#World_Health
Published 14 March 2026
■ အင်္ဂလန်မှ သိပ္ပံပညာရှင်တွေဟာ ၂၀၂၄ ခုနှစ်က အသက် ၇၈ နှစ်ရှိခဲ့တဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ကြရာမှာ လိင်တံ ၃ ချောင်းတောင် ပါနေတာကို တွေ့ရှိခဲ့ကြပါတယ်။
■ ဒီလိုမျိုး ကျားအင်္ဂါပုံမှန်မဟုတ်တဲ့ အခြေအနေကို တွေ့ရှိတာဟာ သမိုင်းမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
■ ဒီလူဟာ အသက်ရှင်စဉ်တုန်းက ဒီလိုအပိုပါတာကို လုံးဝသတိမထားမိခဲ့တာပါပဲ။
■ ဒီအခြေအနေကို ဆရာဝန်တွေက လိင်အင်္ဂါအပိုပါခြင်းလို့ ခေါ်ကြပြီး အလွန်အမင်းရှားပါးတဲ့ မွေးရာပါအခြေအနေ ဖြစ်ပါတယ်။
■ ၁၆၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိုကဲ့သို့ လိင်တံ ၃ ချောင်းပါခြင်းဖြစ်စဉ် တစ်ဦးသာရှိခဲ့ပြီး ၃ လသားအရွယ် ကလေးရဲ့ ကပ္ပယ်အိတ်အပြင်ဘက်မှာ အပိုထွက်နေတဲ့အင်္ဂါတွေ ခွဲစိတ်ဖယ်ရှားခဲ့ကြပါတယ်။
■ ၇၈ နှစ်အရွယ် အလောင်းမှာတော့ အင်္ဂါအပိုတွေက အိတ်အတွင်းမှာပဲ ပုန်းကွယ်ရှိနေခဲ့တာကြောင့် သာမန်လိုပဲ ထင်ခဲ့ပါတယ်။
■ လိင်အင်္ဂါတွေဖြစ်စေတဲ့ ရှေ့ပြေးအရာက သုံးပင်ပွားပြီး အဓိကလိင်တံတစ်ခုနဲ့ အပိုနှစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ သုတေသီတွေ ပြောပါတယ်။
■ ဒီလိုပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေ သိရှိထားတာထက် အပြင်မှာ ပိုများနိုင်ကာ ပုန်းကွယ်နေတဲ့ ဖြစ်ရပ်မျိုးဆိုရင် မသိရှိဘဲဖြစ်နေမယ်လို့ သုတေသီတွေ ယူဆထားပါတယ်။
■ ဒီဖြစ်စဉ်တွေကနေ ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း၊ ထောင်မတ်မှုပြဿနာရှိခြင်း၊ မျိုးပွားနိုင်စွမ်းပြဿနာများ ဖြစ်လာနိုင်ပါတယ်။
■ ခွဲစိတ်ဖယ်ရှားတာနဲ့ ပတ်သက်ပြီး လူကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်တွေအကြောင်း ကျွမ်းကျင်သူတွေ ဆွေးနွေးခဲ့ကြပါတယ်။
Source: New York Post.
တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀ ကျော်က ငါးရုပ်ကြွင်း ၂ ခုကို တွေ့ရှိခဲ့ပါတယ်။ တစ်ခုက အကောင်သေးငယ်ပြီး နောက်တစ်ခုက ထိုခေတ်က ဧရာမကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။
#Asia_History
Published 13 March 2026
#တရုတ် #ငါးရုပ်ကြွင်း
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 13 March 2026
■ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဓာတ်မတည့်အမှုန်တွေ၊ ဗိုင်းရပ်စ်တွေအမျိုးမျိုးကို ဘက်စုံကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတစ်မျိုးကို ကြွက်တွေမှာ စမ်းသပ်ခဲ့ကြပါတယ်။
■ အဆိုပါ နှာခေါင်းဖျန်းကာကွယ်ဆေးဟာ ကာကွယ်ဆေးအများစုထက် အလုပ်လုပ်ပုံ ကွဲပြားပါတယ်။
■ သာမန်ကာကွယ်ဆေးတွေဆိုရင် ကိုယ်ခံအားစနစ်က ရောဂါပိုးကို မှတ်မိစေကာ တိုက်ထုတ်တဲ့ပုံစံဖြစ်ပေမယ့် ကာကွယ်မှုလမ်းကြောင်း အလွန်ကျဉ်းမြောင်းသလို ရောဂါပိုးတွေကလည်း အချိန်ကြာလာရင် ဗီဇပြောင်းလဲလာနိုင်ပါတယ်။
■ ယခုနှာခေါင်းဖျန်းကာကွယ်ဆေးကတော့ ကိုယ်ခံအားစနစ် အလိုက်သင့် ပြောင်းလဲစေတဲ့အပြင် ပထမဆုံး ကာကွယ်မှုဖြစ်တဲ့ မျိုးဗီဇလမ်းကြောင်းစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။
■ ဒါဟာ မွေးရာပါကိုယ်ခံအားစနစ်က ရောဂါပိုးမွှား အမျိုးမျိုးကို ကာကွယ်နိုင်တာဖြစ်တယ်လို့ စတန်းဖို့ဒ်ဆေးတက္ကသိုလ်မှ အဏုဇီဝသက်ရှိဗေဒ ပရော်ဖက်ဆာ ဘာလီပူလင်ဒရန်က ပြောပါတယ်။
■ ဓာတ်ခွဲခန်းထဲက ကြွက်တွေကို ၃ ပတ်အတွင်း ထိုကာကွယ်ဆေးတွေ ပေးခဲ့ပြီးနောက် ကိုဗစ်ရောဂါပိုး၊ စတက်ဖလိုကော့ကပ်စ်အော်ရီယပ်စ်၊ အေစီနိုဘက်တာဘော်မန်နိုင် ဘက်တီးရီးယားတို့ဖြင့် ထိတွေ့စေခဲ့ရာ မွေးရာပါမူကိုယ်ခံအား တုံ့ပြန်မှုဖြင့် ကာကွယ်နိုင်ခဲ့တဲ့အပြင် အလိုက်သင့်တုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်လည်း အလျင်အမြန် အလုပ်လုပ်ခဲ့ပါတယ်။
■ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ဓာတ်ခွဲခန်းကြွက်တွေမှာသာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူသားတွေမှာ သုတေသနလုပ်ဖို့အတွက်တော့ နောက်ထပ်လေ့လာရဦးမှာ ဖြစ်တယ်လို့ ပူလင်ဒရန်က ပြောပါတယ်။
■ ဒီကာကွယ်ဆေးက ရာသီအလိုက် ကာကွယ်ဆေးထိုးခြင်းတွေကို ပြောင်းလဲစေနိုင်ပြီး လူသားတွေမှာ ထိရောက်တယ်လို့ သက်သေပြနိုင်ပါက ရောဂါတွေ ကာကွယ်ရာမှာ အဆင်သင့်ရှိနေစေမှာ ဖြစ်တယ်လို့ သုတေသီတွေ ယူဆထားပါတယ်။
Source: LiveScience
#World_Health
Published 13 March 2026
■ ပါးစပ်ထဲမှာရှိတဲ့ တံတွေးမှာ ခန္ဓာကိုယ်အကြောင်းနဲ့ ပတ်သက်တဲ့ အဏုဇီဝပိုးမွှားအကြောင်းတွေ ပါဝင်သလို သွေးနမူနာထက်လည်း ရယူဖို့ လွယ်ကူပါတယ်။
■ တံတွေးစက်အနည်းငယ်ဖြင့် HIV နဲ့ ကိုဗစ်-၁၉ တို့လို ရောဂါတွေကို ရှာဖွေနိုင်မှာ ဖြစ်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေတွေကိုလည်း အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။
■ လာမယ့်နှစ်များအတွင်း ဒီစစ်ဆေးနည်းတွေဖြင့် ဆီးချို၊ ဆီးကျိတ်ကင်ဆာတို့လို အခြားရောဂါတွေလည်း ရှာဖွေနိုင်ဖွယ် ရှိပါတယ်။
■ ခံတွင်းစောင့်ရှောက်ရေးနည်းလမ်းထဲမှာ တံတွေးစစ်ဆေးချက် ပုံမှန်ထည့်သွင်းပါက ရောဂါတွေကို စောစီးစွာ သိရှိနိုင်ပြီး အသက်တွေနဲ့ ငွေကြေးကုန်ကျ သက်သာစေနိုင်မှာ ဖြစ်တယ်လို့ ဆေခရာမင်တိုမှ သွားဆရာဝန် ဝေါလေ့စ်ဘယ်လာမီက ပြောပါတယ်။
■ လက်ရှိ တံတွေးစစ်ဆေးနည်းတွေက HIV နဲ့ ကိုဗစ်-၁၉ တို့ကို ရှာဖွေနိုင်ပေမယ့် FDA အသိအမှတ်ပြုထားခြင်း မရှိသလို အာမခံထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။
■ ကုမ္ပဏီတွေအနေနဲ့ တံတွေးအခြေပြု ကင်ဆာအမျိုးမျိုး ရှာဖွေစစ်ဆေးနည်းများအတွက် FDA အသိအမှတ်ပြု ရရှိဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
■ တံတွေးမှာပါဝင်တဲ့ အမျိုးမျိုးပြောင်းလဲမှုတွေကြောင့် စမ်းသပ်မှုပြုလုပ်ရန် ခက်ခဲနိုင်ပေမယ့် သုတေသီတွေက ရောဂါရှာဖွေရေးအတွက် စိတ်ချရတဲ့ ရောဂါအမှတ်အသားတွေ တွေ့ရှိနိုင်အောင် ကြိုးစားနေပါတယ်။
■ တံတွေးစစ်ဆေးနည်းတွေကို ဖြည့်စွက်စမ်းသပ်ဖို့အတွက်သာ အသုံးပြုသင့်ပြီး မူရင်းဆေးစစ်မှုတွေ၊ ခံတွင်းစစ်ဆေးမှုတွေနေရာမှာတော့ အစားမထိုးသင့်ပါဘူး။
Source: NPR.
အမေရိကန်၊ အစ္စရေးလ်၊ အီရန်တို့ပါဝင်နေတဲ့ ပဋိပက္ခကြီး ငြိမ်းချမ်းရေးရယူကြဖို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
#World_News
Published 12 March 2026
#စပိန်ဝန်ကြီးချုပ် #အမေရိကန်_အစ္စရေးလ်_အီရန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 12 March 2026
■ ဗုဒ္ဓဟူးနေ့က ကုန်တင်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် ကမ္ဘာကြီးအနေနဲ့ ရေနံတစ်စည်ကို ဒေါ်လာ ၂၀၀ ဖြင့်ဝယ်ယူဖို့ ပြင်ထားသင့်ပြီဖြစ်ကြောင်း အီရန်က ပြောပါတယ်။
■ နိုင်ငံတကာ စွမ်းအင်အေဂျင်စီကတော့ ၁၉၇၀ ဝန်းကျင်နောက်ပိုင်း အဆိုးရွားဆုံး ရေနံပြဿနာမဖြစ်ရလေအောင် အရန်သိုလှောင်မှု အများအပြား ထုတ်လွှတ်သွားဖို့ အကြံပြုနေပါတယ်။
■ နှစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲပဋိပက္ခကြောင့် အသေအပျောက် ၂ ထောင်ခန့်ရှိနေပြီး အများစုက အီရန်နဲ့ လက်ဘနွန်တို့ဖြစ်ကာ ပဋိပက္ခက လက်ဘနွန်သို့ ပျံ့နှံ့လာပါတယ်။
■ အီရန်တို့က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားတယ်လို့ ဆိုနေပြီး မိုင်းတွေထောင်ထားသဖြင့် သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းဖို့ ခက်ခဲနေပါတယ်။
■ အမေရိကန်နဲ့ မဟာမိတ်တွေက ပင်လယ်ကွေ့ဒေသမှာ သင်္ဘောတွေကို လိုက်ပါပို့ဆောင်ဖို့ စဉ်းစားနေကြပါတယ်။
■ FBI ကလည်း အမေရိကန် အနောက်ကမ်းရိုးတန်းကို အီရန်ဒရုန်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
■ ရေနံတစ်စည်ကို ၉၀ ဒေါ်လာပြန်မဖြစ်ခင်မှာ ၁၂၀ ဒေါ်လာအထိ မြင့်တက်နေပြီး ဂျီ-၇ နိုင်ငံတွေနဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီတို့က အရန်ရေနံသိုလှောင်မှုတွေ ထုတ်လွှတ်ဖို့ အကြံပြုနေပါတယ်။
■ အီရန်က စီးပွားရေးရိုက်ခတ်မှု ကြာရှည်စွာ ဆွဲဆန့်ထားမယ်လို့ ကတိပြုထားကာ အမေရိကန်၊ အစ္စရေးလ်တို့နဲ့ ဆက်စပ်တဲ့ ဘဏ်တွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေပါတယ်။
■ အီရန်တို့က ပင်လယ်ကွေ့ဆိပ်ကမ်းနဲ့ မြို့များအပါအဝင် ပစ်မှတ်တွေကို တုံ့ပြန်တိုက်ခိုက်ထားကာ ကုန်တင်သင်္ဘော ၁၄ စင်းလည်း ပါဝင်ခဲ့ပါတယ်။
■ အီရန်အစိုးရပိုင်းကို အမေရိကန်နဲ့ အစ္စရေးလ်တို့ ချေမှုန်းရန် အားထုတ်နေပေမယ့် ပြိုလဲခြင်းမရှိဘဲ အီရန်က ဆန္ဒပြမှုတွေကို တင်းကြပ်စွာ ထိန်းချုပ်ကန့်သတ်ထားပါတယ်။
Source: Reuters
#World_Science
Published 12 March 2026
■ ဂြိုဟ်တုတွေ၊ ရေဒါတွေ၊ မိုးလေဝသခန့်မှန်းချက်စနစ်တွေ မပေါ်ခင်တုန်းက လူတွေက တိရိစ္ဆာန်တွေကိုကြည့်ပြီး ရာသီဥတု အပြောင်းအလဲလက္ခဏာတွေ စောင့်ကြည့်ခဲ့ကြပါတယ်။
သိပ္ပံနည်းကျ ဟုတ်ဟုတ်မဟုတ်ဟုတ် ပတ်ဝန်းကျင်အာရုံခံမှုတွေကနေ တိရိစ္ဆာန်အပြုအမူတွေ ဖြစ်ပေါ်တတ်ပါတယ်။
■ (၁) မိုးခန့်မှန်းနိုင်သော ဖား
ဒေသအများအပြားမှာ မိုးမရွာခင် ဖားအော်သံတွေ ပိုမိုကျယ်လောင်လာတတ်ပြီး လေထုဖိအား ပြောင်းလဲခြင်းနဲ့ စိုစွတ်မှု မြင့်တက်လာခြင်းတို့ကို ဖားတွေတုံ့ပြန်တာ ဖြစ်ပါတယ်။
■ (၂) တိမ်ကောင်းကင်အကြောင်းသတိပေးနိုင်သော ငှက်များ
ပျံလွှားငှက်တွေ အနိမ့်ပျံရင် မိုးရွာအံ့ဆဲဆဲဖြစ်နိုင်ပြီး ရုတ်တရက်ငြိမ်သက်သွားရင်တော့ မုန်တိုင်းနီးကပ်လာတဲ့သဘော ဖြစ်ကာ ဒါဟာငှက်တွေက လေဖိအားနဲ့ လေဦးတည်ချက်တို့ကို သိနိုင်စွမ်း အလွန်မြင့်မားတာကြောင့် ဖြစ်ပါတယ်။
■ (၃) မုန်တိုင်းအာရုံခံနိုင်သော ကြောင်
ကြောင်တွေက မုန်တိုင်းတို့ မိုးတို့နီးစပ်လာရင် ကဏာမငြိမ်၊ ပုံးကွယ်တတ်တဲ့သဘော မြင်တွေ့ရပြီး ဒါဟာ သူတို့ရဲ့ နှုတ်ခမ်းမွှေးတွေက သေးငယ်လှတဲ့ လေဖိအားအပြောင်းအလဲကို အာရုံခံနိုင်သလို ပတ်ဝန်းကျင်က ငြိမ်သက်လျှပ်စီးဓာတ်ကိုလည်း အလွန်အာရုံခံနိုင်တာကြောင့် ဖြစ်ပါတယ်။
■ (၄) မိုးရွာခြင်းကို ငြိမ်သက်စွာပြုမူသော နွားများ
မိုးမရွာခင် နွားတွေ လဲနေတတ်တယ်လို့ ယူဆဖူးကြပြီး စိုစွတ်မှုမြင့်မားကာ လေဖိအားအေးလာပြီဆိုရင် မြက်တွေစိုစွတ်လာတာကြောင့် နွားတွေက နွေးထွေးခြောက်သွေ့အောင် လဲနေတဲ့သဘော ဖြစ်ပါတယ်။
■ (၅) မိုးကြီးခြင်းကိုခန့်မှန်းနိုင်သော ပုရွက်ဆိတ်
မုန်တိုင်း၊ မိုးများမလာခင်မှာ ပုရွက်ဆိတ်တွေ အများအပြား ပေါ်လာတတ်တာဟာ လေထုဖိအားကျဆင်းခြင်းကို အာရုံခံနိုင်ပြီး ရေကြီးခြင်းမှကာကွယ်ဖို့ အသိုက်ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။
■ (၆) ဖိအားကျဆင်းကိုသိရှိသော ငါးမန်း
မုန်တိုင်း ဟာရီကိန်းတို့မလာခင် သမုဒ္ဒရာထဲမှာ ငါးမန်းတွေဟာ ရေနက်ထဲ သွားကြတာကို သိရှိထားပြီး ဒါဟာ သူတို့ရဲ့ အာရုံခံအင်္ဂါတွေက ရေထဲက လျှပ်စီးနဲ့ ဖိအားပြောင်းလဲမှုကို သိရှိနိုင်တာကြောင့် ရှောင်ရှားတဲ့သဘော ဖြစ်ပါတယ်။
■ (၇) ရာသီဥတုညွှန်ပြသည့် ပျား
ပျားတွေ ပျားအုံနားရှိနေခြင်း အနိမ့်ပျံနေခြင်းတို့ဆိုရင် မိုးလာတဲ့သဘောဖြစ်ပြီး သူတို့ရဲ့ နေထိုင်ပုံက စိုစွတ်မှုအပေါ် မူတည်နေပါတယ်။
Source: Indian Express
Page 88 of 1215