#World_Health
Published 07 June 2026

■ သတ်လတ်ပိုင်းအရွယ်မှာ ကိုလက်စထရောမြင့်မားခြင်း အဖြစ်များကြပေမယ့် အခုဆိုရင် အသက် ၂၀၊ ၃၀ ဝန်းကျင်တွေမှာလည်း ကိုလက်စထရောပမာဏ၊ အသည်းအဆီဖုံးခြင်း၊ ဇီဝကျန်းမာရေး ယုတ်လျော့ခြင်းတို့ အဖြစ်များလာတယ်လို့ သတိပေးထားပါတယ်။

■ ဒါတွေဟာ အစားအသောက် တစ်ခုတည်းကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ ဝမ်းဗိုက်အဆီထွက်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အချိုရည်သောက်ခြင်း၊ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေကြောင့် ကျန်းမာရေး စောစောစီးစီး ထိခိုက်လာတာ ဖြစ်ပါတယ်။

■ နှလုံးကျန်းမာရေး၊ ဆီးချိုအန္တရာယ်တို့နဲ့ ပတ်သက်လာရင် LDL၊ HDL ၊ ထရိုင်ဂလစ်ဆရိုက်တို့ကို တိုင်းတာကြပါတယ်။

■ အသက် ၁၇-၂၀ ဝန်းကျင်ကစပြီး ကိုလက်စထရော စစ်ဆေးမှု ပြုလုပ်သင့်ကာ အသက် ၃၀ နောက်ပိုင်းဆိုရင် ၃-၅ နှစ်နေတိုင်း ပုံမှန်စစ်ဆေးသင့်ပါတယ်။

■ ပိန်တဲ့သူတွေဆိုရင်တောင် ဝမ်းတွင်းကလီစာအဆီတွေ၊ ဇီဝကျန်းမာရေး ဆိုးရွားမှုတွေကြောင့် မကောင်းတဲ့ ကိုလက်စထရောတွေ မြင့်တက်နိုင်ပါတယ်။

■ အစားအသောက်၊ လေ့ကျင့်ခန်း၊ အိပ်စက်ခြင်းတို့ အပါအဝင် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုတွေမှတဆင့် ကိုလက်စထရောပမာဏကို သဘာဝအတိုင်း ထိန်းချုပ်နိုင်ပါတယ်။

■ စတက်တင်တွေက ကိုလက်စထရော အလွန်မြင့်မားခြင်းအတွက် လိုအပ်နိုင်ပေမယ့် ဆေးကြပ်မတ်ကုသမှုတွေဖြင့် လျှော့ချနိုင်ပါသေးတယ်။

■ ရောဂါလက္ခဏာတွေ မပေါ်ခင်မှာ အခြေအနေတွေက အသံတိတ် စတင်တာကြောင့် စောစီးစွာ ကိုလက်စထရောစစ်ဆေးဖို့က အရေးကြီးပါတယ်။

Source: India Today