နေ့ကို ၁၀၀-၁၅၀ ဂရမ်ခန့်သာ စားသုံးသင့်ပါတယ်။
■ လိုင်ချီး ၁၀ လုံးမှာ ၁၀၀ ကယ်လိုရီနဲ့ သကြား ၂၅ ဂရမ်ပါဝင်ကာ ဆီးချိုမရှိသူတွေအနေနဲ့ ၈ လုံးလောက် တစ်ထိုင်တည်းစားနိုင်ပေမယ့် ဆီးချိုသမားတွေကတော့ ၃-၄ လုံးခန့်သာ စားသင့်ပါတယ်။
■ သင်္ဘောသီးကို တစ်နေ့ ၁၅၀-၂၀၀ ဂရမ်ခန့် စားနိုင်ပြီး ဆီးသီး မက်မွန်သီးတို့ဆိုရင် ဆီးချိုသမားတွေအတွက် တစ်လုံး၊ နှစ်လုံးခန့် စားနိုင်ပါတယ်။
■ အသီးအနှံဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် စားသုံးတဲ့ပမာဏကိုတော့ ကန့်သတ်စားသုံးသင့်ပါတယ်။
Source: Indian Express