#World_Health
Published 11 May 2026

■ နာဆာ(NASA)ကတော့ နျူကလီးယားစွမ်းအင်သုံး အာကာသယာဉ် Space Reactor-1 Freedom (SR-1 Freedom) ထုတ်လုပ်လိုက်ပါပြီ။

■ မားစ်ဂြိုဟ်လေထုနဲ့ မြေပြင်တို့ကို စူးစမ်းမယ့် ရဟတ်ယာဉ်ငယ်အုပ်ကြီး စေလွှတ်ဖို့ရည်ရွယ်ထားတဲ့ Skyfall မစ်ရှင်အတွက် ဒီအာကာသယာဉ်က ပင်မကျောရိုး ဖြစ်လာမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ လွှတ်တင်ဖို့ ပစ်မှတ်ထားပါတယ်။

■ သူ့ရဲ့အဓိကအရာက နျူကလီးယားအီလက်ထရစ်တွန်းကန်အား (NEP)လို့ခေါ်တဲ့ နောက်ဆုံးပေါ် တွန်းကန်အားစနစ် ဖြစ်ပြီး လျှပ်စီးထုတ်လုပ်နိုင်ဖို့ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု အသုံးပြုရပါတယ်။

■ ဒီလျှပ်စစ်ဓာတ်အားက ထိရောက်စွာ ပင့်တင်ပေးပြီး အချိန်ကြာမြင့်တဲ့ အာကာသခရီးစဉ်တွေ သွားနိုင်စေမှာ ဖြစ်ပါတယ်။

■ အာကာသယာဉ်တစ်ခုအတွက် ဒီလိုစနစ်ကို အဓိကပင့်တင်နည်းလမ်းအဖြစ် ပထမဆုံးအသုံးပြုတာ ဖြစ်တယ်လို့ နာဆာတာဝန်ရှိသူတွေ ပြောပါတယ်။

■ NEP စနစ်ဖြင့် အာကာသထဲ အတွင်းကျကျထဲ သွားရောက်နိုင်ဖို့ မျှော်လင့်ရပါတယ်။

■ ဒီစနစ်ဟာ နေရောင်ခြည်ကို မမှီခိုရဘဲ နေစကြဝဠာနဲ့ ဝေးလံတဲ့နေရာမှာတောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

■ SR-1 Freedom အာကာသယာဉ်ဟာ ရဟတ်ယာဉ်အများအပြားကို သယ်ဆောင်မှာ ဖြစ်ပါတယ်။

■ ဒီရဟတ်ယာည်တွေနဲ့ မြေပြင်အနေအထား၊ လေထုအခြေအနေ၊ တည်နေရာများကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

■ သွားလာချိန် လျော့နည်းစေပြီး အာကာသခရီးစဉ် တာဝန်များ လိုသလိုဆောင်ရွက်နိုင်ခြင်းဖြင့် မားစ်ဂြိုဟ်ခရီးစဉ်မှာ အရေးပါတဲ့ကဏ္ဍက ပါဝင်လာမှာ ဖြစ်ပါတယ်။

Source: India Today