#World_Health
Published 11 March 2026

■ ဆီးချိုရောဂါ၊ ဆီးချိုဖြစ်နိုင်ခြေရှိခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတို့ကို ထိန်းသိမ်းဖို့အတွက် အာလူးစားသင့်လား ကန်စွန်းဥစားသင့်လားဆိုတာ မေးစရာရှိပါတယ်။

■ နှစ်မျိုးစလုံးက ဗိုက်ပြည့်ဝစေပြီး သက်သာစွာ ဝယ်ယူနိုင်ပေမယ့် သွေးတွင်းသကြားဓာတ် ထိန်းသိမ်းဖို့နဲ့ ပတ်သက်ရင်တော့ ကွဲပြားသွားပါတယ်။

■ အာလူးက အချိုဓာတ်မြင့်တက်စေပြီး ကိုယ်အလေးချိန် တက်စေတယ်လို့ သိထားပါတယ်။

■ တကယ်တမ်းတော့ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းက အာလူးအမျိုးအစားသာမက ဘယ်လိုချက်တယ် ဘယ်လောက်စားတယ် ဘာနဲ့တွဲစားလဲဆိုတာတွေလည်း သက်ဆိုင်နေပါတယ်။

■ အာလူးပြုတ်တွေမှာ သွေးတွင်းသကြားဓာတ်မြင့်တက်နှုန်း(GI) အသင့်အတင့်ရှိပြီး အာလူးထောင်း အာလူးဖုတ်တို့ကတော့ GI မြင့်မားပါတယ်။

■ ကန်စွန်းဥက ပြုတ်စားမယ်ဆိုရင် GI အသင့်အတင့်ကနေ အနည်းငယ်သာ ရှိပြီး သာမန်အာလူးတွေထက် သွေးတွင်းသကြားဓာတ် မြင့်တက်နှုန်း နှေးစေနိုင်ပါတယ်။

■ အမျှင်ဓာတ်ပါဝင်မှုက အစာခြေနှုန်းကို နှေးစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းကို ကာကွယ်ပေးကာ ကန်စွန်းဥက အခွံပါစားမယ်ဆိုရင် အမျှင်ပိုပါဝင်ပါတယ်။

■ နှစ်မျိုးစလုံးက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝပြီး ခွန်အားပေးနိုင်ပေမယ့် ကွာခြားချက်က ဒီကာဗိုဟိုက်ဒရိတ်တွေ သွေးထဲမှာ ဂလူးကို့စ်အဖြစ် ဘယ်လောက်မြန်မြန် ပြောင်းလဲသလဲဆိုတာပါပဲ။

■ အာလူးနဲ့ ကန်စွန်းဥတို့ကို ပြုတ်စားခြင်းက ကစီဓာတ်ရစေပြီး သွေးတွင်းသကြားဓာတ် ထိန်းစေနိုင်ပါတယ်။

■ အာလူးကြော်နဲ့ ကန်စွန်းဥကြော်တို့ဆိုရင်တော့ သကြားဓာတ်မြင့်တက်စေပြီး ဆိုးကျိုးပြုဆီတွေလည်း ပါဝင်ပါတယ်။

■ နှစ်မျိုးစလုံးကို အသင့်အတင့်ပမာဏဖြင့် ပရိုတိန်း၊ အမျှင်ဓာတ်တို့နဲ့ တွဲစားပါက အာဟာရမျှတမှုရနိုင်ပါတယ်။

Source: India Today