အမေရိကန်အစိုးရက တင်သွင်းယာဉ်များအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းသတ်မှတ်ခြင်းကို ဗုဒ္ဓဟူးနေ့က စတင်ဖို့ စီစဉ်ထားရာ ကမ္ဘာ့မော်တော်ယာဉ်ထုတ်လုပ်မှု အများဆုံးဂျပန်ရဲ့ စီးပွားရေးရှုမြင်ချက်နဲ့ ကမ္ဘာ့အခွန်ကင်းလွတ်ကုန်သွယ်ရေးတို့ကို လျော့ကျသွားစေမယ်လို့ ဂျပန်စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါတယ်။
#World_Industry
Published 04 Apirl 2025
#မော်တော်ကားတင်သွင်းမှု #အခွန်စည်းကြပ်ခြင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 04 Apirl 2025
၁။ ဧပြီ ၅ ရက်မှစ၍ အမြန်လမ်းတွင် ရန်ကုန်မှနေပြည်တော်ထိ ယာဉ်ငယ်များ သွားလာနိုင်မည်
၂။ ဂျပန်က အရေးပေါ်ကူညီထောက်ပံ့ငွေ ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်
၃။ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမြန်ရထားများ မနက်ဖန်မှစ၍ ပြန်လည်ပြေးဆွဲမည်
၄။ အမေရိကန်အစိုးရ၏ မော်တော်ကားတင်သွင်းမှုအခွန်စည်းကြပ်ခြင်းသည် ဂျပန်စီးပွားရေးထိခိုက်လာနိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၄ ဧပြီ၂၀၂၅
ရုရှား အကော်ဒီယံပညာရှင် အလက်ဇန်းဒါး ဇာဇူလင် ကို ရှင်းကျန်းမှာ တွေ့ဆုံလိုက်ကြရအောင်။
၁၉၉၁ ခုနှစ်ကတည်းက သူ၏ အကော်ဒီယံပြင်ဆိုင်သည် ကျော်ကြားလာခဲ့ပါတယ်။
နှစ် ၄၀ အတွင်း၊ နိုင်ငံ ၂၀ ကျော်မှ အကော်ဒီံယံ ၈၀၀ ကျော် ကိုသူ စုဆောင်းနိုင်ခဲ့ပြီး သူ၏ ၁,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ပြတိုက်သည် သမိုင်းဝင် အကော်ဒီယံများဖြင့် ပြည့်နှက်နေကာ၊ တစ်ခုချင်းစီတွင် ထူးခြားသော ဇာတ်လမ်းတစ်ပုဒ် ရှိနေကြပါတယ်။
၂၀၁၃ ခုနှစ်တွင်၊ ရုရှားလူမျိုးစု၏ ဘာရန်အနုပညာ ကို ထိန်းသိမ်းခဲ့သည့်အတွက် နိုင်ငံတော်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်သူပညာရှင်အဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။
သမိုင်းကို ထင်ဟပ်နေသည့် သူ၏ သံစဉ်တိုင်းကို ခံစားကြည့်ဖို့ သူ့့ရဲ့ကမ္ဘာထဲ ဝင်ရောက်ကြည့်ရှုကြပါစို့ လား။
Source CGTN
၄ ဧပြီ ၂၀၂၅
ဆဋ္ဌမအကြိမ်မြောက် ဘင်မ်စတက်BIMSTEC အဖွဲ့ (ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်း ပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် ) ထိပ်သီးအစည်းအဝေးကို ယနေ့ ဧပြီလ ၄ရက်မနက်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် စတင်ကျင်းပနေ ပါတယ်။
ထိပ်သီးအစည်းအဝေးကို မြန်မာနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ဘင်စတက်နိုင်ငံ များရဲ့ နိုင်ငံခေါင်းဆောင်များ စုပေါင်းဓါတ်ပုံရိုက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဘင်စတက်ထိပ်သီးအစည်းအဝေးကို ကမကထကျင်းပတဲ့ အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝါတရာက အခြားခေါင်းဆောင်တွေနှင့်ကိုယ်စားလှယ်အဖွဲ့တွေကို နှုတ်ဆက်ခဲ့ပါတယ်။
အဆိုပါထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်တွေမိန့်ခွန်းတွေပြောကြားပြီးတဲ့နောက်ဘင်မ်စတက် ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ် ကို လက်မှတ်ရေးထိုးကြဖို့ရှိနေပါတယ်။
#ymg/knl
#World_News
Published 04 April 2025
▪️ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဘေးကြုံနေရတဲ့ မြန်မာနိုင်ငံသို့ သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောခဲ့ပြီး နိုင်ငံတကာ ရန်ပုံငွေပိုမိုရရှိရေးနဲ့ နိုင်ငံအတွင်း အကူအညီများ အတားအဆီးမရှိ လျင်မြန်စွာ ရောက်ရှိရေးအတွက် တောင်းဆိုလိုက်ပါတယ်။
▪️ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ဟာလည်း ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှု ကတိကဝတ်အတိုင်း လာမယ့်ရက်ပိုင်းအတွင်း သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ "မြေငလျင်ကြောင့် ဒုက္ခခံစားရမှုများကို ပိုမိုဆိုးရွားစေပြီး မုတ်သုံရာသီကလည်း နီးကပ်နေပါတယ်။ ဒီလိုဝမ်းနည်းပူဆွေးဖွယ် အခိုက်အတန့်ကနေ မြန်မာပြည်သူများအတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြရန် ပန်ကြားလိုက်ပါတယ်" လို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
▪️ ပြီးခဲ့တဲ့သောကြာနေ့က ရာစုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ အပြင်းထန်ဆုံးငလျင် လှုပ်ခတ်ခဲ့ရာမှာ လူဦးရေ ၂၈ သန်းနေထိုင်တဲ့ဒေသ ထိခိုက်ခဲ့ပြီး ဆေးရုံလိုမျိုး အဆောက်အအုံတွေ လှုပ်ခတ်၊ လူနေအိမ်တွေ ပြိုကျကာ စားစရာ၊ ရေ၊ ခိုလှုံနေရာမရရှိသူ အများအပြား ရှိနေပါတယ်။
▪️ ကြာသပတေးနေ့အထိ သေဆုံးသူ ၃,၀၈၅ ဦး၊ ဒဏ်ရာရသူ ၄,၇၁၅ ဦး၊ ပျောက်ဆုံးသူ ၃၄၁ ဦးရှိထားတယ်လို့ နစက ဥက္ကဋ္ဌက ပြောထားပါတယ်။
#Source: Reuters
#World_Health
Published 04 April 2025
▪️ Himsနဲ့ Keeps တို့လို အွန်လိုင်းကျန်းမာရေးကုမ္ပဏီတွေဟာ ဆံပင်ကျွတ်ခြင်းပြဿနာ ကုသနည်းနဲ့ပတ်သက်ပြီး ပြောင်းလဲလုပ်ဆောင်လာကြပါတယ်။
▪️ ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့ မားကက်တင်းတွေက ဆံပင်ကျဲခြင်း ခံစားနေရတဲ့ လူငယ်တစ်ဦးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
▪️ အမေရိကန်တပ်ကြပ်ဟောင်းဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် မာ့ခ်မီလစ်ချ်ဟာ Hims.comမှာ မေးခွန်းများဖြေဆိုပြီးနောက် finasterideဆေးတစ်ပုလင်း မှာယူခဲ့ပါတယ်။
▪️ သိပ်မကြာခင်မှာ သောကစိတ်ဖြစ်ခြင်း၊ မူးဝေခြင်း၊ စကားမပီခြင်းတို့ စဖြစ်လာပြီး ပိုဆိုးရွားလာပါတယ်။
▪️ သူ့ရဲ့ လိင်စိတ်ဆန္ဒကျဆင်းလာကာ ကျားအင်္ဂါများကျုံ့လာပြီး ပုံသဏ္ဍာန် ပြောင်းလဲလာပါတယ်။
▪️ Propeciaအမှတ်တံဆိပ်ဖြင့် ရောင်းချတဲ့ finasterideဟာ ၁၉၉၇တည်းက အမျိုးသားများ ဆံပင်ကွက်ခြင်းအတွက် ဆေးညွှန်းပေးခဲ့ကြပါတယ်။
▪️ ဆံပင်ပြန်ပေါက်ခြင်းကို ထိရောက်စွာ ပေးစွမ်းသလို လိင်မှုကိစ္စစွမ်းရည်ချို့ယွင်းခြင်း၊ စိတ်ဓာတ်ကျခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။
▪️ ဒီလိုဆိုးကျိုးတွေအကြောင်း ဆေးမှာဖော်ပြထားဖို့ FDAက ပြောထားပါတယ်။
▪️ ဒါပေမဲ့ အွန်လိုင်းကျန်းမာရေး ဝန်ဆောင်မှုတွေကတော့ ကြော်ငြာတွေမှာ ဘေးထွက်ဆိုးကျိုးတွေအကြောင်း ဖော်ပြဖို့ သိပ်ပြီးတာဝန်ရှိမနေပါဘူး။
▪️ လော့စ်အိန်ဂျလိစ် Cedars-Sinai ဆေးခန်းမှ ဆီးလမ်းကြောင်းဆရာဝန် ဒေါက်တာ ဂျပ်စတင်ဟော်မန်းက finasterideအသုံးပြုပြီး လိင်မှုကိစ္စပြဿနာကြောင့် လာပြတဲ့လူငယ်တွေ များလာပြီး လူငယ်တွေ သောက်သုံးရန်မသင့်ဘူးလို့ ပြောသွားပါတယ်။
▪️ မီလစ်ချ်နဲ့ အချို့လူတွေဟာ ဒီဆေးက ဒီလိုဘေးအန္တရာယ်တွေ ရှိတဲ့အကြောင်းကို သေချာမသိခဲ့ကြဘူးလို့ ယူဆရပါတယ်။
▪️ Himsမှာ ၂ နှစ်အလုပ်လုပ်ခဲ့တဲ့ ဒေါက်တာ ဂျိုနသန်ဒေလီက ကုမ္ပဏီဟာ ဆေးမှာယူမယ့်လူတွေ များနိုင်သမျှများအောင်သာ ညွှန်းကြတယ်လို့ ပြောသွားပါတယ်။
#Source: New York Post
#World_Health
Published 04 April 2025
▪️ ကိုလက်စ်ထရောလ် မြင့်မားခြင်းအခြေအနေက ကျန်းမာရေး ဆိုးဆိုးရွားရွား ဖြစ်မလာခင်အထိ လက္ခဏာမပြတတ်ဘဲ အသံတိတ် ဒုက္ခပေးနေပါတယ်။
▪️ ဒါပေမဲ့ အချို့သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေတော့ ဂရုပြုနိုင်ပြီး အထူးသဖြင့် လမ်းလျှောက်တဲ့အခါ ခြေထောက်တွေမှာ သိသာနိုင်ပါတယ်။
▪️ ကိုလက်စ်ထရောလ်က အဆီအစုအပြုံတွေဖြစ်ပြီး သွေးကြောတွေမှာ ပိတ်ဆို့ကာ သွေးလည်ပတ်မှု အားနည်းစေသဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေပါတယ်။
▪️ ကိုလက်စ်ထရောလ် များခြင်းကြောင့် ခြေထောက်တွေမှာ သွေးစီးဆင်းမှုမကောင်းတော့ဘဲ အောက်ပါပြဿနာများ ဖြစ်လာနိုင်ပါတယ်။
(၁) ခြေထောက်နာခြင်း၊ ကြွက်တက်ခြင်း
▪️ ခြေဖျားလက်ဖျားတွေမှာ သွေးရောက်ရှိမှုနည်းပြီး အထူးသဖြင့် ခြေသလုံး၊ ပေါင်၊ တင်ပါးတို့မှာ အောင့်တတ်ကာ လမ်းစလျှောက်တဲ့အခါ ခံစားရတတ်ပါတယ်။
(၂) ခြေထောက်ထုံကျဉ်ခြင်း၊ စူးရှခြင်း
▪️ သွေးလည်ပတ်မှုနည်းသဖြင့် ခြေထောက်နဲ့ ခြေဖဝါးတို့မှာ ထုံကျဉ်ခြင်း၊ စူးရှခြင်းတို့ ဖြစ်နိုင်ပြီး ကြာကြာလျှောက်နေရင် ပိုဆိုးလာတတ်ပါတယ်။
(၃) ခြေထောက်အေးစက်ခြင်း အရောင်မရှိခြင်း
▪️ ပုံမှန်ထက် ခြေထောက်အေးစက်လာပြီး အောက်ဆီဂျင်သွေး ကောင်းစွာမရောက်တာကြောင့် ခြေမတွေ အရောင်ဖျော့လာပါတယ်။
(၄) ခြေထောက်အားနည်းခြင်း၊ လေးလံခြင်း
▪️ သွေးကြောတွေမှာ အဆီစုပြုံပြီးတော့ ကြွက်သားတွေထံ အောက်ဆီဂျင်အရောက်နည်းကာ လမ်းလျှောက်တဲ့အခါ ခြေထောက်အားနည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။
(၅) ခြေထောက်တွင် ဒဏ်ရာသက်သာမှုနှေးခြင်း
▪️ ကောင်းစွာ သွေးမလည်ပတ်တာကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကျက်ဖို့ကြာပြီး ရောဂါပိုးဝင်ရောက်တတ်ပါတယ်။
(၆) ခြေကျင်းဝတ်နှင့်ခြေထောက် ဖောရောင်ခြင်း
▪️ ကိုလက်စ်ထရောလ်များတဲ့အခါ အရည်ထိန်းသိမ်းမှုကို ထိခိုက်ပြီး ကြာကြာလမ်းလျှောက် မတ်တပ်ရပ်တဲ့အခါ ခြေထောက်အောက်ပိုင်းနဲ့ ခြေကျင်းဝတ်တွေမှာ ဖောရောင်လာတတ်ပါတယ်။
(၇) ခြေထောက်ပူလောင်သလိုခံစားရခြင်း
▪️ ကိုလက်စ်ထရောလ်များသူတွေ၊ ဆီးချိုရှိသူတွေဟာ လမ်းလျှောက်ပြီးတဲ့အခါ ဒါမှမဟုတ် ညဘက်မျိုးမှာ ခြေထောက်ပူလောင်သလို ခံစားရပါတယ်။
▪️ လမ်းလျှောက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကို စောစီးစွာသိရှိပါက ဆေးကုသမှုများ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် အချိန်မီ ထိန်းသိမ်းနိုင်ပါတယ်။
▪️ ကိုလက်စ်ထရောလ် မြင့်မားခြင်း လက္ခဏာများ ထိန်းချုပ်နိုင်မယ့် ပုံစံတွေကတော့..
- နှလုံးကျန်းမာရေးအတွက် သင့်လျော်မယ့် အစားအစာများ စားသုံးခြင်း
- လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အဆီပိုများလျှော့ချကာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
- ဖိစီးမှုလျှော့ချခြင်း
- ပုံမှန်ကျန်းမာရေးဆေးစစ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
#Source: DoctorNDTV
Page 92 of 1007