#World_Health
Published 20 June 2026

■ နှလုံးအင်္ဂါနဲ့ ပတ်သက်လာရင် သွေးဖိအားများခြင်း၊ နှလုံးဖောက်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်း၊ နှလုံးရပ်ခြင်း စတဲ့ရောဂါတွေ ရှိပါတယ်။

■ နှလုံးဆိုတာက ဝန်ထုပ်ဝန်ပိုး အမြဲရှိနေပြီး အရေးပါတဲ့အင်္ဂါဖြစ်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေမှာတော့ အနည်းဆုံးတွေထဲ ပါဝင်ပါတယ်။

■ နှလုံးက လူ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာခံနိုင်ရည်အရှိဆုံး အင်္ဂါတွေထဲက တစ်ခုဖြစ်ပြီး နှလုံးကင်ဆာရောဂါဆိုတာ ရှားပါးလွန်းတယ်လို့ နှလုံးရောဂါအထူးကု ဒေါက်တာ ယာရာနော့ဗ်က ပြောပါတယ်။

■ နှလုံးရဲ့ စွမ်းအင်မြင့်မားမှု၊ အောက်ဆီဂျင်ကြွယ်ဝမှု၊ အဆက်အပြတ် သွေးစီးဆင်းမှုတို့က အကျိတ်ဖြစ်ပေါ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။

■ ဒါပေမဲ့ ဒါဟာ နှလုံးကင်ဆာကို အပြည့်အဝ ကာကွယ်ပေးတဲ့သဘောမဟုတ်ဘဲ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ နာတာရှည်ရောင်ရမ်းခြင်း စတဲ့အလေ့အကျင့်တွေက ကင်ဆာဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။
အရေပြား၊ အဆုတ်၊ အစာခြေလမ်းကြောင်းတို့မှ တစ်ရှူးတွေကတော့ အဆက်မပြတ် သူ့အလိုလို အသစ်ဖြစ်နေပြီး ခဏခဏ ဆဲလ်ကွဲခြမ်းနေတာကြောင့် ကင်ဆာဖြစ်စေတဲ့ ဗီဇပြောင်းလဲမှုတွေ ဖြစ်နိုင်ခြေ များစေပါတယ်။

■ နှလုံးအကျိတ်ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေထဲမှာ ကိုယ်နေဟန်ထားကြောင့် အသက်ရှူမဝခြင်း၊ အကြောင်းအရင်းမရှိဘဲ မူးလဲခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်းလိုမျိုး လက္ခဏာများ၊ ပင်ပန်းနွမ်းနယ်ခြင်း ဖျားနာခြင်းတို့လို ယေဘုယျလက္ခဏာများ ပါဝင်ပြီး ဒါတွေက နှလုံးအကျိတ်တစ်မျိုးတည်းကြောင့် ဖြစ်ပွားတာမျိုးတွေတော့ မဟုတ်ပါဘူး။

Source: Indian Express