#World_Health
Published 13 June 2026
■ မိဘတွေက ကလေးငယ်တွေကို ဟင်းရွက်စားဖို့ အတော်လေးကြိုးပမ်းတိုက်တွန်းနေရတာ အဖြစ်များပါတယ်။
■ သုတေသနတစ်ခုမှာတော့ ကလေးငယ်တွေ မမွေးခင်တည်းက ဟင်းရွက်အနံ့တွေ ထိတွေ့စေမယ်ဆိုရင် ဟင်းရွက်နံ့တွေကို မကြိုက်တဲ့ပုံစံမျိုး သိပ်မတွေ့ရဘူးလို့ တွေ့ရှိလာပါတယ်။
■ သုတေသီတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ကို ကိုက်လံအမှုန့်ဆေးတောင့်များ ပေးခဲ့ပြီး အချို့ကိုတော့ မုန်လာဥနီဆေးတောင့်များ ပေးခဲ့ပါတယ်။
■ ဗိုက်ထဲက ကလေးကို ဓာတ်မှန်အသုံးပြု ကြည့်ရှုကာ မုန်လာဥနီနဲ့ ကိုက်လံထိတွေ့မှုကြောင့် ဖြစ်လာတဲ့ မျက်နှာတုံ့ပြန်မှုတွေကို စစ်ဆေးမှတ်သားခဲ့ပါတယ်။
■ ဒီနောက် ကလေး ၁၂ ယောက်ကို အသက် ၃ နှစ်အထိ စောင့်ကြည့်ခဲ့ပါတယ်။
■ မုန်လာဥနီအနံ့တွေနဲ့ ထိတွေ့ခဲ့ရတဲ့ ကလေးတွေက မုန်လာဥနီအနံ့ရတဲ့အခါ အပြုသဘောဆောင် တုံ့ပြန်တာကို တွေ့ခဲ့ပြီး ကိုက်လံနဲ့ ထိတွေ့ခဲ့တဲ့ ကလေးတွေကတော့ ကိုက်လံအနံ့ရရင် သဘောကျကြပါတယ်။
■ ဒီလေ့လာချက်အရ ကိုယ်ဝန်ရင့်ချိန်မှာ ထိတွေ့တဲ့ အနံ့အရသာတို့က ကလေးတွေဆီမှာ စွဲကျန်ခဲ့ပြီး မွေးလာပြီးနောက်မှာလည်း သူတို့အကြိုက်တွေဖြစ်လာဖို့ ပုံဖော်ပေးတယ်လို့ ယူဆရပါတယ်။
■ ဒီသုတေသနက စမ်းသပ်ချက်ကျဉ်းမြောင်းခဲ့ပြီး တွေ့ရှိချက်တွေ အတည်ပြုနိုင်ဖို့အတွက် ကျယ်ပြန့်တဲ့လေ့လာချက်တွေ ပြုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
■ ဒါကြောင့် ကလေးဘဝတည်းက ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးတဲ့အလေ့အကျင့်ရစေဖို့ ကိုယ်ဝန်ဆောင်စဉ်တည်းက လေ့ကျင့်ထိတွေ့ပေးဖို့ အရေးကြီးကြောင်း ဖော်ပြလာပါတယ်။
Source: The Guardian