ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာသာမက တရုတ်ငွေကြေးယွမ်ဖြင့် လက်ခံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 March 2026
#DICA # တရုတ်ငွေကြေးယွမ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၄ သန်း ရောင်းချပေးသွားမယ်လို့ ယမန်နေ့ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 March 2026
#စက်သုံးဆီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Daily_News
Published 19 March 2026
၁။ ထီးတန်းဆိပ်ကမ်း၌စားသုံးဆီတင်သင်္ဘောကိုကြည့်ရှုစစ်ဆေး
၂။ ဝန်ဆောင်ခပေးသွင်းပြီး ပြည်ပသွားရောက်ခွင့်မရသူများတိုင်ကြားနိုင်
၃။ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာသာမက တရုတ်ငွေကြေးယွမ်ဖြင့် လက်ခံဆောင်ရွက်နေ
၄။ ပေကျင်းမာရသွန်ဝက်ပြိုင်ပွဲအတွက် လူသားပုံသဏ္ဍာန်စက်ရုပ်များပထမဆုံးလေ့ကျင့်ပြီးဆုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 March 2026
■ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များပိုမိုလာရောက်လည်ပတ်ရန်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
■ တရုတ်ခရီးသွားဈေးကွက်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲ Road Show အစီအစဉ်ကို တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရ၏ဖိတ်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ၊ မန်စီမြို့၌ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
■ အဆိုပါ မြန်မာ့ခရီးသွားလုပ်ငန်းမိတ်ဆက်ပွဲအခမ်းအနားသို့ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့ အစိုးရမှတာဝန်ရှိသူများ၊ရွှေလီနှင့် တက်ဟုန်းပြည်နယ်ခွဲမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ခရီးသွားကုမ္ပဏီများ၊ မီဒီယာများနှင့် တက်ဟုန်းပြည်နယ်ခွဲနှင့် မန်စီရှိ လူမှုကွန်ရက်များတွင် ထင်ရှားသည့် Influencer များ စုစုပေါင်း (၁၀၀) ဦးခန့် ပါဝင်တက် ရောက်ခဲ့ကြသည်။
■ အခမ်းအနားတွင် တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားများအသီးသီးပြောကြားခြင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကိုယ်စား လှယ်တစ်ဦးက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအခြေအနေနှင့် ထင်ရှားသည့်ခရီးစဉ်ဒေသများအကြောင်းမိတ်ဆက်ပြောကြားခြင်း၊ မြန်မာနိုင်ငံအကြောင်းရိုက်ကူးထားသည့် ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများပြသခြင်း၊မြန်မာ့ရိုးရာအကများဖြင့်ကပြဖျော်ဖြေခြင်း၊ တက်ဟုန်းပြည်နယ်ခွဲ၊ ခရီးသွား လုပ်ငန်းဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက တက်ဟုန်းပြည်နယ်ခွဲရှိ ခရီးစဉ်ဒေသများအကြောင်းမိတ်ဆက်ပြောကြားခြင်းနှင့် ယဉ်ကျေးမှုအကများဖြင့်ဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
■ ၎င်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့်နှစ်နိုင်ငံမှ ခရီးသွားကုမ္ပဏီများအချင်းချင်း သတင်းအချက်အလက်ဖလှယ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မန်စီမြို့နှင့် အနီးတဝိုက်ရှိ ခရီးသွားဆွဲ ဆောင်ရာနေရာများနှင့်ခရီးသွားမြှင့်တင်ရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒေသ ထွက်အမှတ်တရပစ္စည်းများထုတ်လုပ်ရောင်းချသည့် နေရာများသို့ သွားရောက်လေ့လာကာ မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံမှထွက်ရှိ သည့်ဒေသထွက်အစားအစာများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို မန်စီရှိ ဒေသထွက်အမှတ် တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွင် တင်ပြရောင်းချနိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 19 March 2026
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အီရန်အပေါ် တစ်ကမ္ဘာလုံးမှ ပူးပေါင်းကြိုးပမ်းအားထုတ်ပေးရန်နဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့ သင်္ဘောများ စေလွှတ်ပေးရန် တောင်းဆိုခဲ့ရာမှာ အမေရိကားရဲ့ အနီးစပ်ဆုံးမဟာမိတ်အချို့က ငြင်းပယ်ခဲ့ကြပါတယ်။
▪️ ဂျာမနီနိုင်ငံ့အကြီးအကဲ ဖရိုင်းဒရစ်မာ့ဇ်က အီရန်အနေနဲ့ အိမ်နီးချင်းတွေကို ခြိမ်းခြောက်ခွင့် မရသင့်ဘူးဆိုတာ လက်ခံပေမယ့် အမေရိကန်-အစ္စရေးလ်စစ်ပွဲနောက်ကွယ်က ကျိုးကြောင်းဆီလျော်မှုကိုတော့ သံသယရှိနေတယ်လို့ လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။
▪️ ဒါကြောင့် စစ်ပွဲဆက်ရှိနေသရွေ့ ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် စစ်ရေးအားဖြင့် ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
▪️ ဥရောပခေါင်းဆောင်တွေကလည်း အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေလ်း စစ်ဆင်ရေးပြုလုပ်နေတာကို တိုက်ရိုက်ပတ်သက်ခြင်းမပြုဖို့ ငြင်းဆန်ထားပါတယ်။
▪️ ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုရစ်ပစ္စတိုရီယပ်စ်ကလည်း ဒါဟာ ကျွန်ုပ်တို့ စစ်ပွဲမဟုတ်ကြောင်း၊ ကျွန်ုပ်တို့ စတင်ခဲ့တာမဟုတ်ကြောင်း ထောက်ခံပြောဆိုသွားပါတယ်။
▪️ ပြင်သစ်သမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ကလည်း စစ်ပွဲဆန့်ကျင်တဲ့သဘောများ ထုတ်ဖော်ခဲ့ကြပါတယ်။
▪️ စပိန်အစိုးရကတော့ အီရန်တိုက်ခိုက်မှုတွေဟာ တရားမဝင် မထီမဲ့မြင်ပြုရာကျတယ်လို့ ရှုတ်ချထားပါတယ်။
▪️ ဥရောပနိုင်ငံတွေက ထရမ့်ရဲ့ စစ်ပွဲဦးတည်ချက် မရေမရာဖြစ်နေတာကို ဝေဖန်နေပြီး ဒီအခြေအနေတွေ ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာနေပါတယ်။
▪️ ဥရောပသမဂ္ဂခေါင်းဆောင်တွေက စည်းလုံးညီညွတ်မှု ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ တည်ငြိမ်ပြီး တင်းမာမှုလျော့ကျရေးတို့ကို ဦးစားပေးသွားဖို့ ရည်မှန်းထားပါတယ်။
Source: Reuters
#World_Health
Published 19 March 2026
■ ပင်ပန်းတဲ့အခါ ဖိစီးတဲ့အခါ မျက်လုံးညောင်းတဲ့အခါ အလိုလိုနေရင်း မျက်လုံးပွတ်မိတတ်ကြပါတယ်။
■ တစ်နည်းနည်းနဲ့တော့ နေလို့ထိုင်လို့ ကောင်းသွားတတ်ပါတယ်။
■ ဒါက ဘေးအန္တရာယ်မရှိဘူး ထင်ရပြီး မျက်နှာပြင်အောက်မှာ နောက်ထပ် ဖြစ်ပျက်တာတွေ ရှိပါတယ်။
■ မျက်လုံးကို ဖိပွတ်တဲ့အခါ မျက်လုံးအိမ်တဝိုက်မှ အာရုံကြောမျှင်တွေ လှုံ့ဆော်ပေးပြီး ဦးနှောက်သို့အချက်ပြကာ မျက်လုံးညောင်းခြင်း၊ ခြောက်သွေ့ခြင်း၊ နေရခက်ခြင်းတို့ကို သက်သာစေပါတယ်။
■ ခဏတာ ပွတ်ပေးလိုက်ရင် မျက်ရည်စီးဆင်းမှု ကောင်းစေသဖြင့် မျက်လုံးခြောက်သွေ့ခြင်းကို စိုစွတ်စေပြီး အမှုန်အမွှားတွေ ဖယ်ရှားနိုင်တယ်လို့ မျက်လုံးအထူးကု ဒေါက်တာ ပူရန်ဒရာဘာဆင်က ပြောပါတယ်။
■ မျက်ခွံနဲ့ တစ်ရှူးတွေကို ညင်သာစွာဖိအားပေးသဖြင့် မျက်လုံးတွေ ညောင်းညာနေတဲ့အခါ ကျေနပ်မှုရစေပါတယ်။
■ မျက်လုံးပွတ်ခြင်းက အဓိကအာရုံကြောမကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဗေးဂတ်စ်နာ့ဗ်ကို လှုံ့ဆော်ပေးပြီး နှလုံးခုန်နှုန်းလျော့စေကာ စိတ်တည်ငြိမ်မှု ခံစားရစေပါတယ်။
■ ဒါကြောင့် မျက်လုံးပွတ်လိုက်ရင် စိတ်ခံစားမှုအပိုင်းမှာ သက်သာရာရစေတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။
■ ဒါပေမဲ့ မကြာခဏ အားပြင်းပြင်း ပွတ်နေမိရင် မျက်လုံးရှေ့က မျက်ကြည်လွှာ ပါးလွှာထိခိုက်နိုင်ပြီး အမြင်အာရုံ ယိုယွင်းစေနိုင်ပါတယ်။
■ ဒါ့အပြင် သွေးကြောငယ်လေးတွေ ပျက်စီးနိုင်ပြီး နီမြန်းတာတွေ ရောင်ရမ်းတာတွေ ဖြစ်နိုင်သလို လက်တွေမှာ ဘက်တီးရီးယားတွေ ဖုန်တွေ သယ်ဆောင်တာကြောင့် မျက်လုံးရောဂါပိုးဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Source: Indian Express
#World_Science
Published 19 March 2026
■ ကောင်းကင်နိဗ္ဗာန်ဆိုတာဟာ စကြဝဠာထဲမှာ လက်တွေ့ကျကျရှိတဲ့ နေရာဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တစ်ဦး အကြံပြုလိုက်ပါတယ်။
■ ဟားဗတ်ရူပဗေဒဆရာဟောင်း မိုက်ကယ်ဂွယ်လန်က နိဗ္ဗာန်ဘုံဟာ အာကာသမိုးကုတ်စက်ဝိုင်းအလွန်မှာ ရှိနေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
■ ဒါဟာ ကမ္ဘာကနေ ကီလိုမီတာပေါင်း ၄၃၉ ဘီလီယံထရီလီယံခန့် ကွာဝေးတာဖြစ်ပြီး သူ့ရဲ့သီအိုရီကို အခြားသိပ္ပံပညာရှင်တွေကတော့ လက်မခံကြပါဘူး။
■ ဂွယ်လန်က ဘယ်လိုအကြောင်းအရင်း ချပြလဲဆိုတော့ စကြဝဠာတစ်ခုလုံးဟာ အာကာသမိုးကုတ်စက်ဝိုင်းအလွန်မှာ တည်ရှိပေမယ့် ဒါကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်တာကြောင့် အမြဲတမ်းဖုံးကွယ် တည်ရှိနေတယ်လို့ ဆိုပါတယ်။
■ ဒါနဲ့ပတ်သက်ပြီး ကွန်နက်တီကပ်ကောလိပ်မှ နက္ခတ္တဗေဒပရော်ဖက်ဆာ အဲလက်စ်ဂျီယန်နီနက်စ်က ဆန့်ကျင်ခဲ့ကာ အာကာသမိုးကုတ်စက်ဝိုင်းဆိုတာ လက်တွေ့တည်ရှိတာမဟုတ်ဘဲ လူတွေမှန်းဆနေတဲ့ နယ်နိမိတ်စည်းတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
■ မိုးကုတ်စက်ဝိုင်းကို ကျော်ပြီးမမြင်ရတာနဲ့ပဲ စကြဝဠာကြီး အဲဒီမှာအဆုံးသတ်တယ်လို့ ဆိုလို့မရပါဘူး။
■ အလင်းက ကမ္ဘာသို့ရောက်ရှိရန် လုံလောက်တဲ့အချိန်ရှိတဲ့နေရာတွေကိုပဲ မြင်နိုင်တာဖြစ်ပြီး အချို့နေရာတွေဆိုရင် အလင်းဆီကနေ ကွာဝေးလွန်းတာကြောင့် မမြင်နိုင်ဘဲ ဖြစ်နေနိုင်ပါတယ်။
■ နောက်တစ်ချက်က အာကာသမိုးကုတ်စက်ဝိုင်းမှာ အချိန်ရပ်တန့်သွားတယ်ဆိုတဲ့ အိုင်းစတိုင်းရဲ့ သီအိုရီပါပဲ။
■ ထိုအခါမှာ အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေ မရှိတော့ဘဲ နိဗ္ဗာန်မှာ အချိန်ရယ်ဆိုပြီး မရှိတော့တဲ့သဘော ဖြစ်ပါတယ်။
Source: NPR
၂၀၂၆ အသုံးအဆောင်နှင့်လျှပ်စစ်ပစ္စည်းပြပွဲ (AWE2026)ကို ကြာသပတေးနေ့က ရှန်ဟိုင်းမှာ ဖွင့်လှစ်ခဲ့ကာ AI စနစ်သုံး ဖန်တီးမှုများ နည်းပညာများဖြင့် အနာဂတ်ပုံဖော်မှုများကို မြင်တွေ့ရပါတယ်။
#World_Event
Published 18 March 2026
#AWE2026 #ရှန်ဟိုင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 March 2026
၁။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိဝင်ရောက်ဖြေဆို
၂။ လာမည့်ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေအခွန်နှုန်းထားများကို ယခင်နှုန်းအတိုင်းသာကောက်ခံမည်
၃။ နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပါက ထောင်ဒဏ်ငါးနှစ်နှင့်ငွေဒဏ်များချမှတ်နိုင်
၄။ (၂၀၂၆)ကမ္ဘာ့လုံးဆိုင်ရာအိမ်အသုံးအဆောင်နှင့်လျှပ်စစ်ပစ္စည်းပြပွဲကြီး ရှန်ဟိုင်း၌ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိဝင်ရောက်ဖြေဆိုခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။
#Local_News
Published 18 March 2026
#တက္ကသိုလ်ဝင်စာမေးပွဲ
#YMG/NN #Yangon_Times
လာမယ့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်မှာလည်း အိမ်ခြံမြေ ရောင်းဝယ်ရာမှာ ပေးဆောင်ရတဲ့ ဝင်ငွေခွန်နှုန်းထားတွေ ပြောင်းလဲခြင်းမရှိဘဲ ယခင်နှုန်းထားအတိုင်းသာ ကောက်ခံသွားမယ်လို့ မတ်လ ၁၅ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ၂၀၂၆ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ဖော်ပြထားချက်အရသိရပါတယ်။
#Local_News
Published 18 March 2026
# အိမ်ခြံမြေ #အခွန်အကောက်ဥပဒေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်ပါက ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ်များချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက မတ် ၁၇ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
#Local_News
Published 18 March 2026
#နိုင်ငံကူးလက်မှတ်အတု #မြန်မာနိုင်ငံကူးလက်မှတ်
#YMG/SW #Yangon_Times
Page 132 of 2054