#World_Health
Published 02 May 2026
■ ကမ္ဘာပေါ်က အဆိပ်ဆူးဆုံး သတ္တဝါတွေထဲမှာ နဂျီကောင်၊ နကျယ်ကောင်၊ ပင်လယ်ရေခူတို့ ထိပ်ဆုံးမှာ ပါဝင်ပါတယ်။
■ အရီဇိုးနားမှ အင်းဆက်ပညာရှင် ဂျက်စတင်ရှမစ်က အင်းဆက်မျိုးကွဲပေါင်း ၁၀၀ နီးပါး ကိုက်ခံပြီးတော့ သုံးသပ်စစ်ဆေးခဲ့ပါတယ်။
■ အဆိပ်ဆူးတွေကို နာကျင်မှုပမာဏ ၄ မျိုးခွဲခြားခဲ့ရာမှာ ပြင်းထန်တဲ့နာကျင်မှုဖြစ်တဲ့ ကျည်ဆံပုရွက်ဆိတ်၊ မျက်စိပြူးလောက်တဲ့ ပင့်ကူနကျယ်၊ နှိပ်စက်ခံစားရလောက်တဲ့ စစ်သည်နကျယ်ကောင်ဆိုပြီး ခွဲခြားခဲ့ပါတယ်။
■ ရှမစ်က ၂၀၂၃ မှာ ပါကင်ဆန်ရောဂါ နောက်ဆက်တွဲဝေဒနာတွေကြောင့် ဆုံးပါးသွားခဲ့ပေမယ့် ယူကျူ့နဲ့ တောရိုင်းပညာရှင် ကိုရုတ်ပီတာဆန်က သုတေသနတွေကို ဆက်လုပ်ခဲ့ပါတယ်။
■ ဒီထဲမှာမှ ဂျပန်ဧရာမနဂျီကောင်တွေဟာ ကိုက်ခံရတဲ့အခါ အဆိုးရွားဆုံးလို့ ပြောပြပါတယ်။
■ နာကျင်မှုက ၁၂ နာရီကြာအောင် ခံရပြီး အသားတွေ ပဲ့ထွက်လောက်တဲ့အထိ နာကျင်ရကာ အမာရွတ်ရှိနေဆဲလို့ ရှင်းပြခဲ့ပါတယ်။
■ ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ပင်လယ်ရေခူ ကိုက်ခံရသူ သန်း ၁၅၀ ခန့်ရှိနေကာ အီရူကန်ဂျီပင်လယ်ရေခူဆိုရင် အရှောင်ရှားသင့်ဆုံး သတ္တဝါထဲ ပါဝင်ပါတယ်။
■ ဒီသတ္တဝါလေးတွေ ကိုက်တာက သိပ်ပြီးမနာကျင်ပေမယ့် အီရူကန်ဂျီရောဂါ ဖြစ်စေနိုင်ကာ အရေးပေါ်ကုသမှုလိုအပ်နိုင်ပြီး အချို့လူတွေမှာဆိုရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တယ်လို့ ဆိုပါတယ်။
■ စစချင်းမှာ ပင်ပန်းနွမ်းနယ်ပြီးနောက် ကျောက်ကပ်ကိုက်ခဲခြင်း၊ ချွေးထွက်များခြင်း၊ အော့အန်ခြင်းတို့ ခံစားရနိုင်ပါတယ်။
■ လူနာတွေဟာ နာကျင်လွန်းတဲ့အတွက် ဆရာဝန်တွေရှေ့မှာ သေလောက်အောင် ခံစားရကြောင်း ဖွင့်ဟခဲ့ကြတယ်လို့ ပင်လယ်ရေခူ သုတေသီ လီဆာအန်းဂျာရွှင်းက ပြောပါတယ်။
Source: AOL.