#World_Science
Published 22 June 2026
■ ဒုံးပျံတွေ အကြိမ်ကြိမ်လွှတ်တင်ခြင်းကြောင့် စိုးရိမ်စရာ အခြေအနေဖြစ်ပေါ်နေပြီး အသုံးပြုနေတဲ့ လောင်စာဆီက အဓိကပြဿနာဖြစ်တယ်လို့ ယူနီဗာ့စ်တူဒေးသတင်းဌာနက လေ့လာဖော်ပြထားပါတယ်။
■ SpaceX ရဲ့ Starlink လိုမျိုး ဂြိုဟ်တုအစုအဖွဲ့များ အလွန်အမင်း တိုးပွားလာတာကြောင့် အာကာသလွှတ်တင်ရေး လုပ်ငန်းတစ်ခုလုံးက ရာသီဥတုသက်ရောက်မှုမှာ ၄၂ ရာခိုင်နှုန်းအထိ ပတ်သက်လာတော့မှာ ဖြစ်ပါတယ်။
■ ဂြိုဟ်တုတွေကို ပတ်လမ်းကြောင်းသို့ လွှတ်တင်ပေးတဲ့ ဒုံးပျံအဓိကအင်ဂျင်မှာ သုံးရတဲ့ ရေနံဆီလောင်စာက အဓိကပြဿနာဖြစ်နေပါတယ်။
■ ဒါတွေက အထက်လေထုထဲ ကြာရှည်စွာတည်ရှိပြီး ၄ နှစ်လောက်အထိ တည်ရှိနေနိုင်ပါတယ်။
■ ဂြိုဟ်တုလွှတ်တင်ရေးမှ ထွက်လာတဲ့ မီးခိုးမှိုင်းတွေက အထက်လေထုထဲမှာ အပူရှိန်တက်လာပြီး နေရောင်ကို ပိတ်ဆို့စေကာ အောက်လေထု အေးမြစေပါတယ်။
■ ဒါပေမဲ့ ရာသီဥတု ပူနွေးလာခြင်းရဲ့ ၅၆ ရာခိုင်နှုန်းအတွက် ဒုံးပျံလွှတ်တင်ခြင်းတွေ သက်ဆိုင်နေပါတယ်။
■ ဒုံးပျံတွေက နိုက်ထရပ်စ်အောက်ဆိုဒ်အများအပြား ထုတ်လွှတ်ပြီးတော့ အထက်လေထုထဲသို့ မြင့်တက်သွားပါတယ်။
■ ဒုံးပျံအခိုးအငွေ့တွေက ပတ်ပတ်လည်က လေထုအောက်ဆီဂျင်နဲ့ အဆက်မပြတ် တုံ့ပြန်သက်ရောက်စေပါတယ်။
■ ဒါ့အပြင် ဒုံးပျံလွှတ်တင်မှုတွေက ကလိုရင်း ထုတ်လွှတ်ပေးကာ အိုဇုန်းလွှာယိုယွင်းခြင်းရဲ့ ၀.၀၂ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။
Source: WION