ရှမ်းပြည်နယ်၌ မြန်မာရိုးရာသင်္ကြန်ကာလအတွင်းသနပ်ခါးသင်္ကြန် ပါ၀င်ရန် ဆွေးနွေးနေတယ်လို့သိရပါတယ်။
#Local_News
Published 11 March 2026
#မြန်မာရိုးရာသနပ်ခါးသင်္ကြန် #ရှမ်းပြည်နယ်
#YMG/NN #Yangon_Times
အွန်လိုင်းမှ တဆင့်ရထားလက်မှတ်ဝယ်ယူခြင်းအချိန်ကန့်သတ်ချက်အား ရထားမထွက်ခွာမီ (၁၀) မိနစ်အထိ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့
မြန်မာ့မီရထားမှ သိရပါတယ်။
#Local_News
Published 11 March 2026
#မြန်မာ့မီရထား #အွန်လိုင်း
#YMG/SW #Yangon_Times
#World_Health
Published 11 March 2026
■ ဆီးချိုရောဂါ၊ ဆီးချိုဖြစ်နိုင်ခြေရှိခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတို့ကို ထိန်းသိမ်းဖို့အတွက် အာလူးစားသင့်လား ကန်စွန်းဥစားသင့်လားဆိုတာ မေးစရာရှိပါတယ်။
■ နှစ်မျိုးစလုံးက ဗိုက်ပြည့်ဝစေပြီး သက်သာစွာ ဝယ်ယူနိုင်ပေမယ့် သွေးတွင်းသကြားဓာတ် ထိန်းသိမ်းဖို့နဲ့ ပတ်သက်ရင်တော့ ကွဲပြားသွားပါတယ်။
■ အာလူးက အချိုဓာတ်မြင့်တက်စေပြီး ကိုယ်အလေးချိန် တက်စေတယ်လို့ သိထားပါတယ်။
■ တကယ်တမ်းတော့ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းက အာလူးအမျိုးအစားသာမက ဘယ်လိုချက်တယ် ဘယ်လောက်စားတယ် ဘာနဲ့တွဲစားလဲဆိုတာတွေလည်း သက်ဆိုင်နေပါတယ်။
■ အာလူးပြုတ်တွေမှာ သွေးတွင်းသကြားဓာတ်မြင့်တက်နှုန်း(GI) အသင့်အတင့်ရှိပြီး အာလူးထောင်း အာလူးဖုတ်တို့ကတော့ GI မြင့်မားပါတယ်။
■ ကန်စွန်းဥက ပြုတ်စားမယ်ဆိုရင် GI အသင့်အတင့်ကနေ အနည်းငယ်သာ ရှိပြီး သာမန်အာလူးတွေထက် သွေးတွင်းသကြားဓာတ် မြင့်တက်နှုန်း နှေးစေနိုင်ပါတယ်။
■ အမျှင်ဓာတ်ပါဝင်မှုက အစာခြေနှုန်းကို နှေးစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းကို ကာကွယ်ပေးကာ ကန်စွန်းဥက အခွံပါစားမယ်ဆိုရင် အမျှင်ပိုပါဝင်ပါတယ်။
■ နှစ်မျိုးစလုံးက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝပြီး ခွန်အားပေးနိုင်ပေမယ့် ကွာခြားချက်က ဒီကာဗိုဟိုက်ဒရိတ်တွေ သွေးထဲမှာ ဂလူးကို့စ်အဖြစ် ဘယ်လောက်မြန်မြန် ပြောင်းလဲသလဲဆိုတာပါပဲ။
■ အာလူးနဲ့ ကန်စွန်းဥတို့ကို ပြုတ်စားခြင်းက ကစီဓာတ်ရစေပြီး သွေးတွင်းသကြားဓာတ် ထိန်းစေနိုင်ပါတယ်။
■ အာလူးကြော်နဲ့ ကန်စွန်းဥကြော်တို့ဆိုရင်တော့ သကြားဓာတ်မြင့်တက်စေပြီး ဆိုးကျိုးပြုဆီတွေလည်း ပါဝင်ပါတယ်။
■ နှစ်မျိုးစလုံးကို အသင့်အတင့်ပမာဏဖြင့် ပရိုတိန်း၊ အမျှင်ဓာတ်တို့နဲ့ တွဲစားပါက အာဟာရမျှတမှုရနိုင်ပါတယ်။
Source: India Today
#World_Health
Published 11 March 2026
■ သွေးတိုးလူနာတွေအနေနဲ့ ပုံမှန်သောက်နေရတဲ့ သွေးထိန်းဆေးတွေကို ငါးကြီးဆီနဲ့ တွဲသောက်လို့ရလားဆိုတာ သိချင်နေကြပါတယ်။
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ငါးကြီးဆီဖြည့်စွက်ဆေးတွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပြီး အဆီဓာတ်တွေနဲ့ ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးပါတယ်။
■ များသောအားဖြင့် ဒီဆေးနှစ်မျိုးကို တွဲသောက်လို့ ရပါတယ်။
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက သွေးကြောထဲ ရောင်ရမ်းမှုလျှော့ချခြင်း၊ သွေးကြောကျုံ့နိုင်ဆန့်နိုင်စွမ်း မြင့်မားစေခြင်းတို့ဖြင့် နှလုံးကျန်းမာရေးကို ထောက်ကူပေးတဲ့အပြင် သွေးပေါင်ချိန် လျှော့ချပေးနိုင်ဖွယ် ရှိတယ်လို့လည်း အထောက်အထားအချို့ တွေ့ထားပါတယ်။
■ ဒီလိုအာနိသင်တွေကြောင့် ငါးကြီးဆီကို သဘာဝဖြည့်စွက်ဆေးအဖြစ် သတ်မှတ်ကြပါတယ်။
■ လူသုံးများတဲ့ သွေးတိုးကျဆေးတွေ၊ ကယ်စီယံပိတ်ဆို့ဆေးတွေ၊ ဖိစီးမှုဟော်မုန်းပိတ်ဆို့ဆေးတွေ၊ ဆီးရွှင်တွေနဲ့ အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။
■ သွေးပေါင်ချိန် ထိန်းသိမ်းနိုင်သူတွေမှာ ငါးကြီးဆီထည့်စားရင် သက်ရောက်မှု အနည်းငယ်မြှင့်တင်ပေးနိုင်ပါတယ်။
■ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ၊ ဆေးအများအပြား အသုံးပြုနေရသူတွေမှာတော့ သွေးပေါင်ချိန် အကျလွန်သွားနိုင်ကာ မူးဝေမေ့မောခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ နောက်တစ်ချက်က ငါးကြီးဆီဟာ အတန်အသင့် သွေးကျဲစေတဲ့ အာနိသင်ရှိတာကြောင့် စားတာများသွားရင် သွေးယိုနိုင်ခြေများပါတယ်။
■ ငါးကြီးဆီဟာ အဓိကဆေးတွေနေရာမှာ အစားထိုးနိုင်တဲ့ ဖြည့်စွက်ဆေး မဟုတ်သလို လေ့ကျင့်ခန်း၊ စားသောက်ပုံစံ၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့အတွက်လည်း လုံလောက်စွာ ဖြည့်စွက်နိုင်မှာ မဟုတ်ပါဘူး။
Source: Indian Express
နေပြည်တော်၊ မတ် ၁၀
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း အစိုးရ၏ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ လာမည့် ဧပြီလတွင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြား လိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ၅၄.၂၂ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၁၃.၁၄ သန်း လာရောက် မဲပေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်အစည်းအဝေးများကို ယခု မတ်လအတွင်း စတင်ကျင်းပမည်ဖြစ်ပြီး၊ ဧပြီလတွင် အစိုးရသစ်ထံ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၅ နှစ်တာ ကာလအတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ: ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှု: NCA လမ်းကြောင်းပေါ်တွင် အခြေခံကာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

ဥပဒေပြင်ဆင်ရေး: ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ရရှိလာသော အချက်များကို လာမည့်လွှတ်တော် တွင် ဆွေးနွေးပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် ယာယီ သမ္မတက အတည်ပြုပြောကြားသည်။
နိုင်ငံတော်၏ GDP တိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများကို အားပေးခဲ့ကြောင်းနှင့် ယခင်အစိုးရလက်ထက်က ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကို သင်ခန်းစာယူ၍ ပို့ကုန်မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဖြည့်စွက်ပြောကြားသည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရန်ကုန်-မန္တလေး ရထားလမ်းကို အဆင့်မြှင့်တင်ခဲ့ရာ ယခုအခါ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ပြီဖြစ်ကြောင်းနှင့် ပြည်တွင်းလေဆိပ် ၈ ခုကိုလည်း အဆင့် မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ မျှော်မှန်းသက်တမ်း တိုးတက်လာသော်လည်း အာဆီယံ ဒေသတွင်းတွင် အနိမ့်ဆုံးဖြစ်နေသေးသဖြင့် ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် လွတ်လပ်၍ တက်ကြွသော မူဝါဒကို ကျင့်သုံးခဲ့ပြီး၊ ICJ တရာ းရင်ဆိုင်မှုတွင်လည်း ဥပဒေကြောင်းအရ ထိရောက်စွာ ပါဝင်ရင်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောင်လာမည့် အစိုးရအနေဖြင့် အခက်အခဲများ မကြုံတွေ့စေရန် မိမိတို့၏ အတွေ့အကြုံများကို စနစ်တကျ မှတ်တမ်းတင် လွှဲပြောင်းပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
Knl/ymg
တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာမူဝါဒမှာ အိမ်နီးချင်းနိုင်ငံတွေကို အဓိကဦးစားပေးအဖြစ် အမြဲတမ်းထားရှိပြီး၊ တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းလုံခြုံရေးအတွက် ခိုင်မာတဲ့မဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_News
Published 10 March 2026
#တရုတ်နိုင်ငံ #တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 10 March 2026
▪️ အီရန်ကတော့ အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ တိုက်ခိုက်မှုတွေကို စစ်ရေးအရမဟုတ်ဘဲ တောင့်ခံနိုင်ရန် လောင်းကြေးထပ်လိုက်ပါပြီ။
▪️ ဒရုန်းတွေ ဒုံးကျည်တွေနဲ့ စွမ်းအင်အဓိကလမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ကမ္ဘာ့ဈေးကွက်ကို နှောင့်ယှက်မှာဖြစ်ကာ အမေရိကန်ဘက်က အရင်ဆုံးလက်လျှော့ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
▪️ အီရန်တို့က အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေကို ခံနေရကာ အဓိကပုဂ္ဂိုလ်ကြီးတွေ ဆုံးရှုံးထားပေမယ့် အစ္စလာမ်တော်လှန်ရေးအစောင့်တပ်(IRGC)တွေက မြဲမြံစွာ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး စစ်ပွဲထဲမှာ ပစ်မှတ်တွေ ဗျူဟာတွေ ခင်းကျင်းထားနိုင်ပါတယ်။
▪️ ကျဆုံးလေပြီးသော ခေါင်းဆောင်ဟောင်း အယာတိုလာအလီခါမေနီရဲ့ သားဖြစ်သူ မော့တာဘာခါမေနီကို ခေါင်းဆောင်သစ် တင်မြှောက်ရာမှာလည်း IRGC က အရေးပါတဲ့ကဏ္ဍက ပါဝင်ထားပါတယ်။
▪️ အီရန်တို့က ပင်လယ်ကွေ့မှ စွမ်းအင်အချက်အခြာနေရာများကို ပစ်မှတ်ထားပြီး စီးပွားရေးတွေ မတည်မငြိမ်ဖြစ်အောင် ဦးတည်နေကာ အမေရိကန်ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို စမ်းသပ်နေပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်တို့ လုံးဝမရှုံးနိမ့်သရွေ့ စစ်ပွဲဆက်လက်ဖြစ်ပွားနေဦးမယ်လို့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။
▪️ ဒီစစ်ပွဲက အီရန်အတွက်တော့ အတ္တတွေ အမှန်ဝါဒတွေအဖြစ် မြင်နေရပြီး ရန်သူတွေ နိုင်ငံရေးအရ စီးပွားရေးအရ လမ်းဆုံးလာမှာကို စောင့်ဆိုင်းမယ့်သဘော ဖြစ်ပါတယ်။
▪️ တိုက်ခိုက်မှုကြီးတွေ ခံနေရပေမယ့် အီရန်ဟာ ပြည်တွင်းထဲမှာ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပြီး ခေါင်းဆောင်မှုအပိုင်းမှာ ဆန္ဒပြတာတွေ သဘောထား ကွဲလွဲတာတွေ မမြင်ထားရပါဘူး။
▪️ ပဋိပက္ခက ဘယ်လောက်တောင့်ခံနိုင်လဲ ဆိုတာကို စမ်းသပ်တဲ့သဘော မြင်ရပြီး နှစ်ဘက်စလုံးက စီးပွားရေးနဲ့ နိုင်ငံရေးပေးဆပ်မှုတွေ ကြီးမားနေပါတယ်။
Source: Reuters
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့
ထိုင်းနိုင်ငံကိုတင်ပို့မယ့် ပြောင်းဆံတွေအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ကို အခုမတ်လဆန်းကနေစတင်ပြီး စိစစ်ခွင့်ပြုထုတ်ပေးနေတယ်လို့ မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 10 March 2026
#ပြောင်းဆံ #ထိုင်းနိုင်ငံ
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်မှာအပတ်စဉ်တနင်္လာနေ့တိုင်းကို ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 10 March 2026
#ပြင်ဦးလွင် #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ကွပ်ကဲမှုမှာရှိကြတဲ့ သဘင်တည်ထောင်သူအဖွဲ့တွေ၊ သဘင်အနုပညာရှင်တွေအနေနဲ့ မဖြစ်မနေသွားရောက်ဖျော်ဖြေရမဲ့ ခရီးစဉ်တွေအတွက် မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ထောက်ခံချက်ရယူရမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက ယမာန်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 10 March 2026
#မြန်မာနိုင်ငံသဘင်အစည်းအရုံး
#YMG/NN #Yangon_Times
စက်သုံးဆီ ဝယ်ယူရရှိမှုအခြေအနေတွေကြောင့် ယခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ EV ဆိုင်ကယ်တွေ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်းနေတယ်လို့ မန္တလေးမြို့ခံတွေထံကသိရပါတယ်။
#Local_News
Published 10 March 2026
#EVဆိုင်ကယ် #မန္တလေး
#YMG/SW #Yangon_Times
#Daily_News
Published 10 March 2026
၁။ ထိုင်းသို့တင်ပို့မည့်ပြောင်းဆံများအား မီးခိုးမြူကင်းစင်ကြောင်းထောက်ခံချက်များထုတ်ပေးနေ
၂။ ပြင်ဦးလွင်တွင် အပတ်စဉ်တနင်္လာနေ့တိုင်းကိုပလတ်စတစ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်
၃။ သဘင်တည်ထောင်သူနှင့်အနုပညာရှင်များ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ထောက်ခံချက်ယူရမည်
၄။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာတွင် အိမ်နီးချင်းနိုင်ငံများကို အဓိကဦးစားပေးအဖြစ် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဝန်ကြီးဝမ်ရိပြောကြား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 138 of 2054