#World_Health
Published 03 May 2026

■ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နိုင်ယာဆင်လို့ခေါ်တဲ့ ဗိုက်တာမင်-ဘီ၃ ဖြည့်စွက်ဆေးတွေဟာ ကိုလက်စထရောထိန်းချုပ်စေနိုင်ပြီး သက်ရှည်ကျန်းမာစေတယ်လို့ တွေ့ရှိတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် အများအပြား သုံးစွဲခဲ့ပါတယ်။

■ နှစ်ပတ်အကြာမှာ အလွန်အမင်း နီမြန်းယားယံခြင်း၊ မူးဝေခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ ခံစားခဲ့ရပြီး ပင်ပန်းနွမ်းနယ်လွန်းတဲ့အတွက် ဆေးရုံရောက်လာပါတယ်။

■ စမ်းသပ်စစ်ဆေးခဲ့ရာမှာ အသည်းအင်ဇိုင်းများနဲ့ သွေးတွင်းဂလူးကို့စ် မြင့်တက်နေခဲ့ပါတယ်။
လတ်တလောမှာ ဗိုက်တာမင်-ဘီ၃ကို အိုမင်းဆန့်ကျင်နိုင်စွမ်းအပြင် သက်ရှည်ကျန်းမာစေဖို့အတွက်လည်း လူအများပြောနေကြပါတယ်။

■ နိုင်ယာဆင်က ရေပျော်ဝင်ဗိုက်တာမင်ဖြစ်ပြီး အစားအစာကို စွမ်းအင်ပြောင်းလဲပေးခြင်း၊ အရေပြား အာရုံကြော အစာခြေခြင်းတို့ကို ထိန်းသိမ်းပေးခြင်းတို့အပြင် ဖိစီးမှုတုံ့ပြန်ခြင်းတို့အတွက်လည်း အရေးကြီးပါတယ်။

■ အသက်အရွယ်အရ NAD+ ပမာဏကျဆင်းလာတဲ့အခါ သက်ကြီးရောဂါတွေ ဖြစ်လာစေပြီး နိုင်ယာဆင်က ဒါကိုပြန်လည်မြှင့်တင်ပေးကာ အိုမင်းရင့်ရော်ခြင်းကို ဆွဲဆန့်ပေးဖွယ်ရှိပါတယ်။

■ ဒါ့အပြင် အရေပြား ကာကွယ်လုပ်ဆောင်ချက် တိုးတက်စေကာ ရောင်ရမ်းမှု လျှော့ချပေးခြင်းမှာလည်း အသုံးများပါတယ်။

■ ဒါပေမဲ့ နိုင်ယာဆင်ကို အလွန်အကျွံ အသုံးပြုတဲ့အခါ အရေပြားနီမြန်ခြင်း၊ ယားယံခြင်း၊ အသည်းအဆိပ်သင့်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ပြဿနာဖြစ်ခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

■ လူအများစုအနေနဲ့ နိုင်ယာဆင် ချို့တဲ့ခြင်းမရှိဘဲ ဖြည့်စွက်ဆေးအသုံးမပြုသင့်ဘဲ ပုံမှန်အတိုင်း ညီညွတ်မျှတစွာ စားသုံးပေးပါက အလွယ်တကူ ရရှိနိုင်ပါတယ်။

Source: Indian Express