#World_Health
Published 19 June 2026
■ လူသုံးများတဲ့ ဆီးချိုဆေး မက်ဖော်မင်ဟာ ဆီးချိုရောဂါ ထိန်းချုပ်စေနိုင်ရုံမကဘဲ အသက်ကြီးလာတဲ့အခါမှာလည်း အထောက်အကူ ဖြစ်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
■ ဒါ့အပြင် သက်ကြီးအမျိုသမီးတွေမှာ အသက် ၉၀ လောက်အထိ နေရနိုင်ခြေ ပိုများစေနိုင်ဖွယ် ရှိပါတယ်။
■ အမေရိကန်နဲ့ ဂျာမနီတို့မှ သိပ္ပံပညာရှင်တွေက မီးယပ်သွေးဆုံးပြီးသား အမျိုးသမီး ၄၃၈ ဦးကို လေ့လာခဲ့ကြကာ လူတဝက်လောက်က မက်ဖော်မင်ဆေး အသုံးပြုပြီး နောက်တဝက်လောက်က အခြားဆီးချိုဆေးတစ်ခုဖြစ်တဲ့ ဆာဖိုနိုင်ယူရီယာ အသုံးပြုခဲ့ကြပါတယ်။
■ ထိုအခါမှာ ဆာဖိုနိုင်ယူရီယာ အသုံးပြုသူတွေထက်စာရင် မက်ဖော်မင်အသုံးပြုသူတွေက အသက် ၉၀ မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုနည်းတာကို တွက်ချက်တွေ့ရှိခဲ့ကြပါတယ်။
■ မက်ဖော်မင်ဆေးကို အိုမင်းရင့်ရော်မှုဖြစ်စဉ်များမှ တားဆီးပေးခြင်း၊ DNA ပျက်စီးမှုမှ လျှော့ချခြင်း၊ အသက်ရှည်စေခြင်းတို့မှာ ကူညီတဲ့ဆေးအဖြစ် သတ်မှတ်ထားပါတယ်။
■ ဒါပေမဲ့ ဒီလေ့လာချက်မှာ အကန့်အသတ်တွေရှိနေပြီး ကျပန်းရွေးချယ်မှု မရှိခြင်း၊ နမူနာအစမ်းသပ်ခံ နည်းပါးခြင်း၊ အသက် ၆၀ နဲ့အထက် မီးယပ်သွေးဆုံးပြီးအမျိုးသမီးတွေကိုသာ ဦးစားပေးခြင်းတို့ ပါဝင်နေပါတယ်။
■ ၁၄-၁၅ နှစ်တာလောက် စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး လူ့သက်တမ်းအပေါ်မှာ မက်ဖော်မင်ရဲ့ သက်ရောက်နိုင်စွမ်းကို စမ်းသပ်သိရှိခွင့် ရခဲ့ပါတယ်။
■ အသက်အရွယ်နဲ့ သက်တမ်းအပေါ် သက်ရောက်မှုတွေကို အတည်ပြုနိုင်ဖို့ နောက်ထပ်လေ့လာမှုတွေ လိုအပ်ပါသေးတယ်။
■ ဇီဝဖြစ်စဉ်ရင့်ရော်မှု နှေးစေခြင်းက အသက်အရွယ်အရ ရောဂါများနဲ့ မသန်စွမ်းမှုများ တားဆီးပေးနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့လည်း ကိုက်ညီနေပါတယ်။
Source: Science Alert