#World_Health
Published 02 May 2026

■ ဗိုက်တာမင်တွေကို သောက်သုံးလို့ ဘာမှမဖြစ်ဘူးလို့ လူအများယူဆကြပါတယ်။

■ ဒါပေမဲ့ ဗိုက်တာမင်တွေ ဖြည့်စွက်ဆေးတွေ များလွန်းရင် ဘေးအန္တရာယ်တွေ ရှိနိုင်တယ်လို့ မီချီဂန်ဆေးတက္ကသိုလ်မှ ဆေးဘက်ဆိုရင်ရာပရော်ဖက်ဆာ ရောဘတ်ဂျေဖွန်တာနာက ပြောပါတယ်။

■ ဖြည့်စွက်ဆေးတွေဆိုတာဟာ ကျန်းမာရေးအတွက် ကြော်ငြာဈေးကွက်တွေဖြစ်ပြီး ဆေးထုတ်ကုန်တွေ မဟုတ်ဘူးလို့ ဘော့စတွန်ဆေးဘက်ဆိုင်ရာဌာနမှ အာဟာရပညာရှင် အိုလီဗီယာသောမတ်စ်က ပြောပါတယ်။

■ ဖြည့်စွက်ဆေးဆိုတာက အာဟာရကွာဟချက်ကို ဖြည့်ဆည်းသင့်တယ်လို့ ဆိုပါတယ်။

■ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေရဲ့ ဘေးကင်းစိတ်ချမှုတွေကို စမ်းသပ်သင့်တယ်လို့ ပြောထားပါတယ်။

■ ဗိုက်တာမင်ဓာတ်တွေ များလွန်းရင် ရောဂါလက္ခဏာတွေ ခံစားရတတ်တယ်လို့ သောမတ်စ်က ရှင်းပြပါတယ်။

■ (၁) ရင်ဘတ်အောင့်ခြင်း
ဒီပစ္စည်းတွေက သွေးပေါင်ချိန် မြင့်တက်နိုင်ပြီး နှလုံးရောဂါအခံရှိသူတွေအနေနဲ့ ဒါတွေကို သိထားသင့်တယ်လို့ ပြောပါတယ်။

■ (၂) အရေပြားယားယံခြင်း
ဗိုက်တာမင်သောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက အရေပြားယားယံခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

■ (၃) ဆီးနှင့်အရေပြား အရောင်လျော့ခြင်း
ဆီးက အရောင်မည်းပြီး အရေပြား ဝါလာကာ အသည်းထိခိုက်တဲ့လက္ခဏာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဖွန်တာနာ ရှင်းပြပါတယ်။

■ (၄) မူးဝေခြင်း
သံဓာတ်များလွန်းတဲ့အခါ သွေးပေါင်ချိန်ကျပြီး ပါးစပ်ထဲ သတ္တုအရသာ ဖြစ်ပေါ်တတ်ပါတယ်။

■ (၅) အစာအိမ်အူလမ်းကြောင်း ပြဿနာများ
ဗိုက်တာမင်-စီ များလွန်းရင် ဝမ်းလျှောခြင်း၊ အစာအိမ်မကောင်းခြင်း၊‌ အော့အန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

■ ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်တာမင်ဖြည့်စွက်ဆေးတွေ အသုံးပြုမယ်ဆိုရင် ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

Source: AOL