#Local_News
Published 06 June 2026

■ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊တံခွန်တိုင်ကျေးရွာချောင်းအတွင်း ရေစီးနှင့် မျောပါသွားသည့်ကား ထဲမှ ရုပ်အ‌ေ-လာင်းအားယ‌နေ့မနက်ပိုင်းတွင်ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။

■ ဇွန်လ၅ ရက်နေ့၊ ည ၈နာရီ ၁၄ မိနစ်အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာချောင်းအတွင်း ဖြတ်ကူးစဉ် ရေစီးနှင့်အတူ ယာဉ်(၁)စီးမျောပါပြီး ကျား(၁)ဦးပျောက်ဆုံးနေကြောင်းသိရသည်။

■ အဆိုပါ သတင်းရရှိသဖြင့် ဇွန်၆ ရက်နေ့၊ မနက်၇ နာရီခွဲ အချိန်တွင် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများဖြင့် ချောင်းအတွင်းရှိ ယာဉ်အား ဆယ်ယူခြင်းနှင့် ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေလျက်ရှိရာ၈ နာရီ၄၀ မိနစ်အချိန်တွင် ပျောက်ဆုံးနေသော ကျား(၁)ဦး၏ ရုပ်အလေ-ာင်းကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။

■ အလားတူ ဇွန်၅ ရက်နေ့၊ ည ၇နာရီ ၄၄ မိနစ်အချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာတွင် ဇဗ္ဗူထွန်းဆီဆိုင်အနီးရှိ ချောင်းရိုးထဲတွင် ကား(၁)စီးမျောနေကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ ကူညီဆောင်ရွက်ခဲ့ရာ
အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

#YMG/NN #Yangon_Times