#World_News
Published 13 June 2026

■ အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် ရရှိလုနီးပါး ဖြစ်နေကြောင်း သောကြာနေ့မှာ နှစ်ဖက်စလုံး အရိပ်အ‌ယောင်ပြလိုက်ပြီး သဘောတူညီချက် အကြောင်းအရာများအပေါ် လက်ခံခဲ့ကြကာ လာမယ့်ရက်ပိုင်းအတွင်း ကနဦး သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန် အစိုးရအဖွဲ့ ထိပ်သီးအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

■ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နိုင်သေးပေမယ့် ယခုယာယီသဘောတူညီချက်ကြောင့် ပဋိပက္ခကြားကနေ ပိုမိုအင်အားတောင့်တင်းလာကြောင်း ပြသနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက ပြောပါတယ်။

■ အမေရိကန်နဲ့ စစ်ပွဲမှာ အီရန်က အနိုင်ရလိုက်တယ်လို့ ရုပ်သံကနေ ပြောကြားလိုက်ပါတယ်။

■ အဆိုပြုနားလည်မှုစာချွန်လွှာထဲမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန်နဲ့ အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားတဲ့ အမေရိကန် ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းရန် တောင်းဆိုထားတာတွေ ပါဝင်တယ်လို့ သတင်းရင်းမြစ်များ ပြောပါတယ်။

■ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ဆွေးနွေးညှိနှိုင်းမှုများကိုတော့ နောက်မှသာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

■ အဆိုပြုချက်တွေထဲမှာ အီရန်လိုချင်တာတွေ အများအပြား ပါဝင်နေပြီး ထရမ့်ဝေဖန်ချင်စရာ ဖြစ်နေပါတယ်။

■ ရေလက်ကြား သင်္ဘောဖြတ်သန်းမှုတွေကို အီရန်နဲ့အတူ အိုမန်က ထိန်းချုပ်သွားမယ်လို့ အာရက်ချီက ပြောပါတယ်။

Source: Reuters