#Local_News
Published 13 June 2026
■ ဓာတ်အားလိုင်းကြိုး ကြံခိုင်ရေးအတွက် ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ စက်မှုဇုန်- လှိုင်းဘွဲ ဓာတ်အားလိုင်း များအား ယခုလ၁၄ရက်တွင် လိုင်းပိတ်ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
■ အဆိုပါထုတ်ပြန်ချက်တွင် ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ခရိုင်၊ မြို့ ဧရိယာများတွင် စဉ်ဆက်မပြတ် ဓာတ်အားပို့ လွှတ်ဖြန့် ဖြူးပေး နိုင်ရေးအတွက် အရေး ပါသည့်ဓာတ်အားလိုင်းဖြစ်ပြီး၊ ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျိုင်းတောင်းမြို့နယ်၊ ၁၉ မိုင် ကျေးရွာအနီး တာဝါတိုင်အမှတ် (၁၅၇ နှင့် ၁၅၈) အကြား A Phase ဓာတ်အားလိုင်းကြိုး ကြိုးလွန်းဖွာ နေခြင်း၊ တာဝါတိုင်အမှတ် (၁၁၉ နှင့် ၁၂၀) အကြား A Phase ဓာတ်အားလိုင်းကြိုး ကြိုးလွန်းပြတ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဓာတ်အားပြတ်တောက်မှုလျော့နည်းပြီး ဓာတ်အားလွှတ်စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင် မည်ဖြစ်သည့်အတွက် ဖော်ပြပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်(တနင်္ဂနွေနေ့)၊ ၀၈:၀၀ နာရီမှ ၁၅:၀၀ နာရီ အထိလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကျိုင်းတောင်းဓာတ်အားပေးစက်ရုံမှ ဓာတ်အား ထုတ်လုပ်မှု (၃၄) မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်၍ ကျန်ဓာတ်အားပေးစက်ရုံ များမှ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းအပြင် ၂၃၀/၆၆/၁၁ ကေဗွီ ဘားအံပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ စက်မှုဇုန်-လှိုင်းဘွဲဓာတ်အားလိုင်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေ ရေးနှင့် ဓာတ်အားကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက် (၀၈:၀၀) နာရီမှ (၁၇:၀၀) နာရီအထိ ဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆/၃၃/၁၁ ကေဗွီ လှိုင်းဘွဲ (ချမ်းသာ) ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် လှိုင်းဘွဲ ၊ ပိုင်ကျုံ၊ မြိုင်ကြီးငူ၊ ကမမောင်းမြို့တို့ရှိ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် ကျေးရွာ(၈၃)ရွာတို့တွင် ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times