#World_Technology
Published 22 June 2026
■ ပိုင်ဆိုင်မှု ဒေါ်လာ ၁.၂ ထရီလီယံကျော်လွန်ပြီး ကမ္ဘာ့ပထမဆုံး ထရီလီယံနာဖြစ်လာတဲ့ အီလွန်မက်စ်က ယနေ့ခေတ်နဲ့ အလွန်ကွဲပြားမယ့် အနာဂတ်ကို ယုံကြည်နေပါတယ်။
■ ဉာဏ်ရည်တု(AI)နဲ့ လူသားပုံသဏ္ဍာန်စက်ရုပ်တွေကြောင့် ကုန်ပစ္စည်းများ ဝန်ဆောင်မှုများ များစွာဈေးသက်သာပြီး အလွယ်တကူရရှိလာနိုင်မယ့် ပေါများကြွယ်ဝသောခေတ် ရောက်ရှိလာမယ်လို့ ဆိုပါတယ်။
■ လူသားပုံသဏ္ဍာန်စက်ရုပ်တွေရဲ့ အနာဂတ်အလားအလာအကြောင်း ဆွေးနွေးထားရာမှာ သန်းနဲ့ချီတဲ့ အဆင့်မြင့်စက်ရုပ်တွေကနေ လပိုင်းအတွင်း တစ်မြို့လုံးကို ပြန်လည်တည်ဆောက်လာနိုင်ပြီး ၂၀၄၅ လောက်မှာ ကမ္ဘာ့စီးပွားရေး အသွင်ပြောင်းလာနိုင်တယ်လို့ ဆိုထားပါတယ်။
■ တက်စလာရဲ့ Optimus စက်ရုပ်ဟာ မက်စ်ရဲ့ ရည်မှန်းချက်မှာ အခရာကျပြီး စက်မှုလုပ်ငန်းအမျိုးမျိုးမှာ အကြိမ်ကြိမ်အဖန်ဖန် လုပ်ရတဲ့ အလုပ်တွေနဲ့ အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့ ဒီဇိုင်းဖန်တီးထားတာ ဖြစ်ပါတယ်။
■ AI နဲ့ စက်ရုပ်တွေက နောက်ပိုင်းမှာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ အမြောက်အများ ဖန်တီးပေးလာနိုင်ပြီး လူတွေဟာ အလုပ်အကိုင်အခြေအနေနဲ့ မသက်ဆိုင်ဘဲ ပိုမိုမြင့်မားတဲ့ လူနေမှုအဆင့်အတန်း ရရှိခံစားနိုင်ကြမယ်လို့ ပြောပါတယ်။
■ AI ကြောင့် ပေါများကြွယ်ဝလာရာကနေ အလုပ်အကိုင်နဲ့ ဝင်ငွေလမ်းကြောင်းတွေ ပြောင်းလဲသွားနိုင်ပြီး ငွေရဲ့အရေးကြီးပုံ လျော့ကျသွားဖွယ်ရှိတယ်လို့ မက်စ်က ယူဆနေပါတယ်။
■ စက်ရုပ်လုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကမ္ဘာတဝှမ်း ပြိုင်ဆိုင်မှုပြင်းထန်နေကာ Unitree ၊ Figure AI တို့လို ကုမ္ပဏီတွေက အဆင့်မြင့်မားတဲ့ လူသားပုံသဏ္ဍာန်စက်ရုပ်တွေ ထုတ်လုပ်နေကြပါတယ်။
Source: WION