#World_Health
Published 08 June 2026
■ "အဆုတ်တွေက ပြန်မကောင်းနိုင်ဘူးလို့ အရင်က ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ မမှန်ကန်ဘဲ ခြုံငုံပြောရရင် ဆေးလိပ်ဖြတ်တဲ့အခါ အဆုတ်တွေ ပြန်ကောင်းနိုင်ပါတယ်" လို့ အင်ပီရီယယ်ကောလိပ်လန်ဒန်မှ အဆုတ်ဖွံ့ဖြိုးမှုနဲ့ ရောဂါရှာဖွေရေးအဖွဲ့ အကြီးအကဲ ဒေါက်တာချာလော့ဒင်းက ပြောပါတယ်။
■ ဆေးလိပ်သောက်ခြင်းက အဆုတ်ကို ပျက်စီးစေသလို သူ့အလိုလို ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်လည်း ရှိတယ်လို့ ဆိုပါတယ်။
■ လေထုညစ်ညမ်းမှု ဒါမှမဟုတ် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးဝင်တာတွေကို အံတုနိုင်ဖို့ ဆင့်ကဲပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
■ အဆုတ်က အလွန်အရေးကြီးပြီး အဆုတ်မရှိရင် အသက်မရှင်နိုင်တာမို့လို့ ပြန်ကောင်းနိုင်တဲ့စွမ်းရည်မျိုး ရှိနေဖို့ လိုအပ်တာပါ။
■ ဒါပေမဲ့ ဆေးလိပ်နဲ့ vape သောက်ခြင်းဟာ အဆုတ်ခံနိုင်ရည်ရှိတာထက် အဆိပ်အတောက် အမှုန်အမွှားတွေ ရောက်ရှိစေပါတယ်။
■ အချို့လူတွေရဲ့ အဆုတ်က တခြားသူတွေလို ပြန်မကောင်းနိုင်တာမျိုးလည်း ရှိနိုင်တာကြောင့် ရေရှည်အဆုတ်တစ်ရှူးပျက်စီးမှု ပိုဖြစ်နိုင်ပါတယ်။
■ ဆေးလိပ်ဖြတ်လိုက်လို့ အဆုတ်ကျန်းမာရေး ကောင်းစေနိုင်ပေမယ့် ပျက်စီးသွားတဲ့ တစ်ရှူးတွေ မျိုးဗီဇပြောင်းလဲမှုတွေ အားလုံးတော့ ပြန်မကောင်းနိုင်ပါဘူး။
■ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ် ပြန်လည်ပြုပြင်နိုင်စွမ်း လျော့နည်းလာတာကြောင့် ဆေးလိပ်ကို တတ်နိုင်သမျှ စောစောဖြတ်ဖို့ အကြံပြုထားပါတယ်။
■ ဒါ့အပြင် အဆုတ်လုပ်ဆောင်ချက်နဲ့ အောက်ဆီဂျင်လဲလှယ်မှု ကောင်းမွန်စေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှား လုပ်ဖို့လည်း လိုအပ်ပါတယ်။
Source: The Guardian.