#World_News
Published 02 April 2026
■ ဂျာမနီကနေ အမေရိကန်တပ်သား ၅ ထောင် တပ်ဆုတ်ဖို့ သမ္မတဒေါ်နယ်ထရမ့် ညွှန်ကြားလိုက်ပါတယ်။
■ လက်ရှိဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ထောက်ပံ့ကူညီ သဘောထား ကွဲလွဲမှုများအပေါ် အမေရိကန်နဲ့ ဂျာမနီ၊ နေတိုး(NATO) မဟာမိတ်များကြား တင်းမာမှု မြင့်တက်နေချိန် ဖြစ်ပါတယ်။
■ အမေရိကန်က ဥရောပမှာ တပ်အင်အားတွေ ဖြည်းဖြည်းချင်း လျှော့ချသွားပြီး ဥရောပကတော့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ကိုယ်တိုင်၌သာ တာဝန်ယူစေဖို့ ဗျူဟာပြောင်းလဲနေတယ်လို့ ပင်တဂွန်က ပြောထားပါတယ်။
■ အီရန်ပဋိပက္ခအပေါ် ထရမ့်ကိုင်တွယ်ပုံကို ဂျာမနီနိုင်ငံ့အကြီးအကဲ ဖရိုင်းဒရစ်မာ့ဇ် ဝေဖန်ပြီးနောက် ခဏအကြာမှာပဲ ထရမ့်ကြေညာလိုက်တာ ဖြစ်ပါတယ်။
■ ဂျာမနီက လက်ရှိမှာ အမေရိကန်တပ်သား ၃၆,၀၀၀ ကျော် နေရာချထားပြီး ဥရောပမှာ အကြီးမားဆုံး အမေရိကန်အခြေစိုက်နေရာ ဖြစ်ပါတယ်။
■ ဒီတပ်တွေက အရှေ့အလယ်ပိုင်းသို့ အမေရိကန်အင်အား တိုးချဲ့ရေးအတွက် အရေးပါနေပါတယ်။
■ ဂျာမနီမှ တပ်ဆုတ်ခွာမှုက လာမယ့် ၆ လမှ ၁၂ လအတွင်း အပြီးသတ်ဖို့ရှိတယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်အကြီးအကဲ ရှောင်ပါနယ်က ပြောပါတယ်။
■ ရိုမေးနီးယားမှာ လျှော့ချပြီးဖြစ်သလို စပိန်၊ အီတလီတို့ကနေလည်း လျှော့ချသွားဖွယ် ရှိပါတယ်။
■ နိုင်ငံရေးတင်းမာမှုများ ဆက်ရှိနေပေမယ့် ဂျာမနီခေါင်းဆောင်တွေက အမေရိကန်နဲ့ ဆက်လက်ပူးပေါင်းသွားဖို့ ကြိုးပမ်းနေပါတယ်။
■ တပ်အင်အား ပြန်လည်ဖြန့်ကျက်ရေးဗျူဟာက ဥရောပသာ မဟုတ်ဘဲ ကမ္ဘာ့အနောက်ဘက်ခြမ်းနဲ့ အင်ဒိုပစိဖိတ်ဒေသတို့အတွက်လည်း ပါဝင်ပါတယ်။
Source: WION