#World_Health
Published 22 June 2026
■ လူတွေအစားများတဲ့ ကြက်ဥက ဦးနှောက်ကိုလည်း သက်ရောက်စေနိုင်ပြီး မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ ဦးနှောက်အသိဉာဏ် လုပ်ဆောင်ချက်တို့လို ဖြစ်စဉ်တွေနဲ့လည်း ဆက်စပ်နေတယ်လို့ တွေ့ရှိလာပါတယ်။
■ သုတေသန လေ့လာချက်ကြီးတစ်ခုမှာ ကြက်ဥပုံမှန်စားသုံးခြင်းက အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေလျော့နည်းခြင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ ဖော်ပြလာပါတယ်။
■ အယောက် ၄ သောင်းခန့်ဖြင့် စမ်းသပ်ခဲ့ရာမှာ တစ်ပတ်ကို ကြက်ဥ ၂ ကြိမ်မှ ၄ ကြိမ်ခန့်စားသူတွေဟာ မစားသူတွေထက် ၂၀ ရာခိုင်နှုန်းခန့် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပြီး ၅ ကြိမ်ခန့်စားသူတွေကတော့ ၂၇ ရာခိုင်နှုန်းခန့် လျော့နည်းစေတာ တွေ့ရပါတယ်။
■ ကြက်ဥမှာ ကိုလင်း၊ လူတိန်း၊ ဇီဇန်သင်း၊ ဖက်တီးအက်ဆစ်တို့လို ဦးနှောက်အကျိုးပြု အာဟာရဓာတ်များ ပါဝင်ကာ မှတ်ဉာဏ်၊ လေ့လာနိုင်စွမ်းတို့ကို ထောက်ကူပေးပြီး ဓာတ်တိုးထိခိုက်မှုတွေကို လျှော့ချပေးပါတယ်။
■ ဒီလေ့လာမှုက စောင့်ကြည့်လေ့လာရုံသာဖြစ်ပြီး ဆက်စပ်မှုရှိတယ်လို့သာ ပြသနိုင်ပေမယ့် အကျိုးအကြောင်းတော့ မသိရပါဘူး။
■ စမ်းသပ်ပါဝင်သူတွေရဲ့ နေထိုင်မှုပုံစံတွေကလည်း ရောဂါဖြစ်နိုင်ခြေအပေါ် သက်ရောက်နေနိုင်ပါတယ်။
■ အယ်ဇိုင်းမားက ကမ္ဘာပေါ်မှာ စိုးရိမ်စရာတိုးများလာစေပြီး လာမယ့်ဆယ်စုနှစ်များမှာ ဖြစ်နိုင်ခြေ သိသိသာသာ များလာနိုင်ပါတယ်။
■ ဘယ်လိုပဲဖြစ်ဖြစ် အစားအစာတစ်ခုတည်းကို မှီခိုအားထားတာထက်စာရင် အစားအသောက်ပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု၊ အိပ်စက်မှု၊ ဖိစီးမှုထိန်းချုပ်ပုံတို့ ပေါင်းစပ်ခြင်းက ဦးနှောက်ကျန်းမာရေး ထိန်းသိမ်းစေနိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post