#World_Health
Published 11 May 2026
■ ကျောက်ကပ်တွေက နေ့စဉ် သွေး ၅၀ ဂါလံ စစ်ထုတ်နေပေမယ့် ရေဓာတ်ခန်းခြောက်တဲ့အခါ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
■ ရေများလွန်းတဲ့အခါမှာတော့ သွေးထဲမှာ ဆိုဒီယံနည်းသွားနိုင်ပါတယ်။
■ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ရေဓာတ်မျှတအောင် ထိန်းသိမ်းဖို့က အရေးကြီးကြောင်း ဒေါက်တာ မာနိုအာရိုရာက ပြောပါတယ်။
■ ကျောက်ကပ်တွေက သွေးထဲက အီလက်ထရိုလိုက်တွေ မျှတအောင် ထိန်းသိမ်းခြင်းအပြင် ဆီးလမ်းကြောင်းရောဂါများ၊ ကျောက်တည်ခြင်းတို့ကိုလည်း ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။
■ ရေသောက်များလွန်းတဲ့အခါ သွေးထဲ ဆိုဒီယံနည်းခြင်းဖြစ်နိုင်ပြီး ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ ကျောက်ကပ်တွေက ရေအများအပြားကို ၂၄ နာရီအတွင်း ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားနိုင်ပေမယ့် အကန့်အသတ်တော့ ရှိပါတယ်။
■ အဆက်မပြတ် ရေဆာခြင်း၊ ဆီးဝါခြင်း၊ ဆီးထွက်နည်းခြင်း၊ အာခြောက်ခြင်း၊ နွမ်းနယ်ခြင်းတို့က ရေဓာတ်မလုံလောက်တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
■ ကော်ဖီ လက်ဖက်ရည်တို့ သောက်လေ့ရှိသူတွေမှာ အရည်ဝင်ရောက်မှုပမာဏထဲ ထည့်သွင်းလို့ရပြီး အချိုရည် သောက်သုံးသူတွေမှာတော့ အချိုဓာတ်များခြင်းက ရေရှည်မှာ ကျောက်ကပ်ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။
■ ရေရှည် ရေဓာတ်မလုံလောက်ခြင်းက ကျောက်ကပ်တွေကို ထိခိုက်နိုင်တာကြောင့် ရေဓာတ်ဖြည့်ပေးခြင်းက ရေရှည်ကျောက်ကပ်ပြဿနာများကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Times of India