#World_Health
Published 21 June 2026
■ ကလေးတွေမှာ ကင်ဆာဖြစ်ခြင်းအတွက် ကုသနည်းလမ်းတွေ ကန့်သတ်ချက်ရှိနေသလို အသက်ရှင်နှုန်းလည်း နည်းပါးပါတယ်။
■ ယခုအခါတော့ ကလေးကင်ဆာကို ကုသလို့ရလာပြီလို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောပါတယ်။
■ ကျန်းမာရေးဘက်ပေါင်းစုံကနေ တိုးတက်လာမှုကြောင့် ကလေးငယ်အများအပြားဟာ ကင်ဆာကနေ အသက်ဆက်ရှင်နေကြပြီး အရွယ်ရောက်နေကြပြီ ဖြစ်ပါတယ်။
■ လက်ရှိကုသနည်းများဖြင့် ကင်ဆာတွေ့ရှိတဲ့ ကလေးတွေရဲ့ ၈၀-၈၅ ရာခိုင်နှုန်းနီးပါးဟာ ရေရှည်အသက်ရှင်သန်လာကြပြီး အချို့သော ကင်ဆာမျိုးဆိုရင် ကုသပျောက်ကင်းနှုန်း ၉၀ ရာခိုင်နှုန်းကျော်တယ်လို့ Rainbow Children ဆေးရုံမှ ကလေးအထူးကု ဒေါက်တာ မာနိုဂျစ်ချာကရာဘော်တီက ပြောပါတယ်။
■ ကုသလို့ ပျောက်ကင်းနိုင်ခြေတွေက ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ ကလေးရဲ့ မျိုးဗီဇအခြေအနေ၊ ခန္ဓာကိုယ်တုံ့ပြန်မှုတို့ အပါအဝင် အချက်အလက်များစွာအပေါ် မူတည်နေပါတယ်။
■ ကင်ဆာကုသမှုအပြီး စောင့်ရှောက်မှုအစီအစဉ်များ၊ နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် နောက်ထပ်ဖြစ်လာနိုင်တဲ့ ပြဿနာများ ဖြေရှင်းပေးပြီး လူနေမှုဘဝ အရည်အသွေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
■ အိန္ဒိယမှာ အသက်ရှင်နှုန်း တိုးတက်လာပေမယ့် နောက်ကျမှ ရောဂါတွေ့ရှိခြင်း၊ အထူးကုသမှုရရှိရေး အခက်အခဲရှိခြင်း စတဲ့ပြဿနာတွေ ရှိနေပါသေးတယ်။
■ စောစီးစွာတွေ့ရှိပြီး ကုထုံးတွေ အဆင်ပြေမှသာ ရလဒ်ကောင်းတွေ ရရှိမှာ ဖြစ်ပါတယ်။
Source: India Today