#World_Health
Published 10 May 2026
■ GLP-1 ကုသဆေးတွေဖြစ်တဲ့ ဆယ်မာဂလူတိုက်နဲ့ တီယာဇီပတိုက်တို့ဟာ ဆာလောင်စိတ်ကို လျှော့ချပြီး အစာအိမ်ရှင်းလင်းရေးကို နှေးစေကာ အဝလွန်ခြင်းနဲ့ ဆီးချိုတို့ကို ထိရောက်စွာ ထိန်းချုပ်ပေးပါတယ်။
■ ဒီလိုမျိုး အစားလျှော့စားရာကနေ အာဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။
■ အသက် ၄၂ နှစ်အရွယ် လူနာတစ်ဦးဆိုရင် ဘီ၁၂၊ ဗိုက်တာမင်-ဒီ၊ သံဓာတ်တို့ လျော့နည်းသွားပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်လာပါတယ်။
■ ဒီလိုလူနာတွေအတွက် ဘေးကင်းစိတ်ချရဖို့ ပညာရှင်နဲ့ တိုင်ပင်ကာ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများ စားသုံးပြီး ဖြည့်စွက်အားဆေးတွေ အသုံးပြုသင့်ပါတယ်။
■ GLP-1 ကုသနည်းတွေက သံဓာတ်၊ ကယ်စီယံ၊ ဖောလိတ်၊ ဗိုက်တာမင်-ဘီ၁၂၊ ဗိုက်တာမင်-ဒီတို့ ချို့တဲ့ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
■ အသားဓာတ်ပရိုတိန်း လျှော့စားခြင်းနဲ့ စားသောက်ပုံစံ မမှန်ခြင်းတို့ကလည်း ပိုဆိုးစေနိုင်ပါတယ်။
■ ဒီဆေးတွေ သုံးနေစဉ်မှာ အဆီတစ်ရှူးတွေထဲ ပြောင်းလဲသွားပြီး အဆီပျော်ဝင်ဗိုက်တာမင်တွေ စုပ်ယူမှုကို ယုတ်လျော့စေနိုင်ပါတယ်။
■ ဒီအချက်တွေဖြင့် ကုသမှုခံယူနေစဉ်အတွင်း အာဟာရဓာတ်အခြေအနေကို သေချာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
■ GLP-1 အသုံးပြုနေသူတွေဟာ ပရိုတိန်းမကြွယ်ဝတဲ့ စားစရောတွေကိုပဲ စားချင်နေကြပါတယ်။
■ ဒါကြောင့် ပရိုတိန်းနဲ့ အာဟာရဓာတ် ကြွယ်ဝတဲ့ စားစရာတွေကို နည်းနည်းချင်း မျှတစွာ စားပေးဖို့ လိုအပ်ပါတယ်။
■ ဗိုက်တာမင်-ဘီ၁၂၊ ဗိုက်တာမင်-ဒီတို့ ဖြည့်စွက်ဆေးတွေပါ အသုံးပြုပြီး ကျန်းမာရေးပညာရှင်တွေနဲ့အတူ ထိန်းချုပ်ကုသနိုင်ပါတယ်။
Source: Indian Express.