ရန်ကုန်ဈေးကွက်ထဲမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဖြစ်တဲ့ စက်သုံးဆီဈေးတွေဆက်တက်ဆက်တက်နေပြီး တစ်လတာအတွင်း တစ်လီတာကိုကျပ် ၁၀၀ ကျော်မှ ၅၀၀ကျော်အထိမြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 06 July 2024
#စက်သုံးဆီဈေးဆက်တက် #စက်သုံးဆီဈေးကွက်
#NN #Yangon_Times
ရန်ကုန်မှာ ဝမ်းလျောလူနာတွေထက် မိုးတွင်း တုပ်ကွေးဖြစ်ကာ ဖျားနာတဲ့ လူကြီး၊ ကလေးလူနာတွေနဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးငယ်တွေကိုသာ ဆေးရုံပို့ဆောင်ပေးနေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
#Local_News
Published 06 July 2024
#ကလေးဖျားနာလူနာ #သွေးလွန်တုပ်ကွေးလူနာ
#tthl #Yangon_Times
#Local_News
Published 7 July 2024
▪️ ယခုရက်သတ္တပတ်အတွင်း မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေဝင်နစ်မြု-ပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက သတိပေး ကြေညာထားသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်တွင် ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့ရန် ပြုလုပ်ထားခြင်း၊ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားခြင်း၊ ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားခြင်း၊ လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားခြင်းများကို လုပ်ဆောင်ထားရန်လိုအပ်ကြောင်း သိရသည်။
▪️ ထို့အပြင် အဓိကအားဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းပေးခြင်း၊ သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားခြင်း၊ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားခြင်းတို့ကိုလည်း ကြိုတင်ပြင်ဆင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက်စစ်ဆေးနေကာထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများကြိုတင်ပြင်ဆင်ထားရန်လိုကြောင်းလည်း ဆိုထားသည်။
▪️ ရေကြီးနစ်မြု-ပ်မှုများ အတွက်လည်း အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းနှင့် နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသသတိပေးချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက်နားထောင်ကာ ပြည်တွင်းထုတ်နေ့စဉ် သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြရန်လိုကြောင်းလည်း သိရသည်။
#YMG/ NN #Yangon_Times
#World_Politics
Published 06 July 2024
▪️ ဗြိတိန်ဝန်ကြီးချုပ်အသစ် ဖြစ်လာတဲ့ ကီယာစတားမားက အပြတ်အသတ် မဲအနိုင်ရရှိခဲ့တာနဲ့အတူ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားမယ်လို့ သောကြာနေ့က ကတိပြုလိုက်ကာ နှစ်ပေါင်းများစွာတိုင်အောင် ဆူပူအုံကြွတာတွေ၊ ပဋိပက္ခတွေ ဖြစ်ပြီးနောက် နိုင်ငံရေးဖိအားတွေကို လျှော့သွားချင်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ ကွန်ဆာဗေးတစ်အစိုးရ ၁၄ နှစ်အုပ်ချုပ်ခဲ့ပြီးနောက် စတားမားရဲ့ အလုပ်သမားပါတီက လွှတ်တော်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တာဖြစ်ကာ တွေ့ကြုံလာရမယ့် အခက်အခဲ ဘယ်လောက်ကြီးမားလဲဆိုတာကို သိရှိထားတယ်လို့ စတားမားက နံပါတ်(၁၀)ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးနေအိမ်အပြင်ဘက်ကနေ ပြောကြားသွားပါတယ်။
▪️ တိုးတက်ရေးမှန်သမျှက အချိန်ယူရမှာဖြစ်ပြီး အရင်ဆုံး နိုင်ငံရေးမှာ ယုံကြည်မှုရအောင် ပြန်လည်တည်ဆောက်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်။
▪️ အခုလို မယုံကြည်တာတွေကို စကားလုံးတွေနဲ့တင် မဟုတ်ဘဲ လုပ်ရပ်တွေနဲ့သာ ပြန်ဖြေရှင်းရမှာဖြစ်ကြောင်း ဆိုပါတယ်။
▪️ စတားမားကို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြပြီး မိန့်ခွန်းမပြောခင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
▪️ ကွန်ဆာဗေးတစ်တွေ လက်ထက်မှာ အရှုပ်တော်ပုံတွေ ဖြစ်ပြီးနောက် ပြည်သူတွေက နိုင်ငံရေးကို အမြင်မှားလာကြတာ သဘောပေါက်ထားတယ်လို့လည်း ပြောပါတယ်။
▪️ ကြာသပတေးနေ့ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်တွေ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာဟာ ဗြိတိန်နိုင်ငံသားတွေက ပြောင်းလဲစတင်မှုကို အလိုရှိနေကြပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ စတားမားက ပြောပါတယ်။
▪️ ဗဟို-လက်ဝဲရောက် အလုပ်သမားပါတီက လွှတ်တော်နေရာ ၆၅၀ ဖြင့် မဲအပြတ်အသတ် အနိုင်ရခဲ့ကာ ဝန်ကြီးချုပ်ဟောင်း ရီရှီဆူနက်ခ်ကတော့ သောကြာနေ့နံနက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။
▪️ ဗြိတိန်မှာ မူဝါဒလမ်းစဉ်တွေကြောင့် ဝန်ပိနေတာမျိုးမရှိတဲ့ အစိုးရမျိုး ဖြစ်စေရမယ်လို့ ဆိုပါတယ်။
▪️ ရီရှီဆူနက်ခ်ရဲ့ ကွန်ဆာဗေးတစ်တွေက သမိုင်းတလျှောက် အဆိုးရွားဆုံး မဲပေးမှုရရှိခဲ့ပြီး ယင်းတို့လက်ထက် နေထိုင်စရိတ် မြင့်မားလာခြင်း၊ အများပြည်သူ ဝန်ဆောင်မှုစနစ်များ ကျဆင်းလာခြင်း၊ အရှုပ်တော်ပုံများ ကြုံတွေ့လာရခြင်းတို့ကြောင့် မဲပေးသူတွေက မဲမပေးကြတော့တာ ဖြစ်ပါတယ်။
▪️ စတားမားအစိုးရအဖွဲ့ထဲမှာ ရေချယ်ရိဗ်စ်က ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးဘဏ္ဍာရေးဝန်ကြီး ဖြစ်လာကာ အိန်ဂျလာရေနာက လက်ထောက်ဝန်ကြီးချုပ်၊ ဒေးဗစ်လမ်မီက နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတယ်။
▪️ အလုပ်သမားပါတီက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရာကနေ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာ ဖြစ်တယ်လို့ ထောက်ခံသူများနဲ့ ဝေဖန်ရေးများက ဆိုခဲ့ကြပါတယ်။
#Source: Reuters
#Local_News
Published 6 July 2024
▪️ ချင်းတွင်းမြစ်နှင့် နန့်ရင်းချောင်းရေဝင်ရောက်မှုများကြောင့် ဟုမ္မလင်းနှင့် မိုးကောင်းမြို့နယ်ရှိကျေးရွာများအား ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၅ရက်နေ့၊ မနက်၇နာရီ အချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များသို့ နန့်ရင်းချောင်းရေဝင်ရောက်မှုကြောင့် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ (၃)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဇူလိုင်၅ရက်နေ့၊ မနက်၉ နာရီ၅ မိနစ် အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ မင်းသာယာကျေးရွာတွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့နယ် မီးသတ်စခန်းမှ အမြန်ရေယာဉ်(၂) စီး ၊ ဇက်ရေယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 06 July 2024
▪️ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေ၍ သာကေတ၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် (၄)နာရီကြာ ယာယီဓာတ်အားပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ- သီတာ (၁+၂) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းအား မြို့နယ်စုဖွဲ့အင်အားဖြင့် (၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်
▪️ ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့ နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှအသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#tthl #Yangon_Times
#World_News
Published 06 July 2024
▪️ အလုပ်မလုပ်တော့တဲ့ ရုရှားဂြိုဟ်တုတစ်လုံးဟာ ပျက်စီးပြီး ပတ်လမ်းကြောင်းအတွင်း အစအနပေါင်း ၁၀၀ ကျော် လွင့်စင်ထွက်ခဲ့တာကြောင့် နိုင်ငံတကာ အာကာသစခန်းမှာ အာကာသယာဉ်မှူးများ တစ်နာရီခန့် ပုန်းခိုနေခဲ့ရကြောင်း အမေရိကန် အာကာသအေဂျင်စီများက ဖော်ပြလိုက်ပါတယ်။
▪️ ၂၀၂၂ ခုနှစ်က ရုရှားတို့ဘက်က အလုပ်မလုပ်တော့ဘူးလို့ ကြေညာခဲ့တဲ့ Resurs-P1 ရုရှားစောင့်ကြည့်ရေး ဂြိုဟ်တု ကျိုးပျက်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ သတင်းမရသေးပါဘူး။
▪️ အခြားဂြိုဟ်တုတွေတော့ ခြိမ်းခြောက်မှုမရှိခဲ့ဘူးလို့ အမေရိကန် အာကာသကွပ်ကဲရေးက ဆိုလိုက်ပါတယ်။
အာကာသစခန်းနဲ့နီးစပ်တဲ့ ပတ်လမ်းကြောင်းမှာ ကျိုးပျက်ခဲ့တာဖြစ်ပြီး အမေရိကန် အာကာသယာဉ်မှူးတွေ တစ်နာရီနီးပါးခန့် ပုန်းခိုခဲ့ရတယ်လို့ နာဆာအာကာသစခန်းရုံးက ဆိုပါတယ်။
▪️ ဂြိုဟ်တုအသေးကနေ အကြီးစားအထိ ဂြိုဟ်တုပေါင်းထောင်ဂဏန်းခန့်ရှိတဲ့ ပတ်လမ်းကြောင်းမှာ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
▪️ အပျက်အစီး အစအနတွေ ပတ်လမ်းကြောင်းအနိမ့်မှာ ရှိတာကြောင့် အန္တရာယ်ကင်းဖို့ ရက်သတ္တပတ် လတွေအထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
▪️ အပျက်အစီးတွေနဲ့ ဂြိုဟ်တုတွေ ပွတ်တိုက်မိခြင်းဖြင့် အန္တရာယ်ဇုံဖြစ်ပေါ်နိုင်ပါတယ်။
▪️ ရုရှားဘက်ကနေ ဂြိုဟ်တုကို ဒုံးကျည်ဖြင့် ပစ်ခတ်တာမျိုး မရှိခဲ့ဘူးလို့ အာကာသခြေရာခံစောင့်ကြည့်သူ ဂျိုနသန်မက်ဒေါင်ဝဲလ်က ပြောပါတယ်။
▪️ ဥပမာအားဖြင့် အာကာသယာဉ်ထဲက လက်ကျန်လောင်စာတွေ ပေါက်ကွဲပြီး ပျက်စီးတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
#Source: WION
#World_Health
Published 06 July 2024
▪️ အလုပ်စားပွဲမှာဖြစ်ဖြစ် အိမ်ကထိုင်ခုံမှာဖြစ်ဖြစ် အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပေမယ့် ကော်ဖီပုံမှန်သောက်ခြင်းဖြင့် ထိုပြဿနာကို လျှော့ချနိုင်ဖွယ် ရှိပါတယ်။
▪️ အမေရိကန်မှာ လူပေါင်း ၁ သောင်းကျော်ကို လေ့လာခဲ့ရာမှာ ကော်ဖီနေ့စဉ်သောက်သူတွေက တစ်နေ့ကို ၆ နာရီကျော် ထိုင်ခြင်းကြောင့် ဖြစ်နိုင်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်ဖွယ်ရှိပါတယ်။
▪️ လေ့လာချက်အရ အထိုင်များပြီး ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေထက် ၁၃ နှစ်ကာလအတွင်း အကြောင်းတစ်ခုခုကြောင့် သေဆုံးနိုင်ခြေ ၁.၅၈ ဆပိုနည်းပါတယ်။
▪️ တရုတ်ပြည် ဆူချောင်တက္ကသိုလ်မှ သုတေသီများ လေ့လာရာမှာ အထိုင်များတဲ့ နေထိုင်ပုံစံနဲ့ နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးခြင်းတို့ကြား ဆက်စပ်မှုကို ကော်ဖီသောက်ခြင်းက ချေဖျက်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ လေ့လာသူတွေထဲမှာ တစ်နေ့ကို ၈ နာရီကျော် ထိုင်သူတွေဟာ တစ်နေ့ကို ၄ နာရီအောက် ထိုင်သူတွေထက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေ ပိုများပါတယ်။
▪️ ကော်ဖီကို ပုံမှန်သောက်သူတွေကတော့ ထိုကဲ့သို့ သေဆုံးနိုင်ခြေ နည်းပါးခဲ့ပါတယ်။
▪️ ကော်ဖီက ဘာကြောင့် ဒီလိုကာကွယ်မှုမျိုး ပေးသလဲဆိုတာ သေချာမသိရပေမယ့် ယခင်သုတေသနတွေမှာ ကော်ဖီသောက်ခြင်းက အသက်ရှည်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
▪️ ကဖင်းဓာတ်က ဆီးချိုနဲ့ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေလျှော့ချပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ပါတယ်။
#Source: India Today
#Daily_News
Published 05 July 2024
၁။ ဆန်များအိမ်အရောက်ပို့ပေးသည်ဆိုပြီး ငွေကြေးလိမ်လည်မှုများရှိနေ
၂။ ရခိုင်မှအုန်းဆီရရှိမှုမရှိတော့၍ ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ
၃။ ရူပီးနှင့်ကျပ်ငွေ ကုန်သွယ်မှုငွေပေးချေရေးယန္တရား စတင်ဆောင်ရွက်နေပြီး ပို့ကုန်သမားများအဆင်ပြေ
၄။ တရုတ်-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတန်ဖိုးအား ဆက်လက်ထိန်းသိမ်းသွားရန် ရှီကျင့်ဖင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ တစ်လတာအတွင်း ရွှေဈေးတစ်ကျပ်သားကို ကျပ်နှစ်သိန်းခြောက်သောင်းကျော်
အထိကျဆင်းနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 05 July 2024
#ရွှေဈေးကျဆင်း #ရန်ကုန်ရွှေဈေးကွက်
#NN #Yangon_Times
ရူပီးနဲ့ ကျပ်ငွေကုန်သွယ်မှုငွေပေးချေရေးယန္တရားကို စတင်ဆောင်ရွက်နေရာ ပို့ကုန်သမားတွေအတွက် အဆင်ပြေနိုင်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
#Local_News
Published 05 July 2024
#ရူပီးနှင့်ကျပ်ငွေကုန်သွယ်မှု #ငွေပေးချေရေးယန္တရား
#NN #Yangon_Times
ဧရာဝတီမြစ်ဟာ ဗန်းမော်မြို့၊ရွှေကူမြို့ ၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ ချင်းတွင်းမြစ်ရေ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့၊မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့၊ မုံရွာမြို့တို့နဲ့ နန့်ယင်းချောင်းရေဟာ မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး မြစ်ရေကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 05 July 2024
#မြစ်ရေကြီးမည့်မြို့(၁၁)မြို့ #စိုးရိမ်ရေအမှတ်ကျော်
#tthl #Yangon_Times
Page 131 of 1465