#World_Health
Published 10 May 2026

■ လူငယ်တွေ နားကြပ်အသုံးများလာခြင်းကြောင့် အကြားအာရုံချို့ယွင်းခြင်း အဖြစ်များလာပါတယ်။

■ ကမ္ဘာပေါ်မှာ လူပေါင်း ၁ ဘီလီယံခွဲလောက်ဟာ အကြားအာရုံချို့ယွင်းမှု တစ်မျိုးမျိုး ဖြစ်နေတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

■ ၂၀၂၃ ဖော်ပြချက်တစ်ခုမှာ ဆယ်ကျော်သက်နဲ့ လူငယ် ၁ ဘီလီယံကျော်လောက်ဟာ နားကြပ်တွေ အသုံးပြုခြင်းကြောင့် အကြားအာရုံယိုယွင်းမှု ဖြစ်နိုင်ခြေများနေပါတယ်။

■ ဘေးကင်းစိတ်ချစွာ နားထောင်ဖို့အတွက် ၈၀ ဒက်ဆီဘယ်အောက် အသံထားရှိဖို့ WHO အကြံပြုထားပြီး နားကြပ်အသုံးပြုသူတွေမှာတော့ ဒီကန့်သတ်ချက်ကို ကျော်လွန်သွားနိုင်ကာ ဆူလောင်တဲ့အသံတွေကို နားထောင်တဲ့ကြာချိန်၊ အရေအတွက်တို့ကလည်း သက်ရောက်နေပါတယ်။

■ ကျယ်လောင်တဲ့ ဆူညံသံတွေကြောင့် နားရဲ့အကြားအာရုံဖွဲ့စည်းပုံကို ထိခိုက်စေကာ ဆူညံကြောင့် အကြားအာရုံဆုံးရှုံးခြင်း(NIHL) ခံစားရနိုင်ပါတယ်။

■ ဒီလိုအသံတွေကို အဆက်မပြတ် ထိတွေ့ရာကနေ နားအတွင်းပိုင်းထဲက အမွှေးဆဲလ်တွေ ထိခိုက်လာစေနိုင်ပါတယ်။

■ နားအတွင်းထဲထည့်ရတဲ့ နားကြပ်တွေ အသုံးများလာခြင်းက ပိုဆိုးစေပြီး အတွင်းလမ်းကြောင်းနဲ့ နားစည်တို့ အသံလှိုင်းတွေ လက်ခံမှုကို ထိခိုက်လာစေပါတယ်။

■ ဆူညံသံလျှော့ချပေးတဲ့ နားကြပ်တွေကတော့ သေချာလေးအသုံးပြုရင် ဘေးအန္တရာယ် လျှော့ချနိုင်ပါတယ်။

■ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေအနေနဲ့ အသံနှုန်း ၆၀ ရာခိုင်နှုန်းအောက် မိနစ် ၆၀ ထက်မပိုဘဲ နားထောင်သင့်ပြီး ပုံမှန်အကြားအာရုံကို စစ်ဆေးနေသင့်ပါတယ်။

Source: India Today.