#World_Healthmm
Published 08 June 2026
■ ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း အဆုတ်ကင်ဆာ တွေ့ရှိပြီဆိုရင် အသက်ဆုံးရှုံးကြရဖို့ပဲ ရှိခဲ့ပါတယ်။
■ ဆေးပညာသိပ္ပံ တိုးတက်လာမှုများကြောင့် အဆုတ်ကင်ဆာဝေဒနာရှင်များ ရေရှည်အသက်ရှင်သန်နိုင်မှုနှုန်း တိုးတက်လာပေမယ့် ရောဂါကို စောစီးစွာ စစ်ဆေးတွေ့ရှိဖို့ကတော့ အလွန်အရေးကြီးနေဆဲ ဖြစ်ပါတယ်။
■ ဓာတ်ရောင်ခြည်အနည်းငယ်သာသုံးသော ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းဟာ ရောဂါဖြစ်နိုင်ခြေ မြင့်မားသူများအတွက် ရောဂါကို စောစီးစွာ စစ်ဆေးသိရှိနိုင်ရန် ထိရောက်မှုရှိပေမယ့် ရောဂါမရှိဘဲ ရှိနေသည်ဟု မှားယွင်းပြသမှု အကန့်အသတ်များ ရှိနေပါတယ်။
■ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်မသောက်သူများနဲ့ လူငယ်များကြား မြင့်တက်လာနေပြီး လေထုညစ်ညမ်းမှုနဲ့ အခြား ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ရပါတယ်။
■ BNT116 လိုမျိုး ကုထုံးသုံး ကာကွယ်ဆေးများက ကင်ဆာကို တိုက်ဖျက်ရန် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးမယ့် mRNA နည်းပညာ အသုံးပြုထားပေမယ့် စမ်းသပ်မှုအစောပိုင်း အဆင့်များသာ ရှိပါသေးတယ်။
■ LungVax ကဲ့သို့ ကာကွယ်ဆေးတွေက အဆုတ်ကင်ဆာ မဖြစ်ပွားမီ တားဆီးရန် ရည်ရွယ်ပြီး ၂၀၂၆ မှာ လူသားများဖြင့် စတင်စမ်းသပ်ရန် စီစဉ်ထားပါတယ်။
■ အဆိုပါ ကာကွယ်ဆေးများဟာ အလားအလာရှိပေမယ့် ဆေးလိပ်ဖြတ်ခြင်းနဲ့ လေထုညစ်ညမ်းမှု လျှော့ချခြင်းလိုမျိုး သာမန်ရောဂါကာကွယ်ရေး နည်းလမ်းများကိုတော့ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။
Source: The Hindu