#World_Health
Published 21 June 2026

■ အရိုးကျန်းမာရေးက အသက်အရွယ်အစောပိုင်း အလေ့အကျင့်များအပေါ် မူတည်ပြီး အသက်ကြီးလာတာနဲ့အမျှ အရိုးသိပ်သည်းဆ ကျဆင်းလာတတ်ပါတယ်။

■ အရိုးကြံ့ခိုင်မှု၊ လှုပ်ရှားနိုင်စွမ်းတို့ ရေရှည်ထိန်းသိမ်းတဲ့နေရာမှာ ကယ်စီယံနဲ့ ဗိုက်တာမင်-ဒီတို့ ပေါင်းစပ်ခြင်းက အရေးပါပါတယ်။

■ ဗိုက်တာမင်-ဒီနဲ့ ကယ်စီယံ အတူလုပ်ဆောင်ခြင်းဖြင့် ကယ်စီယံစုပ်ယူခြင်းနဲ့ အသုံးချနိုင်စွမ်းတို့ တိုးတက်စေကာ အရိုးသန်မာကြံ့ခိုင်စေပါတယ်။

■ ကယ်စီယံနဲ့ ဗိုက်တာမင်-ဒီ ပုံမှန်သုံးစွဲပေးပါက အရိုးသတ္တုဓာတ် ပြန်လည်ဖွဲ့စည်းခြင်းကို အထောက်အကူပြုပြီး အရိုးကွဲအက်နိုင်ခြေ လျှော့ချပေးပါတယ်။

■ အသက်အရွယ်နဲ့ ကျား/မပေါ်မူတည်ပြီး နေ့စဉ် ကယ်စီယံ ၁,၀၀၀-၁,၂၀၀ မီလီဂရမ်၊ ဗိုက်တာမင်-ဒီ ၆၀၀-၈၀၀ IU မှီဝဲနိုင်ပါတယ်။

■ ကယ်စီယံကို အဓိကအားဖြင့် နို့ထွက်ပစ္စည်းများ၊ ငါး၊ အစိမ်းရောင်အရွက်များကနေ ရရှိနိုင်ပြီး ဗိုက်တာမင်-ဒီကိုတော့ အဆီပါသောငါး၊ ကယ်စီယံပါသော အစားအစာများ၊ နေရောင်ခြည်တို့ကနေ ရရှိနိုင်ပါတယ်။

■ အရိုးကျန်းမာရေးအတွက် အခြားနည်းလမ်းတွေကတော့ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ နေရောင်ခြည် ထိတွေ့ခြင်း၊ အမျိုးမျိုးသော စားစရာများ စားသုံးခြင်း၊ ချော်လဲပြုတ်ကျခြင်းများ မဖြစ်အောင် ကာကွယ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Source: Eating Well